တစ်နေ့တွင်အာဆင်နယ်ကလပ်အသင်းမှကစားသမားဖြစ်သူ ဘန်တနာကခွေးလေးနှင့်
လမ်းလျှောက်ထွက်လာရာ လမ်း၌တွေ့သော ၄င်း၏မိတ်ဆွေက “ဟေ့ကောင်… ခွေးလေးက
ချစ်စရာလေးပါလားကွ…”
“ ဒီကောင်လား… ချစ်စရာကောင်းသလို အရမ်းလည်း အံ့သြဖို့ကောင်းတယ်ကွ…”
“ ဆိုစမ်းပါဦး…”
“ ဒီခွေးက ငါ့ရဲ့ဘောလုံးလေ့ကျင့်ဘက်ပေါ့ကွာ။ ငါဂိုးသွင်းကျင့်ရင်လည်း ဘေးမှာအမြဲရှိ
နေတယ်ကွ။ ငါဂိုးသွင်းလို့ လွဲသွား ရင်များ ဟို “လူ” ရယ်တဲ့အတိုင်း တဟားဟားနဲ့တောင်
အော်ရယ်တယ်ကွ…”
“ ဟုတ်လား။ ထူးဆန်းတယ်နော်။ ဒါနဲ့နေပါဦး။ ဂိုးဝင်ရင်ကော သူကဘယ်လိုလုပ်လဲကွ…။”
ထိုအခါဘန်တနာက တစ်ချက် စဉ်းစားပြီး “မသိသေးဘူးကွ။ သူငါ့ဆီရောက်တာ တစ်နှစ်ပဲရှိသေးတယ်…။”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…။
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment