ယနေ့သည် ကမ္ဘာ့ကုလသမဂ္ဂမှ ဂုဏ်ပြုသတ်မှတ်ပေးထားသော “နိုင်ငံတကာအမျိုးသမီးများနေ့” ဖြစ်သည်။ ဤနေ့ ဤရက်ပေါ်ပေါက်လာပုံမှာ (၁၉၀၈)ခုနှစ် မတ်လ ၈ရက်နေ့တွင် အမေရိကန်ပြည်၌ အမျိုးသမီးအလုပ် သမား ၁၅၀၀၀ ယောက်တို့သည်
အလုပ်ချိန် တနေ့ ၈-နာရ်ီဖြစ်စေရေးအတွက် ချီတက်ဆန္ဒပြခဲ့ကြသည၊ ထို့နောက် ၁၉၇၅-ခုနှစ် ကမ္ဘာ့ကုလသမဂ္ဂတွင် ထိုနေ့ (မတ်လ ၈ရက်နေ့လှုပ်ရှားမှု)ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတကာအမျိုးသမီးများနေ့ သတ်မှတ်ကာ ကမ္ဘာနှင့်တ၀ှမ်း အထိမ်းအမှတ်အခမ်းအနားများ ကျင်းပလာကြခြင်း ဖြစ်သည်။ ကမ္ဘာ့မိသားစုဝင် နိုင်ငံပေါင်း (၂၀၈)နိုင်ငံတွင် တစ်နိုင်ငံဖြစ်သော မိမိတို့ မြန်မာပြည်တွင်းမှ အမျိုးသမီးများသည်လည်းကောင်း၊ မြန်မာပြည်ပြင်ပမှ အမျိုးသမီးများသည်လည်းကောင်း၊ မိမိတို့အခွင့်အရေးအတွက် တိုက်ပွဲဝင်အောင်ပွဲရယူနိုင်ကြပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။
ပင်ပန်းသရွေ့- ဘ၀င်ချမ်းမြေ့ကြပါစေ…..။
မြန်မာပြည်သား စာစောင်နှင့် ဘလော့ဂ် ၀ိုင်းတော်သားများ…

No comments:
Post a Comment