Sky Sports သတင်းဌာန၏ ဖော်ပြမှုအရ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒေးဗစ်ဘက်ဟမ်းသည် အေစီမီ လန်တွင် ဆက်ကစားနိုင်ရန် သေချာသွားပြီဟု သိရှိရသည်။ အသက်(၃၃)နှစ်အရွယ် ဘက်ဟမ်းသည် အမေရိ ကန်ကလပ် လော့စ်အိန်ဂျလိစ်ဂလက်ဆီမှ အီတလီထိပ်သီး အေစီမီလန်တွင် အငှားလာကစားနေပြီး ၎င်း၏ အငှားသက်တမ်းမှာ မတ်လ(၉)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။
Sky Sports၏ သတင်းထောက်ချူပ် ဘရိုင်ယန်ဆွမ်ဆန်၏ သတင်းပေးပို့မှုတွင် ဘက်ဟမ်းသည် မီလန်မြို့ ဆန်စီရိုကွင်းကြီးတွင် ဆက်ရှိနေစေရေး အီတလီကလပ်၏ မျှော်လင့်ချက်မှာ ပြည့်ဝခဲ့ပြီဖြစ်ပြီး အင်္ဂလန်စတားအနေနှင့် အနည်းဆုံး (၂၀၀၉)ခုနှစ်၊ ဇွန်လအထိ အီတလီမြေတွင် ဆက်ရှိနေမည်ဟုဆိုသည်။ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲ ဒုတိယရာသီဝက် စတင်သည့်အချိန်အထိ ဘက်ဟမ်းအား ဥရောပတွင် ဆက်ကစားခွင့်ပေးရန် ဂလက်ဆီက သဘောတူလိုက်ကြောင်း ဆွမ်ဆန်၏ သတင်းပေးပို့ချက်တွင် ဖော်ပြပါရှိသည်။ မီလန်သည် ဘက်ဟမ်းအား ကာလတိုအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် ဘက်ဟမ်း၏ အသင်းအတွက် စွမ်းဆောင်မှုများကို အထင်ကြီးလေးစားလာပြီး ၎င်းကိုဆက်ခေါ်ထားရန် ကြိုးပမ်းရာမှ ဂလက်ဆီနှင့် အငြင်းပွားမှုများ ဖြစ်လာခဲ့ရသည်။ သို့သော်လည်း ကာယကံရှင် ဘက်ဟမ်းကိုယ်တိုင်က မီလန်တွင် ဆက်ကစားချင်သည်ဟု ၀န်ခံခဲ့ပြီးနောက် ဂလက်ဆီက နောက်ထပ်(၃)လကျော် ဆက်ကစားရန် ခွင့်ပြုခဲ့သည်။ ယခုအခါ ဘက်ဟမ်းအနေနှင့် (၂၀၁၀)ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် နည်းပြဖေဘီယို ကာပယ်လိုရွေးချယ်သည့် အင်္ဂလန်အသင်း လူစာရင်းတွင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းရရှိသည်။
+++ Glamour မျက်နှာဖုံးရှင်အဖြစ်မှ လွဲခဲ့ရသဖြင့် လင်ဆေးလိုဟန် မကျေမနပ်ဖြစ်နေ….
လင်းဆေးလိုဟန်တစ်ယောက် ကေတီဟုမ်းလ်အား မကျေမချမ်းဖြစ်နေကြောင်း သိရသည်။ အသက်(၂၂)နှစ်အရွယ် အဆိုတော်မင်းသမီးလေးသည် အမေရိကန်ထုတ် Glamourမဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံများ ရိုက်ပေးပြီးမှ အတွင်းစာမျက်နှာသို့ ရောက်ရှိသွားသဖြင့် ဒေါသထွက်နေသည်ဟုဆိုသည်။ ဧပြီလထုတ် မဂ္ဂဇင်းစာမျက်နှာတွင် လင်းဆေးအနေနှင့် မက်ဒေါနားပုံစံမျိုး ဖြူလွလွဝတ်စုံနှင့် အသေအချာ ဓာတ်ပုံရိုက်ထားသော်လည်း မျက်နှာဖုံးအတွက် ကေတီဟုမ်းလ်ကိုသာ ရွေးချယ်လိုက်ခြင်းအား စိတ်ဆိုးနေကြောင်း သူမနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းကဆိုသည်။လင်းဆေးသည် (၁၉၈၄)ခုနှစ်က မက်ဒေါနားတင်ဆက်ခဲ့သည့် MTVအစီအစဉ် Like A Virginမှ ပုံစံအတိုင်း အဖြူရောင် သတို့သမီးဝတ်စုံနှင့် ကျောက်မျက်ရတနာများ ဆင်မြန်းကာ ဓာတ်ပုံအရိုက်ခံထားသော်လည်း မျက်နှာဖုံး အတင်မခံခဲ့ရဟု သိရှိရသည်။ သို့သော်လည်း မဂ္ဂဇင်းဘက်မှပြောကြားခဲ့တွင် ယခင်ကတည်းက လင်းဆေးအား မျက်နှာဖုံးတင်ရန် စီစဉ်မထားဘဲ သူမအနေနှင့် နားလည်မှု လွဲမှားခဲ့ခြင်းသာဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ၎င်းတို့အနေနှင့် လင်းဆေးကို မျက်နှာဖုံးတင်ဖို့ စိတ်ကူးလုံးဝမရှိသေးကြောင်း ငြင်းဆိုခဲ့သည်။ လင်းဆေးလိုဟန်နှင့် ငြိမလိုဖြစ်သော ဟောလီးဝုဒ်Celebrityမှာ ကေတီဟုမ်းလ်အနေနှင့် ပထမဆုံးမဟုတ်ဘဲ မကြာသေးမီကလည်း လင်းဆေးနှင့် စကားလက်ဂျိုဟန်ဆန်တို့ ထိပ်တိုက်တွေ့မလို ဖြစ်ခဲ့သေးသည်။ ထိုစဉ်က လင်းဆေးသည် သူမအား စကားလက်နှင့် ခိုင်းနှိုင်းမှုကို လုံးဝမနှစ်မြို့ကြောင်း ပြောကြားခဲ့သည်။ အချို့သော သတင်းများအရ လင်းဆေးလိုဟန်သည် နယူးယော့ခ်မြို့ နိုက်ကလပ်တစ်ခု၏ ရေချိုးခန်းနံရံတွင် စကားလက်၏ ရုပ်ပြောင်ပုံကို ရေးဆွဲပြီး သရော်ခဲ့သေးကြောင်း သိရှိရသည်။
*** နိုင်းနိုင်းတို့စုံတွဲ အမေရိကန်သို့ သွားရောက်လည်ပတ်မည်….
ရုပ်ရှင်သရုပ်ဆောင် နိုင်းနိုင်းသည် ဇနီးဖြစ်သူ စန္ဒီချိုနှင့်အတူ အမေရိကန်ပြည်ထောင်စုသို့ သွားရောက်လည်ပတ်ရန် စီစဉ်ထားကြောင်း 7 Day Newsတွင် ဖော်ပြထားသည်။ စနိုးဝှိုက် ရုပ်ရှင်ထုတ်လုပ်ရေးမှ ဦးလွင်က နိုင်းနိုင်းတို့ ဇနီးမောင်နှံသည် ရိုက်ကွင်းများနားထားပြီး အလည်အပတ် သွားရောက်မည်ဟု 7 Day Newsထံ ပြောကြားခဲ့သည်။ ဦးလွင်က “ရက်အတိအကျတော့ မသတ်မှတ်ရသေးပါဘူး။ ခုရိုက်နေတဲ့ ထက်ထက်မိုးဦးနဲ့ နှစ်ဘ၀စံ ဆိုတဲ့ဇာတ်ကားပြီးရင် ကားရိုက်တွေနားမယ်။ နှစ်လလောက်တော့ကြာမယ်။ ဟိုမှာက ဦးမောင်မောင်ဦးတို့ မိသားစုတွေလည်း ရောက်နေတယ်။ နိုင်းနိုင်းက အရင်ကလည်း မသွားရသေးဘူး။ စန္ဒီကျောင်းပိတ်ရင် ပြန်လာခေါ်မယ်ဆိုလို့ ခုစောင့်နေကြတာ။ မတ်လ လဆန်းတော့ ရောက်မယ်။ ပြီးရင် နိုင်းနိုင်းနဲ့ အတူတူပြန်ကြမယ်”ဟု 7 Day Newsသို့ ထုတ်ဖော်ပြောဆိုခဲ့သည်။ စန္ဒီချိုသည် ယမန်နှစ် ဒီဇင်ဘာလကုန်က ကျရောက်သည့် တစ်နှစ်ပြည့် မင်္ဂလာနှစ်ပတ်လည်နေ့တွင် ရန်ကုန်သို့ ခေတ္တပြန်လာခဲ့သေးသော်လည်း ဇန်န၀ါရီလတွင် အမေရိကန်သို့ ပြန်လည်ထွက်ခွာသွားသည်။ မကြာမီတွင်တော့ ခင်ပွန်းဖြစ်သူအား အမေရိကန်သို့ အလည်အပတ် ခေါ်ဆောင်ရန် စန္ဒီချိုကိုယ်တိုင် နောက်တစ်ခေါက် ပြန်လာဦးမည်ဖြစ်ကြောင်း သိရှိရသည်။
Xxx မန်စီးတီးအသင်းပိုင်ရှင်များ မာရာဒိုနာနှင်မက်ဆီကို ခေါ်ယူနိုင်ရေးကြိုးပမ်း…..
အဘူဒါဘီ ကုဋေကြွယ်သူဌေး မိသားစုမှ ပိုင်ဆိုင်သော မန်ချက်စတာစီးတီးအသင်းသည် ဒီယေးဂိုး မာရာဒိုနာနှင့် လီယွန်နယ် မက်ဆီတို့အား ၎င်းတို့၏ အိစ်လန်းကွင်းကြီးသို့ လာမည့်နွေရာသီတွင် ခေါ်ဆောင်နိုင်ရန် လုံးပမ်းနေကြောင်း သိရသည်။ အာဂျင် တီးနား ဘောလုံးလောက၏ ပြယုဂ်နှစ်ခုဖြစ်သော မာရာဒိုနာနှင့် မက်ဆီတို့အား အသင်းအတွက် ခေါ်ယူသွားရန် မန်ချက်စတာစီး တီးပိုင်ရှင် ဆူလေမန်အယ်လ်ဖာဟင်က ဆန္ဒပြင်းပြနေကြောင်း ပြောကြားခဲ့သည်။ ဖာဟင်က မာရာဒိုနာသည် လက်ရှိအာဂျင်တီး နား လက်ရွေးစင် နည်းပြရာထူးကို ရယူထားသော်လည်း အသင်းနည်းပြနေရာအတွက် အလိုရှိခြင်းမဟုတ်ဘဲ အသင်းဥက္ကဋ္ဌအဖြစ် ခန့်အပ်သွားရန်ဖြစ်သည်ဟု ဆိုသည်။ မာရာဒိုနာ၏ အရှိန်အ၀ါကြောင့် ကမ္ဘာကျော် ကစားသမားသည် အသင်းတွင် လာကစားရန် ဆန္ဒရှိလာမည်ဟု ဖာဟင်က ခန့်မှန်းခဲ့ပြီး မာရာဒိုနာကိုယ်တိုင်ကလည်း ကစားသမားများ၏ အရည်အသွေးကို ခန့်မှန်းအကဲဖြတ် နိုင်ပြီး အသင်းအတွက် အကျိုးပြုမည့် ကစားသမားများကို ရွေးချယ်ခေါ်ယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဖာဟင်က လက်ရှိကမ္ဘာ့အကောင်းဆုံး ဒုတိယဆုရ ဘောလုံးသမား မက်ဆီကိုလည်း ပစ်မှတ်ထားနေကြောင်း အတည် ပြုလိုက်သည်။ မက်ဆီ၏ ကစားဟန်ကို နှစ်သက်ပြီး အသင်းတွင် မက်ဆီရောက်လာစေရေး အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဖာဟင်က ပြောကြားခဲ့သော်လည်း ဘာစီလိုနာ အသင်းအနေနှင့် ၎င်းတို့၏ အသက်(၂၁)နှစ်အရွယ် အာဂျင်တီးနား ကြယ်ပွင့်လေးကို လက်လွှတ်ရေးမှာ အလွန်ခက်ခဲနိုင်ကြောင်း ဖာဟင်က ၀န်ခံခဲ့သည်။
Xxx မက်ဒေါနားနှင့်ဘရာဇီးမော်ဒယ်လ်ဘွိုင်းတို့ လူသိရှင်ကြားတွဲနေကြပြီ…..
မက်ဒေါနားနှင့် လောလောဆယ်တွဲနေသော ဘရာဇီးလ်မော်ဒယ်လ် ဂျီးဆက်လက်ဇ်၏ ချစ်သူဟောင်းက ဂျီးဆက်သည် ထင်ပေါ် ကျော်ကြားမှုအတွက် အသက်(၅၀)အရွယ် Popဂီတစတား အဆိုတော်နှင့် တွဲနေခြင်းဖြစ်သည်ဆိုသော ဝေဖန်မှုများအား ငြင်းဆို လိုက်သည်။ အသက်(၂၀)အရွယ် ခရစ်ရှ်နာ ဆီကွီရာသည် ဂျီးဆက်နှင့် (၅)လကြာမျှ တွဲပြီးနောက် ဂျီးဆက်သည် မက်ဒေါနား အား မဂ္ဂဇင်းဓာတ်ပုံ ရိုက်ကူးမှုတစ်ခုတွင် တွေ့ဆုံခဲ့ပြီး ခရစ်ရှ်နာအားစွန့်ပစ်ကာ သူမထက် အသက်(၃၀)ကြီးသော မက်ဒေါနား နောက်သို့ ကောက်ကောက်ပါအောင် လိုက်သွားခဲ့သည်။ သူမက ဂျီးဆက်အကြောင်းကို ကောင်းကောင်းသိကြောင်း၊ ဂျီးဆက် သည် ထူးဆန်းအံ့ဩဖွယ် ပုဂ္ဂိုလ်တစ်ယောက်ဖြစ်ပြီး ထင်ပေါ်မှုသက်သက်အတွက် မက်ဒေါနား၏ အရိပ်ကို ခိုမည့်သူမျိုး လုံးဝ မဟုတ်ကြောင်း ထောက်ခံပြောဆိုခဲ့သည်။ အသက်(၂၂)နှစ်အရွယ် ဂျီးဆက်သည် ပြီးခဲ့သော သီတင်းပါတ်အကုန်က နယူးယော့ခ် တွင် မက်ဒေါနားနှင့်အတူ လူသိရှင်ကြားတွဲကာ ပထမဆုံးအကြိမ် ထွက်ပေါ်လာခဲ့သည်။ ဘရာဇီးလ်ထုတ် Queenမဂ္ဂဇင်းနှင့် အင် တာဗျူး အစီအစဉ်တွင် ကက်ရှ်နာက သူမနှင့်ဂျီးဆက်သည် (၂၀၀၈)ခုနှစ်၊ ဇူလိုင်လကတည်းက စတွေ့ခဲ့ခြင်းဖြစ်ပြီး ယခုထိတိုင် အောင် မိတ်ဆွေများအဖြစ် ရှိနေသေးကြောင်း ပြောဆိုခဲ့သည်။ ထို့အပြင် ဂျီးဆက်အား လက်လွတ်ဆုံးရှုံးခဲ့သည့်အတွက် စိတ်မ ကောင်းဖြစ်မိသလို မက်ဒေါနားကိုလည်း မနာလိုဖြစ်မိကြောင်း ၀န်ခံခဲ့သည်။ မတ်လ(၁)ရက်နေ့က မက်ဒေါနားနှင့် ဂျီးဆက်တို့ အတူယှဉ်တွဲပြီး နယူးယော့ခ်ဆီးနှင်းများကြား လမ်းလျှောက်နေသည့် ဓာတ်ပုံများကို သတင်းမီဒီယာများက ဖော်ပြခဲ့ပြီးနောက် ကက်ရှ်နာက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ ပြီးခဲ့သောလက ဘရာဇီးလ်မော်ဒယ်လ်ဂျီးဆက်နှင့် မက်ဒေါနားတို့၏ အချစ် စခန်းဖွင့်နေသည့် ပုံများလည်း အင်တာနက်တွင် ပြန့်နှံ့လာပြီးနောက် မက်ဒေါနား၏ ခင်ပွန်းဟောင်း ဂိုင်းရစ်ချီက မက်ဒေါနားထံ ရောက်ရှိနေသော ကလေးများ၏ အနာဂတ်အတွက် စိုးရိမ်မိပြီး ကလေးများအား အုပ်ထိန်းခွင့်ရရန် ကြိုးပမ်းသွားမည်ဟု ပြောကြား ထားခဲ့သည်။
Xxx ကင်ဆာကြောင့်သေဆုံးရဖွယ်ရှိသည့် ဂျိတ်ဂူဒီထံသို့ ဘက်ဟမ်းဇနီးမောင်နှံ စာလွှာပို့အားပေး…..
ဒေးဗစ်ဘက်ဟမ်းနှင့် ဗစ်တိုးရီးယားဘက်ဟမ်းတို့ စုံတွဲသည် သားအိမ်ခေါင်း ကင်ဆာရောဂါကို ပြင်းပြင်းထန်ထန် ခံစားနေရသည့် နာမည်ကျော် ဗြိတိန်ရုပ်သံ အစီအစဉ်မှူး ဂျိတ်ဂူဒီထံသို့ စာနာကြောင်း သ၀ဏ်လွှာ ပေးပို့ခဲ့သည်။ Spice Girlsအဖွဲ့မှ အဆိုတော် ဟောင်း ဗစ်တိုးရီးယားဘက်ဟမ်း၏ လက်ရေးဖြင့် ရေးသားထားသည့် အဆိုပါစာလွှာသည် Big Brotherကြယ်ပွင့်ဟောင်း မင်း သမီးထံသို့ လိပ်မူထားပြီး စာနှင့်အတူ ဂူဒီ၏ သားငယ်နှစ်ယောက်ဖြစ်သော (၅)နှစ်သားဘော်ဘီ၊ (၄)နှစ်သား ဖရက်ဒီတို့အတွက် ဘက်ဟမ်း၏ လက်ရှိကလပ်အသင်း အေစီမီလန် အင်္ကျီနှစ်ထည်ကိုလည်း လက်ဆောင်အဖြစ် ထည့်ပေးလိုက်ကြောင်း သိရသည်။ စာအတွင်းတွင် “ကျွန်မရော၊ ဒေးဗစ်ပါ ကင်ဆာရောဂါကို တွန်းလှန်နေရတဲ့ ဂျိတ်ဘယ်လောက် ပင်ပန်းနာကျင်နေမလဲဆိုတာ ကိုယ်ချင်းစာပါတယ်။ ကျွန်မတို့နှစ်ယောက်လုံး ဂျိတ်ကြုံတွေ့နေတဲ့ အဆိုးဝါးဆုံး အခြေအနေကို ကျော်ဖြတ်နိုင်ပါစေလို့ ဆုမွန် ကောင်း တောင်းပေးပါတယ်”ဟု ရေးသားထားသည်။ ထို့အပြင် “ဂျိတ်ရဲ့ သားလေးနှစ်ယောက်အတွက် လက်ဆောင်လေးတွေ လည်း ထည့်ပေးလိုက်ပါတယ်။ ဖရက်ဒီရော၊ ဘော်ဘီပါ ဘောလုံးဝါသနာပါတော့ ဒီအေစီမီလန် ၀တ်စုံလေးတွေကို သဘောကျ ကြမည် ထင်ပါတယ်”ဟုလည်း စာထဲတွင် ပါရှိခဲ့ကြောင်း သိရသည် ဂျိတ်သည် ဘက်ဟမ်းမိသားစုထံမှ ယခုကဲ့သို့ ကြင်နာနွေး ထွေးသော အားပေးမှုကို ရရှိခဲ့သဖြင့် ဖော်မပြနိုင်လောက်အောင် ကြည်နူးခံစားနေရကြောင်း သူမနှင့် နီးစပ်သော အသိုင်းအ၀ိုင်း ကဆိုသည်။ ဂျိတ်ကိုယ်တိုင်ကလည်း ဘက်ဟမ်းမိသားစုစာသည် သူမအတွက် စိတ်ဓာတ်တက်ကြွလာစေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ အသက်(၂၇)နှစ်အရွယ်ရှိ ဂျိတ်သည် မတ်လ(၃)ရက်နေ့က လန်ဒန်မြို့၊ ချယ်လ်ဆီးအရပ်ရှိ ၀က်စ်မင်နစ်စတာ ဆေးရုံတွင် အရေးပေါ် ခွဲစိတ်မှုတစ်ခု ခံယူခဲ့ရသေးသည်။ သူမ၏ ကင်ဆာရောဂါသည် ခန္ဓာကိုယ်ရှိ အရေးကြီးသော အစိတ် အပိုင်း အတော်များများသို့ ပြန့်နှံ့ခဲ့ပြီးဖြစ်ကြောင်း ဆရာဝန်များက ၀န်ခံထားပြီး သူမအနေနှင့် လအနည်းငယ်မျှသာ အသက်ရှင် နိုင်ရန် အချိန်ရှိတော့ကြောင်း ခန့်မှန်းထားကြသည်။
Xxxကျောက်မျက်ရတနာများဖောက်ထွင်းခိုးယူမည့်ဟယ်လီဘယ်ရီ…..
ဟောလီးဝုဒ်မင်းသမီး ဟယ်လီဘယ်ရီက သူမ၏ နောက်ထပ်ဇာတ်ကားသစ်တွင် ကျောက်မျက်ရတနာ သူခိုးမလေးအဖြစ် သရုပ် ဆောင်မည်ဟု ထုတ်ဖော်ပြောကြားလိုက်သည်။ Who is Doris Payneအမည်ရှိ ဇာတ်ကားတွင် ပါဝင်သရုပ်ဆောင်ရန် သဘော တူညီလိုက်သည့် ဘယ်ရီက ထိုဇာတ်ကားတွင် သူမ၏ဇာတ်ရုပ်မှာ စွန့်စားတတ်သည့် သူခိုးမလေး အသွင်နှင့်ဖြစ်ကြောင်း ပြောဆို ခဲ့သည်။ နယူးယော့ခ်ရှိ Tiffany’sစတိုး၊ မွန်တီကာလိုရှိ ကာတီးရား ရတနာဆိုင်ကဲ့သို့ ကမ္ဘာကျော် ရတနာဆိုင်များကို ဖောက်ထွင်း ၀င်ရောက်သည့် အမျိုးသမီးတစ်ဦး၏ စွန့်စားမှုများကို အခြေခံကာ ထိုဇာတ်ကားကို ဇာတ်လမ်းဆင်ထားကြောင်းလည်း သိရသည်။ ဇာတ်ကားတွင် ပါဝင်သည့် အဓိကဇာတ်ရုပ် အမျိုးသမီး ဒေါရစ်မှာ ပြင်ပလောကတွင် အမှန်တကယ် ရှိခဲ့ပြီး (၂၀၀၅)ခုနှစ်က အဖမ်းခံခဲ့ရသည်။ ယခုအချိန်တွင် အသက်(၇၇)နှစ် ရှိနေပြီဖြစ်သည့် ဒေါရစ်သည် ဖောက်ထွင်းမှုများ ကျူးလွန်ရာတွင် လုံးဝလက် နက် ကိုင်ဆောင်လေ့မရှိဘဲ စနစ်တကျ လှုပ်ရှားလေ့ရှိသူဖြစ်သည်။ သူမသည် ထောင်ဒဏ်(၂)နှစ် ကျခံခဲ့ရပြီးနောက် ယခုအခါ ပြင်ပတွင် အေးချမ်းစွာ နေထိုင်လျက်ရှိသည်။ ဒေါရစ်သည် အသက်(၅၀)အရွယ်တွင် သူမ၏ ဒုစရိုက်လုပ်ငန်းများ အားလုံးမှ အနား ယူခဲ့ပြီး သူမ၏ဘ၀ဇာတ်ကြောင်းကို ယခုအခါတွင် ဟယ်လီဘယ်ရီက ပြန်လည်ဆန်းသစ် ဖော်ကျူးတော့မည်ဖြစ်ကြောင်း သိရှိရ သည်။
Xxx ဒေးဗစ်ဘက်ဟမ်း အေစီမီလန်တွင် ဆက်ကစားနိုင်ရန် သေချာပြီ …..

No comments:
Post a Comment