ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ (ထိုင်း-မြန်မာ) ချစ်ကြည်ရေး တံတားထိပ်မှ မဲဆောက်ဈေးသို့ လိုင်းပြေးဆွဲနေသော မော်တော်ယာဉ်ငယ်လိုင်းမှ ယာဉ်အစီး ၃၀၀-ခန့်တို့သည် ယနေ့နံနက်စောစောပိုင်းမှစပြီး ဆန္ဒပြနေကြခြင်းဖြစ်သည်။ ဆန္ဒပြရ ခြင်း အကြောင်းရင်းမှာ မြ၀တီဘက်မှ မှန်လုံကားများသည် လူနှင့် ကုန်ပစ္စည်းများ သယ်ဆောင်ပြီး အစုန်အဆန်ခေါက်တုံ့ပြန်ကာ
လိုင်းဆွဲနေသောကြောင့် မိမိတို့ ယာဉ်ငယ်လိုင်းမှာ ခရီးသည်နှင့် ကုန်သယ်ပို့မှု ထိခိုက်ရကြောင်း မဲဆောက်မော်တော်ယာဉ်ငယ် အသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။ မြ၀တီဘက်မှ မှန်လုံကား ပုံစံမျိုးစုံတို့သည်။ မဲဆောက်မြို့လယ်ရှိ ဟိုလုံကုန်တိုက် အနီးနှင့် ၀ပ်ချုံဖုန်း ဘုရားအနီးလမ်းကြားတွင် ဂိတ်ထိုးကာ မြ၀တီနှင့် မဲဆောက်သို့ အစုန်အဆန်ခေါက်တုံ့ပြန်သွားလာနေခြင်း ဖြစ်သည်။ ထိုသို့ လူနှင့်ကုန်တင်ရာတွင် လူတစ်ဦးနှက် လက်တပွေ့ပစ္စည်းတင်လျှင် ပတ်စ်ပို့ဖြစ်စေ အလုပ်သမားလက်မှတ်ဖြစ်စေ ရှိပါက ဘတ် (၇၀)နှုန်း၊ ဘတ် (၁၀၀)နှုန်း နှစ်စားရှိပြီး၊ ဘာလက်မှတ်မှမရှိလျှင် တစ်ဦးလျှင် ဘတ် (၁၅၀)နှင့် ဘတ် (၂၀၀)နှုန်း၊ အိမ်ရှေ့အရောက်လာခေါ်ရလျှင် လူတစ်ကိုယ်နှင့် လက်တပွေ့ပစ္စည်းပါပါက ဘတ်(၃၀၀)နှုန်း စသည်ဖြင့် အစားစားယူကာ ပြေးဆွဲ နေကြခြင်းဖြစ်သည်။ အဆိုပါ မှန်လုံကားများသည် မြ၀တီဘက်မှ စရဖ (စစ်ဖက်လုံခြုံရေးဌာန)နှင့် ငွေကြေးအားဖြင့်ရော၊ သတင်း အားဖြင့်ပါ ဆက်နွယ်မှုများ ရှိနေသဖြင့် မဲဆောက်အခြေစိုက် အတိုက်အခံအဖွဲ့အစည်းအချို့က ယင်းလိုင်းကားများကို အသေ အချာစောင့်ကြည့်နေသည်မှာ နှစ်အနည်းငယ်ကြာခဲ့ပြီဖြစ်သည်။ (သို့ရာတွင် အဆိုပါ မှန်လုံကားများကို အစီးများသည်မှာ မြန်မာ အလုပ်သမားများနှင့် ကုန်သည်ပွဲစားများ ဖြစ်နေခြင်းကြောင့် ရောင်တော်ပြန်လူအရောအနှောများ ပါနေလင့်ကစား လေ့လာစောင့်ကြည့်ရုံမှလွဲ၍ အခြားဆောင်ရွက်မှု တစုံတရာကို မတွေ့ရချေ….)
သတင်းမှတ်တမ်း …. မြန်မာပြည်သား

No comments:
Post a Comment