သားဖြစ်သူမှာ ကျောင်းသွားရန် ပျင်းလွန်းလှသဖြင့် ဆန်းဒါးလန်းနည်းပြဟောင်းဖြစ်သူ ရွိုင်ကိန်းက ၄င်း၏ သားအား ဆုံးမနေသည်။ သို့ရာတွင် တစ်ရက်ပြောလည်းမရ၊ နှစ်ရက်ပြောလည်းမရဘဲ သားဖြစ်သူမှာ ကျောင်း ပြေးနေဆဲဖြစ်သည်။
ထို့ကြောင့် တစ်နေ့တွင် သားဖြစ်သူအားခေါ်ပြီး…“ဟေ့ကောင်… မင်းကွာကျောင်းတက်တာများပျင်းလွန်းလို့… ငါစိတ်တောင်ပျက်လာပြီ။ အမေရိကန်သမ္မတဖြစ်ဖူးတဲ့ လင်ကွန်းဆိုရင် မင်းအရွယ်မှာ ၁၀-မိုင်ဝေးတဲ့ကျောင်းကို နေ့တိုင်းအသွားအပြန်တက်တယ်ကွ။ အား မကျဘူးလား…”
ထိုအခါ သားဖြစ်သူက စိတ်ဆိုးမာန်ဆိုးဖြင့် “အဖေကလည်းဗျာ။ အဖေ့အရွယ်မှာဆို လင်ကွန်းက သမ္မတ တောင်ဖြစ် နေပြီ ဗျ…”

မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ….။
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment