ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၊ ၀ပ်မဏိမိုင် ထိုင်းဘုန်းကြီးကျောင်းတွင် မြန်မာပြည်မှ ဆရာတော် အရှင်ဆန္ဒာဓိက (ရွှေပါရမီတောရ)၏ ထေရ၀ါဒအထူးတရားပွဲကို မဲဆောက်ဈေးသူ ဈေးသားများက ကြီးမှူးပြီး ယနေ့ကျင်းပကြသည်ကို တွေ့ရသည်။ ထိုသို့ အထူးတရားပွဲကျင်းပရာသို့ မြန်မာရွှေ့ပြောင်းအလုပ်သမားအလွှာပေါင်းစုံနှင့် အဝေးရောက်မြန်မာပြည်သား စုစုပေါင်း (၁၀၀၀၀)ခန့် တက်ရောက်ကြသည်။
မဲဆောက်မြို့ စက်ရုံအလုပ်ရုံနှင့် လုပ်ငန်းခွင်များမှ လုပ်ငန်းရှင်နှင့် မန်နေဂျာအများစုကလည်း ဤတရားပွဲသို့ သွားရောက်နိုင်ံရန် မော်တော်ယာဉ်နှင့် သာသနာ့အလံအပါအ၀င် စိတ်ပါဝင်စားစွာ စီစဉ်ဆောင်ရွက်ပေးကြသည်ဟု တရားပွဲလာမြန်မာအလုပ်သမားများက ပြောဆိုသည်။ ဤမှတ်တမ်းဓါတ်ပုံများတွင် ၀ပ်မဏိဘုန်းတော်ကြီးကျောင်းဝန်းအတွင်းရှိ လျောင်းတော်မူ ရုပ်ပွားတော်ကြီးအတွင်းတွင် ပြည့်ကြပ်နေသော တရားနာပရိသတ်များနှင့် အခြား သစ်ရိပ်၊ ၀ါးရိပ်၊ တန်ဆောင်းများမှာပါမကျန် မြန်မာအလုပ်သမားများဖြင့် ကြိတ်ကြိတ်တိုးစည်းကားလှသည်ကို တွေ့မြင်ကြရပါမည်။
ရွှေပါရမီတောရ ဆရာတော် အရှင်ဆန္ဒာဓိက၏…..
*** တရားအားထုတ်တဲ့သူမှာ ငါအစွဲ၊ ငါ့အစွဲ တဖြည်းဖြည်း လျော့ပါးလာပါတယ်။
*** ငါစွဲကင်းလေ၊ စိတ်ချမ်းသာလေ၊ ငါ့ဥစ္စာ အစွဲကင်းလေ၊ စိတ်ငြိမ်းအေးလေပါပဲ….။ ဟူသောတရားသံဝေဂ ရင်ဝယ်ပွားများရင်း….။
သတင်းမှတ်တမ်း- မြန်မာပြည်သားအဖွဲ့…

No comments:
Post a Comment