တပိုင်းတစ ဒီမိုကရေစီ တိုင်းပြည်ဆိုတဲ့
ထိုင်းမြေဆီကို ရောက်လာပါမှ
ကျားဆိုတဲ့ မြန်မာပြည်က စစ်ဘီလူးတွေကိုလည်း ကြောက်ရ
ရှင်ကြီးဆိုတဲ့ ထိုင်းအာဏာပိုင် အမျိုးမျိုးကိုလည်း ကြောက်ရ
ဟိုကြောက်ရ၊ ဒီကြောက်ရနဲ့
ကြောက်ရသမျှ ဒီသတ္တ၀ါမှန်သမျှကို
ဟောဒီလို… ဟောဒီလို ချို (ဂျို)ကိုင်ပြီးတောင်းပန်ချင်ရဲ့
အမြီးကိုင်ပြီး တောင်းပန်ချင်ရဲ့….။
*** လက်ပြတ်ရင်လည်း ချက်ချင်းလျော်ကြေးမရ
အသက်ဆုံးရင်လည်း ချက်ချင်းလျော်ကြေးမရ
နေ့စဉ်လုပ်အားခကလည်း သတ်မှတ်စံနှုန်းမရ
လူမှုဖူလုံရေးခံစားခွင့်တွေလည်းမရ
ရွှေမြန်မာ ၄-သန်းလောက်မှာ ၄-သိန်းလောက်သာ လက်မှတ်ရှိကြ
၁၀-ပုံ ၁-ပုံလောက်သာ လက်မှတ်ရှိကြတဲ့ ထိုင်းနိုင်ငံရောက် ရွှေမြန်မာတွေဟာ
ရေမှာလည်း မစားသာ သလို မြေမှာလည်းမစားသာကြပါဘူး
ဒီလိုမစားသာမယ့် အတူတူ ဘာကိုမှမစားကြဘူးလို့(ဘူးခံရင်)
သင်တို့ ထိုင်းတွေ လုပ်ငန်းတွေရပ်ဆိုင်းကုန်မှာပေါ့….။
(ဆက်လက်ဖော်ပြပါမည်)
ခံစားတင်ပြသူ… သောင်ရင်းနဂါး
*** မြန်မာပြည်မှာ ထမင်းမ၀လို့

No comments:
Post a Comment