တစ်ချိန်က နာဇီဂျာမနီတို့၏ အဓိပတိဖြစ်သူ အဒေါ့ဖ်ဟစ်တလာ ရေးဆွဲခဲ့သည့် ပန်းချီကားကို တွေ့ရစဉ်။ ဟစ် တလာသည် ပန်းချီရေးဆွဲခြင်းကို ဝါသနာပါသူဖြစ်ပြီး ပန်းချီသင်တန်းကျောင်း တက်ရောက်နိုင်ရန် နှစ်ကြိမ်တိုင် တိုင် ကြိုးစားခဲ့သော်လည်း ပန်းချီနှင့်ပတ်သက်၍ ပါရမီမရှိဟုဆိုကာ ငြင်းပယ်ခံခဲ့ရသည်။
*** လာမည့်ရာသီတွင် ဘာနေဗျူးသို့ ရော်နယ်ဒိုရောက်ရှိလာမည်ဟု ပီပီပြောဆို
ရီးရဲလ်ပရိသတ်များ၏ မဲပေးမှု၌ မန်ယူမှ စီရော်နယ်ဒိုမှာ ထိပ်ဆုံးမှရပ်တည်နေ လာမည့်ရာသီတွင် ဘာနေဗျူးသို့ ရော်နယ်ဒိုရောက်ရှိလာမည်ဟု ပီပီပြောဆို လာမည့် ဇူလိုင်လ ဥက္ကဋ္ဌသစ်ရွေးကောက်ပွဲ၌ ရီးရဲလ်ဥက္ကဋ္ဌသစ်ဖြစ်လာရန် ရေပန်းစားနေသော ကလပ်ဥက္ကဋ္ဌဟောင်း ဖလော်ရင်တီနိုပီရက်ဇ်သည် လာမည့်ရာသီ၌ ကလပ်အတွက် စိတ်ကြိုက်ကစားသမားသစ်များအား ရီးရဲလ်ပရိသတ်များထံ ဖုန်းဖြင့် စစ်တမ်းတစ်ရပ်ကောက်ခံခဲ့ရာ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုအား ၃၈ ရာခိုင်နှုန်းအဖြစ် ထိပ်ဆုံးမှ မဲပေးခဲ့ကြပြီး ဘာစီလိုနာမှ အင်နီယေစတာ၊ ဗလင်စီယာမှ ဒေးဗစ်ဗီလာတို့မှာ ၂၉ ရာခိုင်နှုန်း၊၂၅ ရာခိုင်နှုန်းများဖြင့် ဒုတိယ၊ တတိယ အသီးသီးရပ်တည်ခဲ့ကြောင်း သိရသည်။ ရီးရဲလ်ဥက္ကဋ္ဌဟောင်း ပီရက်ဇ်က အဆိုပါ တယ်လီဖုန်းစစ်တမ်း၌ ကလပ်ပရိသတ်များထံ စပိန်လက်ရွေးစင်ကစားသမားနှင့် ပြည်ပကစားသမားတို့တွင် မည်သည့်ကစားသမားက အသင်းအတွက် ပိုမိုလိုအပ်မှုရှိ၊မရှိကို မေးခွန်းထုတ် ခဲ့ကာ စီရော်နယ်ဒိုမှာ ထိပ်ဆုံးမှ မဲပေးခံခဲ့ရခြင်းဖြစ်သည်။ စီရော်နယ်ဒို၊ အင်နီယေစတာ၊ ဗီလာတို့နှင့်အတူ အာဆင်နယ်မှ ဖာဘရီဂတ်စ်နှင့် လီဗာပူးမှအလွန်ဆိုတို့ကို ၁၇ ရာခိုင်နှုန်း၊ ၁၅ ရာခိုင်နှုန်းအသီးသီးဖြင့် ရီးရဲလ်ပရိသတ်များက မဲပေးခဲ့ကြသည်။ မကြာသေးမီက ရာထူးမှ နုတ်ထွက်သွားခဲ့သည့် ဥက္ကဋ္ဌဟောင်း ကယ်လ်ဒါရွန်လက်ထက်က ခေါ်ယူရန်ကြိုးစားခဲ့ဖူးသော အေစီမီလန်မှကာကာနှင့် ဘာစီလိုနာမှမက်ဆီတို့ကိုမူ ရီးရဲလ်ပရိသတ်များက ခေါ်ယူလိုမှု၌ ၁၈ ရာခိုင်နှုန်းနှင့် ၁၂ ရာခိုင်နှုန်းသာ မဲပေးခဲ့ကြသည်။ ရီးရဲလ်၏ လာမည့်နွေ၌ ကစားသမားသစ်ခေါ်ယူရန် ကြိုးပမ်းမှုများတွင် ဗလင်စီယာတိုက်စစ်မှူး ဒေးဗစ်ဗီလာ၊ မန်ယူတိုက်စစ်မှူး စီရော်နယ်ဒိုတို့မှာ ဖြစ်နိုင်ခြေအရှိဆုံးကစား သမားများဖြစ်ကြောင်း သုံးသပ်မှုများလည်းရှိနေသည်။ ထိုအတောအတွင်း ရီးရဲလ်နောက်ခံလူ ပီပီက မိမိ၏ ပေါ်တူဂီလက်ရွေးစင်အသင်းဖော် ရော်နယ်ဒိုသည် လာမည့်ရာသီ၌ ရီးရဲလ်သို့ ပြောင်းရွှေ့လာမည်ဟု ယုံကြည်ကြောင်း ပြောကြားလိုက်သည်။ “ရော်နယ်ဒိုဟာ သတင်းစာ ရှင်းလင်းပွဲမှာ ရီးရဲလ်ကို ပြောင်းချင်တယ်လို့ ပြောခဲ့ဖူးပါတယ်။ သူ့အနေနဲ့ လာမယ့်ရာသီမှာ ဘာနေဗျူးကိုရောက်လာမယ်လို့ မျှော်လင့်မိပါတယ်” ဟု နောက်ခံလူ ပီပီကဆိုခဲ့သည်။
*** Slipknot သီချင်းနားထောင်ပြီး လူသတ်မှုကျုးလွန်ခဲ့သည့်စုံတွဲ
လူတစ်ဦးအား သတ်ဖြတ်မှုအတွက် စွဲချက်တင်ခံထားရသော စုံတွဲတစ်တွဲသည် သတ်ဖြတ်မှုကို မကျူးလွန်မီ Rockဂီတအဖွဲ့ Slipknot၏ ရက်စက်ကြမ်းကြုတ်သော စာသားများပါသည့် သီချင်းအား နားထောင်ခဲ့ကြောင်း ၀န်ခံခဲ့သည်။ (၂၀၀၃)ခုနှစ်က ဖြစ်ပွားခဲ့သည့် လူသတ်မှုအတွင်း သေဆုံးခဲ့ရသူမှာ အသက်(၂၂)နှစ်အရွယ် တယ်ရီတေလာဆိုသူဖြစ်ပြီး ၎င်းအား ဂျေဆန်ဟဲရစ်ဆိုသူက သတ်ဖြတ်ခဲ့ကြောင်း တရားရုံးက စွဲချက်တင်ထားခဲ့သည်။ ထို့အပြင် ဟဲရစ်၏ချစ်သူ အမ်ဘာရို့စ်ရိုင်လီကိုလည်း လူသတ်မှုအတွင်း သူမ၏ချစ်သူနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်ဟု ရုံးတော်က စွပ်စွဲထားသေးသည်။ ဆန်ဘာနာဒီနို တရားရုံးတော်ရှိ ဂျူရီအဖွဲ့ခေါင်းဆောင်က အသတ်ခံရသူ ဟဲရစ်၏ သူငယ်ချင်း တစ်ဦးဖြစ်သူ တေလာအား ကယ်လီဖိုးနီးယားတွင် နေထိုင်သော ဟဲရစ်တို့စုံတွဲက လည်ပင်းတွင် အချက်(၂၀)ထက်မနည်း ရက်ရက်စက်စက် ဓားနှင့်ထိုးသတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ဟဲရစ်သည် (၂၀၀၈)ခုနှစ်၊ ဩဂုတ်လအတွင်းက ပြစ်မှုထင်ရှားသည့်အတွက် ထောင်ဒဏ်နှစ်(၅၀) ချမှတ်ခံထားရပြီးဖြစ်သဖြင့် ၎င်း၏သက်တမ်းမှာ သံတိုင်များနောက်တွင်ပင် ကုန်ဆုံးဖွယ်ရှိသည်။ ဟဲရစ်၏ချစ်သူ ရိုင်လီကို ဆက်လက်စစ်ဆေးမှုများ ပြုလုပ်ခဲ့ရာမှ သူမနှင့် ဟဲရစ်တို့သည် Slipknotအဖွဲ့၏ ရက်စက်ကြမ်းကြုတ်မှု အသားပေး စာသားများပါသည့် သီချင်းများကို နားထောင်ခဲ့ကြောင်း၊ ထိုစာသားများက သူမတို့နှစ်ဦးကို သွေးကြွလာစေကြောင်း ထွက်ဆိုခဲ့သည်။ ထိုသီချင်းများအတွင်း လူတစ်ဦး၏လည်ပင်းကို စိမ်ပြေနပြေ ဓားနှင့်ထိုးသည့် အကြောင်းအရာများကိုပါ ထည့်သွင်းသီဆိုထားသည်။ ရဲများက လိုအပ်ပါက Slipknotအဖွဲ့ကိုပါ တရားခွင်သို့ ခေါ်ယူစစ်ဆေးသွားမည်ဟု ပြောဆိုထားသည်။ ရိုင်လီကို မတ်လ(၁၉)ရက်နေ့က ရုံးစတင်ခဲ့ပြီး စစ်ဆေးမှုများ ဆက်လက်ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
*** ဒေးဗစ်ဘက်ဟမ်း အင်္ဂလန်အတွက် ပွဲအများဆုံး ကစားသူဖြစ်လာပြီ…..
အင်္ဂလန်-ဆလိုဗက်ကီးယား နိုင်ငံတကာခြေစမ်းပွဲတွင် ဝင်ရောက်ကစားခဲ့သူ အင်္ဂလန်ကွင်းလယ် ကစားသမား ဒေးဗစ်ဘက်ဟမ်းမှာ အင်္ဂလန်အသင်းအတွက် ပွဲပေါင်း(၁၀၉)ပွဲကစားပြီး ပွဲအများဆုံး ကစားသူအဖြစ် မှတ်တမ်း တင်နိုင်ခဲ့ပြီ ဖြစ်သည်။ အဆိုပါပွဲတွင်
အင်္ဂလန်အသင်းက ၄ဂိုး ဂိုမရှိဖြင့် အနိုင်ရခဲ့သည်။ (အင်တာနက်)
*** ချယ်ရီကိုးလ်ရဲ့အစ်ကို ထောင်ကျဦးမည်…..
Girls Aloudအဖွဲ့ဝင် အဆိုတော်မလေး ချယ်ရီကိုးလ်၏ အစ်ကိုဖြစ်သူမှာ မလွဲမသွေ ထောင်ဒဏ်ကျခံရမည့် အနေအထားနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။ အသက်(၂၈)နှစ်ရှိပြီဖြစ်သော အင်ဒရူးတွီဒီသည် မှတ်တမ်းမကောင်းခဲ့သူဖြစ်ပြီး ယခုအခါတွင် အခြားသူတစ်ဦး၏မျက်လုံးကို အရက်မူးပြီး CAဓာတ်ငွေ့ဘူးဖြင့် မှုတ်ခဲ့သောကြောင့် တရားစွဲခံရခြင်းဖြစ်သည်။ (၂၀၀၈)ခုနှစ်၊ ဩဂုတ်လကတည်းက ကျူးလွန်ခဲ့သော ပြစ်မှုအတွက် သက်သေအထောက်အထားများ ခိုင်လုံစွာ ဖော်ထုတ်နိုင်ပြီးနောက် အင်ဒရူးမှာ နောက်လမတိုင်မီ ထောင်ဒဏ်တစ်ရပ် ချမှတ်ခံရရန် သေချာနေပြီဖြစ်သည်။ အန်ဒရူး၏ရှေ့နေကလည်း ၎င်း၏အမှုသည်မှာ ထောင်ဒဏ်မှ လွတ်မြောက်ရန် လမ်းမရှိတော့ဟု ၀န်ခံခဲ့သည်။ တရားရုံးက အင်ဒရူးအား သောက်စားမူးယစ် ရမ်းကားပြီး အခြားသူအား ထိခိုက်စေမှု၊ အန္တရာယ်ရှိသော လက်နက်ဖြင့် သူတစ်ပါးအား ရန်ပြုမှုများအတွက် ထောင်ဒဏ်စီရင်မည်ဖြစ်သည်။ အင်ဒရူးမှာ ဓားပြမှုအပါအ၀င် ရဲမှတ်တမ်း (၇၀)ရှိသည့် လူဆိုးတစ်ဦးလည်း ဖြစ်နေပြီး ယခုလည်း ၏လက်ချက်ကြောင့် အတိုက်ခိုက်ခံရသူမှာ အခိုက်အတန့် မျက်စိကွယ်သွားခဲ့သည်။ (၂၀၀၆)ခုနှစ်အတွင်းက ချယ်ရီနှင့် အင်္ဂလန်လက်ရွေးစင် ဘောလုံးသမား အက်ရှ်လေကိုးလ်တို့၏ လက်ထပ်ပွဲကိုလည်း ထိုစဉ်က ထောင်ကျနေသည့် အင်ဒရူးတစ်ယောက် တက်ရောက်နိုင်ခြင်း မရှိခဲ့ပေ။ ချယ်ရီ၏ မိတ်ဆွေများကမူ အသက်(၂၅)နှစ်အရွယ် Popအဆိုတော်မလေးအနေနှင့် အစ်ကိုအတွက် စိတ်မကောင်းသော်လည်း ဘာမှမတတ်နိုင်ကြောင်း ပြောဆိုခဲ့ကြသည်။
(အင်တာနက်)
xxx လီဗာပူးလ်အသင်းမှမိမိပိုင်ရှယ်ယာများကိုရောင်းချရန်တွမ်ဟစ်ကြိုးပမ်းပြီxxx
(လီဗာပူးလ်၊မတ်လ၊၂၈)
အမေရိကန်နိုင်ငံမှချမ်းသာကြွယ်ဝသူတဦးဖြစ်သောတွမ်ဟစ်သည်လီဗာပူးလ်အသင်း၏ရှယ်ယာ၅၀%ကို
ပိုင်ဆိုင်ထားသူဖြစ်၏။ယခုအ ချိန်တွင်အမေရိကန်နိုင်ငံတွင်စီးပွားရေးကျဆင်းကျပ်တည်းမှုများကြောင့်
တွမ်ဟစ်သည်၎င်းပိုင်ဆိုင်သောရှယ်ယာများအားရောင်းချရန်ကြိုးပမ်းလာပြီဖြစ်သည်။တွမ်ဟစ်သည်အ
မေရိကန်နိုင်ငံမှအခြားသူဌေးတဦးဖြစ်သောဂျီးလတ်နှင့်အတူလီဗာပူးလ်အသင်းအား၂၀၀၇ခုနှစ်ဖေဖော်
ဝါရီလကပေါင်(၂၁၉)သန်းဖြင့်ဝယ်ယူခဲ့ခြင်းဖြစ်သည်။၎င်းတို့ ပိုင်ဆိုင်သည့်လီဗာပူးလ်အသင်းမှာယခုနှစ်
တွင်ဆုဖလားများရယူရန်မျှော်လင့်ချက်မှိန်ပျပျသာရှိသည်။(အင်တာနက်)
xxx လာမည့်နှစ်ဘောလုံးရာသီအကုန်တွင်ဖာဂူဆန်အနားယူဘွယ်ရှိxxx
(မန်ချက်စတာ၊မတ်၂၈)
မန်ချက်စတာယူနိုက်တက်(မန်ယူ)အသင်းနှင့်အတူဆုဖလားများစွာရယူပေးခဲ့သောနည်းပြဆရာကြီး(ဆာ
အလက်စ်ဖာဂူဆန်)သည့်လာမည်နှစ်ဘောလုံးရာသီအကုန်တွင်အနားယူတော့မည်ဟု၎င်း၏သားဖြစ်သူ
ဒါရင်းဖာဂူဆန်ကပြောကြားခဲ့ကြောင်းသိရသည်။သို့ သော်ဖာဂူဆန်မှာ(၂၀၀၀-၂၀၀၁)ဘောလုံးရာသီက
လည်းအနားယူမည်ဟုပြောကြားခဲ့ဘူးသည်။ယခုနှစ်တွင်(ဖလားငါးလုံးအိပ်မက်)မက်နေသောဖာဂူဆန်
မှာလက်ရှိအချိန်တွင်ဖလားနှစ်လုံးရယူထားနိုင်ပြီးနောက်ထပ်ချန်ပီယံလိဂ်ဖလား၊ပရီးမီးယားလိဂ်ဖလားနှင့်
အက်ဖ်အေဖလားတို့ ကိုရယူနိုင်ရန်လက်တကမ်းအလို၌ရှိနေသည်။အသက်၆၇နှစ်အရွယ်ရှိဆာအဲလက်စ်ဖာ
ဂူဆန်သည်မန်ယူအသင်းကို၂၆နှစ်ခန့် ဦးဆောင်မှုပေးခဲ့သောကမ္ဘာ့သက်တမ်းအရှည်ကြာဆုံးနည်းပြတစ်ဦး
ဖြစ်သည်။(အင်တာနက်)
Xxx ကွန်ဖြူးရှပ်အဖြစ် ချောင်ယွင်ဖက်သရုပ်ဆောင်မည်….
တရုတ်နိုင်ငံ၏ နာမည်ကျော် ရုပ်ရှင်မင်းသား ချောင်ယွင်ဖတ်သည် ၎င်းသရုပ်ဆောင်နေကျ ပုံစံမျိုးဖြစ်သည့် အထိုးအကြိတ်၊ အသတ်အပုတ်များမှ ခွဲထွက်ပြီး အလွန်ငြိမ်းချမ်းသည့် သူတော်စင်ကြီး ကွန်ဖြူးရှပ်စ်အဖြစ် သရုပ်ဆောင်မည်ဖြစ်ကြောင်း သိရှိရသည်။ (၂၀၀၀)ပြည့်နှစ်က တရုတ်သိုင်းရုပ်ရှင Crouching Tiger, Hidden Dragonတွင် ပါဝင်သရုပ်ဆောင်ခဲ့သည့် ဟောင်ကောင်မင်းသားသည် (၁၉၈၀)နှင့် (၁၉၉၀)ပြည့်နှစ်များ အတွင်းကတည်းက တိုက်ခိုက်မှုအသားပေး ရုပ်ရှင်ဇာတ်ကားများကို ဆက်တိုက်ရိုက်ကူးခဲ့သူဖြစ်သည်။ သို့သော်လည်း ယခုအခါတွင် ကမ္ဘာ့ငြိမ်းချမ်းရေး ၀ါဒီကြီးတစ်ဦးအဖြစ် အသိအမှတ်ပြု ခံထားရသည့် ကွန်ဖြူးရှပ်စ်နေရာတွင် ချောင်တစ်ယောက် သရုပ်ဆောင်ခွင့် ရတော့မည်ဖြစ်သည်။ ကွန်ဖြူးရှပ်စ်သည် ကမ္ဘာ့အရှေ့ဖျား နိုင်ငံအတော်များများတွင် တန်ဖိုးထား လေးစားကြရသည့် ရွှေရောင်စည်းမျဉ်းများဆိုသည့် အယူဝါဒ လမ်းစဉ်များကို ချမှတ်ခဲ့သူဖြစ်သည်။ ထိုစည်းမျဉ်းများက လူတိုင်းလူတိုင်းသည် စာနာထောက်ထားမှုနှင့် အချင်းချင်း အပြန်အလှန် ဆက်ဆံရမည်ဟု သင်ကြားထားသည်။ သူတော်စင်ကြီး ကွန်ဖြူးရှပ်စ်၏ ဘ၀သရုပ်ဖော် ရုပ်ရှင်ဇာတ်ကားကို ဒါရိုက်တာဟူမီက ဧပြီလအတွင်း စတင်ရိုက်ကူးမည်ဖြစ်ပြီး အသက်(၅၃)နှစ်ရှိ မင်းသားချောင်က ဦးဆောင်ပါဝင်မည်ဟု ရုပ်ရှင်ထုတ်လုပ်သူများက အတည်ပြုခဲ့သည်။ ချောင်ယွင်ဖတ်သည် ယခုနှစ်ကုန်ပိုင်းတွင် Dragonball Evolutionဇာတ်ကား၌ ပါဝင်သရုပ်ဆောင်မည်ဟုလည်း သတင်းရရှိသည်။
Xxx ဒီယေဂိုဖော်လန်အားခေါ်ယူနိုင်ရန် မန်စီးတီးအသင်း ကြိုးပမ်းနေ…
စပိန်လာလီဂါကလပ် အက်သလတ်တီကိုမက်ဒရစ်မှ ရှေ့တန်းသမား ဒီယေဂိုဖော်လန်အား ခေါ်ယူသွားရန် မန်ချက်စတာစီးတီးအသင်းက ကြိုးပမ်းနေကြောင်း သိရသည်။ ဘလက်ဘန်းရိုဗာ တိုက်စစ်မှူး ရောကွေးဆန်တာခရုဇ်အား ခေါ်ယူရန် အကြိမ်ကြိမ်အားထုတ်ခဲ့သော်လည်း အဆင်မပြေသဖြင့် ရှေ့တန်းအားဖြည့်လိုသော မန်ချက်စတာစီးတီးသည် မန်ချက်စတာယူနိုက်တက် ရှေ့တန်းလူဟောင်းအား မျက်စိကျလာခြင်းဖြစ်သည်။ အသက်(၂၈)နှစ်အရွယ် ဥရုဂွေးလက်ရွေးစင် တိုက်စစ်မှူးသည် မန်ချက်စတာယူနိုက်တက်အတွက် (၂၀၀၂)ခုနှစ်မှ (၂၀၀၄)ခုနှစ်ထိ ကစားပေးခဲ့ပြီး ခြေစွမ်းမပြနိုင်သဖြင့် ဝေဖန်မှုများ ကြုံခဲ့ရသည်။ သို့သော်လည်း စပိန်အသင်း ဗီလာရီးယဲလ်သို့ ပြောင်းရွှေ့သွားပြီးနောက် ဥရောပ ဂိုးသွင်းဘုရင်အဖြစ် ရွှေဖိနပ်ဆုကို ရယူနိုင်ခဲ့ပြီး ယခုအချိန်တွင်လည်း လက်ရှိကလပ်ဖြစ်သည့် အက်သလတ်တီကိုတိုက်စစ်ကို အကောင်းဆုံးဦးဆောင်ကာ ဂိုးများသွင်းယူပေးနေသဖြင့် ဖော်လန်အား မန်ချက်စတာစီးတီးက စိတ်ဝင်စားလာခြင်းဖြစ်သည်။ ဖော်လန်၏ အေးဂျင့်ဖြစ်သူ ဒယ်နီယယ်လ် ဘိုလော့တ်နီကော့ဖ်က ၎င်း၏ကစားသမားအတွက် မန်ချက်စတာစီးတီးက စုံစမ်းမှုများ ပြုလုပ်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ သို့သော်လည်း အက်သလတ်တီကိုက ဖော်လန်အား ရရှိလိုသည့် မည်သည့်အသင်းမဆို ပေါင်စတာလင် သန်း(၃၀)ထိ ပေးချေရမည်ဖြစ်ကြောင်း ကြိုတင်ကြေညာထားသည်။ ဖော်လန်က ၎င်းအနေနှင့် အခွင့်အရေးရမည်ဆိုလျင် အင်္ဂလန်ပရီးမီးယားလိဂ်သို့ ပြန်လာချင်သေးကြောင်း ပြောဆိုထားဖူးရာ မန်ချက်စတာစီးတီးအနေနှင့် မြို့ခံပြိုင်ဘက်၏ တိုက်စစ်မှူးဟောင်းကို ကြေးကြီးကြီးဖြင့် ကမ်းလှမ်းပါက အဆင်ပြေဖွယ်ရှိကြောင်း သတင်းများက ဖော်ပြခဲ့ကြသည်။
Xxx ချယ်လ်ဆီးကိုအနိုင်ဂိုးသွင်းပြီး ဝေဖန်မှုများကို တုံ့ပြန်နိုင်ခဲ့သည့် လူကာမိုဒရစ်…
ချယ်လ်ဆီးကို (၁-၀)ဖြင့် အနိုင်ရပြီးနောက် တော့တင်ဟမ်ဟော့စပါးမှ ကွင်းလယ်လူ လူကာမိုဒရစ်က ၎င်းအပေါ် ဝေဖန်နေမှုများကို အကောင်းဆုံးတုန့်ပြန်နိုင်ခဲ့ပြီဟု ကြုံးဝါးလိုက်သည်။ ခရိုအေးရှား လက်ရွေးစင် အလယ်တန်းသမားသည် ထိုပွဲတွင် အကောင်းဆုံး ခြေစွမ်းပြခဲ့ပြီး ချယ်လ်ဆီးအသင်း နောက်ခံလူများကြားထဲမှ တစ်လုံးတည်းသော အနိုင်ဂိုးကို ကန်သွင်းယူသွားခဲ့သည်။ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ ကာလကမှ စပါးအသင်းသို့ ခရိုအေးရှားကလပ် ဒိုင်နမိုဇာဂရက်ဘ်မှ ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၁၅.၈)သန်းဖြင့် ပြောင်းရွှေ့လာသူ မိုဒရစ်သည် ကနဦး ပရီးမီးယားလိဂ် ပွဲစဉ်များတွင် စပါးအသင်း ကစားကွက်နှင့် အထိုင်မကျဘဲ ရုန်းကန်နေရသဖြင့် ပရိသတ်များက ပေးရသည့်ဈေးနှင့် မထိုက်တန်ကြောင်း ဝေဖန်ခဲ့သည်။ သို့သော်လည်း ချယ်လ်ဆီးနှင့်ပွဲ ပြီးဆုံးချိန်တွင်မူ မိုဒရစ်က ၎င်းသည် ပရီးမီးယားလိဂ်၏ အကောင်းဆုံး အလယ်တန်း ကစားသမားအဖြစ် သက်သေပြနိုင်ခဲ့ပြီဟု ဆိုသည်။ ချယ်လ်ဆီးအား ဂိုးသွင်းယူနိုင်ခဲ့သည့် အခိုက်အတန့်သည် ၎င်း၏ဘ၀တွင် အလင်းလက်ဆုံး ကာလတစ်ခုဖြစ်ကြောင်း၊ ဝေဖန်မှုများကို ကြံ့ကြံ့ခံကာ အကောင်းဆုံး ကြိုးစားခဲ့မှု၏ ရလဒ်အဖြစ် ယခုကဲ့သို့ ခြေစွမ်းပြနိုင်ခဲ့ခြင်းဖြစ်ကြောင်း မိုဒရစ်ကဆိုသည်။ ထို့အပြင် မိုဒရစ်က ၎င်း၏အနိုင်ဂိုးကို လှလှပပ ဖန်တီးပေးခဲ့သည့် အင်္ဂလန်တောင်ပံလူ အာရွန်လင်နွန်ကိုလည်း ချီးကျူးခဲ့သည်။ မိုဒရစ်က လင်နွန်သည် အမှန်တကယ် အရည်အချင်းရှိသူဖြစ်ကြောင်း၊ ခြေစွမ်းမပြနိုင်ခဲ့သည့် ကာလများကို ကျော်ဖြတ်ပြီး အသင်းကို အကောင်းဆုံး ဦးဆောင်နေသဖြင့် အင်္ဂလန်လက်ရွေးစင် အသင်းအတွက် ထိုက်တန်စွာ ပြန်လည်ရွေးချယ်ခံရသူဖြစ်ကြောင်း မှတ်ချက်ပြု ပြောဆိုသွားသည်။
Xxx မန်ယူမှဗီဒစ်ဘယ်အသင်းမှမပြောင်းပါ….
မန်ချက်စတာယူနိုက်တက် ဗဟိုခံစစ်မှူး နီမန်ဂျာဗီဒစ်၏ အေးဂျင့်ဖြစ်သူက ကစားသမားနှင့်ပတ်သတ်ပြီး ထွက် ပေါ်နေသော အပြောင်းအရွှေ့ သတင်းများသည် ကောလဟာလများသာဖြစ်ကြောင်း ပြောကြားလိုက် သည်။ အသက်(၂၆)နှစ်အရွယ် ဆာဘီးယားနိုင်ငံတကာ နောက်ခံလူသည် လီဗာပူးလ်အား မန်ချက်စတာက အိမ်ကွင်း တွင် (၄-၁)ဖြင့် အရေးနိမ့်သည့် ပရီးမီးယားလိဂ်ပွဲစဉ်တွင် တိုက်ရိုက်အနီကတ်ဖြင့် အထုတ်ခံရပြီးနောက် နှစ်ပွဲပယ်ပြစ်ဒဏ် ချမှတ်ခြင်း ခံထားရသည်။ သို့သော်လည်း ရာသီတလျှောက်လုံး အထူးခြေစွမ်းပြလာသည့် အဆိုပါ နောက်တန်းအလယ်လူကို အီတလီဘောလုံးလောက၏ ဘီလူးကြီးများဖြစ်သော မီလန်မြို့ခံနှစ်သင်းလုံးက အလိုရှိနေကြသည်။ သတင်းများ၏ အဆိုအရ မာကြောကြံခိုင်သော ဗီဒစ်အား နောက်တန်းအားနည်းနေသည့် အေစီမီလန်က အလိုရှိနေသလို အင်တာမီလန်နည်းပြ ဟိုဆေးမော်ရင်ဟိုကလည်း အလိုရှိနေကြောင်း သိရှိရသည်။ သို့သော်လည်း ယခုနှစ်၏ ပရီးမီးယားလိဂ် အကောင်းဆုံး ဘောလုံးသမားဆုကို ဆွတ်ခူးနိုင်မည်ဟု ထိပ်ဆုံးနေရာမှ ရေပန်းစားနေသည့် ဗီဒစ်၏ အေးဂျင့်ဖြစ်သူ အီတလီလူမျိုး ဆီလ်ဗာနိုမာတီနာက သတင်းများအား ငြင်းဆန်ပြီး ၎င်း၏ကစားသမားသည် အင်္ဂလန်နှင့် ဥရောပချန်ပီယံအသင်းနှင့်အတူ ဆက်ရှိနေမည်ဖြစ်ကြောင်း အတည်ပြု ပြောဆိုခဲ့သည်။ ဗီဒစ်သည် ၎င်း၏အနာဂတ်ကို အိုးလ်ထရတ်ဖို့ဒ်ကွင်းကြီးတွင်သာ မြှုပ်နှံထားပါသည်ဟု ဆီလ်ဗာနိုကဆိုသည်။ ၎င်းက အီတလီကလပ်များအနေနှင့် ဗီဒစ်အား ရရှိရန် မည်သို့မျှ ကြံဆောင်နိုင်မည် မဟုတ်ပါဟု ဆိုသည်။ ဗီဒစ်သည် ဥရောပချန်ပီယံအသင်း၏ အထင်ကရ နောက်ခံလူတစ်ဦးဖြစ်ပြီး ထိုအသင်းမှ တဆင့်နိမ့်သော အသင်းများကို စိတ်မ၀င်စားပါကြောင်း ပြောဆိုခဲ့သည်။ သို့သော်လည်း ၎င်း၏ ကစားသမားသည် အင်တာမီလန်နှင့် ဖီအိုရင်တီးနားတို့သို့ ပြောင်းရွှေ့ရန် နီးစပ်ခဲ့ဖူးသေးကြောင်း ဆီလ်ဗာနိုက ၀န်ခံသွားသည်။
xxxနောက်ထပ်ကလေးယူချင်သေးတဲ့ ဂျနီဖာလိုပက်ဇ် xxx
ဂျနီဖာလိုပက်ဇ်က နောက်ထပ်သားသမီးများ ရလိုသေးကြောင်း ပြောကြားလိုက်သည်။ နာမည်ကျော် အဆိုတော် ရုပ်ရှင်မင်းသမီးသည် ခင်ပွန်းဖြစ်သူ မတ်အန်တိုနီနှင့် မက်စ်နှင့်အီမာ အမည်ရှိသော အမြွှာကလေးငယ် နှစ်ဦးကို ဖွားမြင်ပြီးဖြစ်သည့်တိုင် လင်မယားနှစ်ဦး နောက်ထပ်ကလေးယူရန် စီစဉ်နေကြောင်း ပြောကြားလိုက်သည်။ လိုပက်ဇ်က “ကျွန်မနောက်ထပ် ကလေးတွေမွေးဖို့ အမြဲစိတ်ကူး ယဉ်နေမိပါတယ်။ ကလေးတွေ များများမွေးလို့ ကျွန်မတို့အတွက် တာဝန်ကြီးလာတယ်လို့ မထင်ပါဘူး”ဟု ပြောဆိုခဲ့သည်။ အသက်(၃၉)နှစ်အရွယ် ဟောလီးဝုဒ် Celebrityက သူမ၏ ခင်ပွန်းကိုယ်တိုင်လည်း နောက်ထပ်သားသမီး ရယူလိုသည့် ဆန္ဒရှိကြောင်း အမေရိကန် ရုပ်မြင်သံကြား အစီအစဉ် Access Hollywoodနှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။ လိုပက်ဇ်က သူမအနေနှင့် မိခင်တစ်ဦးဘ၀တွင် ပျော်မွေ့နေပြီး မိခင်တစ်ယောက် ဖြစ်လာချိန်တွင် သူမနဂိုက မျှော်လင့်သည်ထက် လူနေမှုဘ၀ပုံစံ ပြောင်းလဲသွားကြောင်း ၀န်ခံခဲ့သည်။ သူမအနေနှင့် အလုပ်အားသည်နှင့် ကလေးနှစ်ယောက်အကြောင်းကိုသာ တွေးနေမိကြောင်း လိုပက်ဇ်ကဆိုသည်။ သူမအနေနှင့် ကလေးများနှင့် အကြာကြီးမခွဲနိုင်သည့်တိုင် ယခုအခါတွင် အလုပ်အတွက် ကလေးနှစ်ဦးကို ကလေးထိန်းများနှင့် ထားခဲ့ရန် စဉ်းစားနေရပြီဖြစ်ကြောင်း၊ ထိုကိစ္စကို အဆင်ပြေအောင် ဆောင်ရွက်ရန် မတ်နှင့်တိုင်ပင်လျက်ရှိကြောင်း လိုပက်ဇ်က ပြောကြားသွားသည်။
xxx Spider Man 4 မင်းသမီးအဖြစ် ခရစ္စတီယန်ဒတ်စ် ဆက်လက်သရုပ်ဆောင်ဘွယ် ရှိxxx
Spider Man 4ဇာတ်ကားတွင်လည်း မင်းသမီး ခရစ္စတီယန်ဒတ်စ်ကို ဆက်လက်အသုံးပြုသွားမည်ဟု ဒါရိုက်တာဖြစ်သူက ပြောကြားခဲ့သည်။ ဒါရိုက်တာ ဆမ်ရိုင်မီသည် ပြီးခဲ့သော Spider Manဇာတ်လမ်း (၃)ခုလုံးကို တာဝန်ယူ ရိုက်ကူးပေးခဲ့ပြီး ယခုအခါတွင် (၄)ကားမြောက် Spider Manအတွက် ပြင်ဆင်နေပြီဖြစ်သည်။ IGNနှင့် အင်တာဗျူး အစီအစဉ်တွင် ရိုင်မီက မင်းသားတိုနီမက်ဂွိုင်းနှင့် တွဲဖက်သရုပ်ဆောင်ရန် ဒတ်စ်ကိုသာ ဆက်လက်ရွေးချယ်ရန် စဉ်းစားထားကြောင်း ပြောဆိုသွားသည်။ သူမသည် Spider Man၏ချစ်သူ မေရီဂျိမ်းစ်ဝပ်ဆန်အဖြစ် သရုပ်ဆောင်ရသူဖြစ်သည်။
သို့သော်လည်း ရိုင်မီက မင်းသမီးနှင့် ညှိနှိုင်းမှုများ မပြုလုပ်ရသေးကြောင်းလည်း ၀န်ခံခဲ့သည်။ ၎င်းအနေနှင့် ဒတ်စ်အား ဆက်လက် ပါဝင်စေလိုပြီး သူမသာ မပါဝင်ခဲ့လျင် Spider Manဇာတ်ကားသည် အရသာ ပေါ့သွားနိုင်ကြောင်း ခန့်မှန်းခဲ့သည်။ အခြားသော သတင်းများအရ ရိုင်မီနှင့် Spider Manထုတ်လုပ်သူများသည် ထိုဇာတ်ကား အပိုင်း(၄)နှင့် (၅)တို့ကို တပေါင်းတည်းရိုက်ကူးသွားရန် ညှိနှိုင်းနေကြောင်း ဖော်ပြခဲ့ကြသည်။ ရိုင်မီက ဇာတ်ကားအတွက် ထုတ်လုပ်သူ၊ ဇာတ်ညွှန်း၊ မင်းသား၊ မင်းသမီးများအားလုံး အဆင်သင့် ဖြစ်နေသဖြင့် နှစ်ကားလုံးကို တစ်ပေါင်းတည်း ရိုက်ကူးသွားရန် ဖြစ်နိုင်ကောင်း ၀န်ခံခဲ့သည်။ သို့သော်လည်း လက်တလော အခြေအနေတွင် Spider Man 4 အတွက်သာ အဓိကအာရုံစိုက်ထားကြောင်း ရိုင်မီက ထုတ်ဖော်ပြောဆိုသွားသည်။
Xxx အင်တာနက်ပေါ်မှအိုစမာဘင်လာဒင်အသံxxx
အယ်လ်ကေးဒါး အကြမ်းဖက်ခေါင်းဆောင် အိုစမာဘင်လာဒင်သည် ဆိုမာလီယာမှ စစ်သွေးကြွများအား လက်ရှိအစိုးရသစ်နှင့် အမေရိကန်နိုင်ငံတို့ကို ဆန့်ကျင်ဖြုတ်ချရန် ဆော်ဩလိုက်သည်။ မတ်လ(၁၉)ရက်နေ့က (၁၁)မိနစ်ခွဲစာမျှ အသံသွင်းထားသည့် တိပ်ခွေတစ်ခုကို အင်တာနက်တွင် လွှင့်တင်ပြီး ရွေးကောက်ခံ သမ္မတ ရှိတ်ခ်ရှာရစ်ဖ်ရှိတ်ခ် အာမက်ကို ဆန့်ကျင်ကြရန် တိုက်တွန်းထားသည်။ ထိုတိပ်ကြောင့်ပင် အာဖရိကရှိ မင်းမဲ့စရိုက် အကြီးမားဆုံး နိုင်ငံတစ်ခုအဖြစ် နိုင်ငံတကာက မှတ်ယူထားသည့် ဆိုမာလီယာနိုင်ငံ၏ အစိုးရအတွက် ထိတ်လန့်စရာ ဖြစ်လာခဲ့သည်။ အာမက်သည် ဇန်န၀ါရီလကမှ အာဏာရလာခဲ့သူုဖြစ်ပြီး အစိုးရအဖွဲ့ အင်အားပိုမို တောင့်တင်းလာစေရေး နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်ရန် စတင်ကြိုးပမ်းလာနေသူဖြစ်သည်။ အာမက်မတိုင်မီက ဆိုမာလီအစိုးရများသည် မြို့တော်မိုဂါဒစ်ရှူးနှင့် ပတ်ဝန်းကျင်ဒေသတွင်သာ ဩဇာရှိပြီး တစ်နိုင်ငံလုံးကိုမူ မွတ်ဆလင်စစ်သွေးကြွများက ထိန်းသိမ်းထားသည်။ မျှတသော အမြင်ရှိသည့် အာမက်သည် ထိုအခြေအနေကို ပြောင်းပြန်လှန်ရန် အားထုတ်လျက်ရှိပြီး ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ အဖွဲ့အစည်းများနှင့် လက်တွဲဆောင်ရွက်ရန် စဉ်းစားလျက်ရှိရာ ဘင်လာဒင်က အာမက်သည် မွတ်ဆလင်ဘာသာကို သစ္စာဖောက်ဖျက်သူဟူ၍ စွပ်စွဲပြောကြားလိုက်သည်။
ဘင်လာဒင်၏ အယ်လ်ကေးဒါး မွတ်ဆလင်စစ်သွေးကြွ အဖွဲ့များသည် ကုလသမဂ္ဂ ယာဉ်တန်းများကို ဦးတည်တိုက်ခိုက်လေ့ရှိသလို နိုင်ငံခြားသားများအား မျက်မုန်းကျိုးလျက်ရှိရာ အာမက်၏ အားထုတ်မှုများကို မည်သို့မျှ လက်မခံနိုင်ဘဲ ဖြစ်နေကြသည်။ ဘင်လာဒင်၏ အသံသွင်းတိပ်ခွေတွင် ရဲရင့်သော မွတ်ဆလင် စစ်သည်တော်များအနေနှင့် ကင်ညာနိုင်ငံမှ အမေရိကန်တပ် စောင့်ရှောက်နေသော ကုလသမဂ္ဂ ဒုက္ခသည်စခန်းကိုပါ တိုက်ခိုက်ရန် နှိုးဆော်ထားသည်။ ဘင်လာဒင်က အာမက်သည် အသားထဲကလောက်ပင်ဖြစ်ပြီး မွတ်ဆလင်တို့အား နောက်ကျောက ဓားနှင့်ထိုးမည့်သူဟု ပြောကြားထားသည်။ ဆိုမာလီအစိုးရအနေနှင့် ဘင်လာဒင်၏ တိပ်ခွေအရေးကို အထူးသတိပြုနေပြီး (၁၇)နှစ်ကြာမျှ ဖြစ်ပွားနေခဲ့သော နိုင်ငံတွင်း အရှုပ်အထွေးများ ပိုမိုဆိုးရွားလာမည်ကို ကြောက်ရွံ့လျက်ရှိသည်။ အမေရိကန်သည် ဆိုမာလီရှိ စစ်သွေးကြွများကို တိုက်ခိုက်နှိမ်နင်းရန် (၁၉၉၀)က ထိုနိုင်ငံအတွင်း လာရောက် တပ်စခန်းချခဲ့ဖူးပြီး (၁၉၉၃)ခုနှစ်က ဆင်နွှဲခဲ့သည့် Black Hawk Downတိုက်ပွဲအတွင်း အမေရိကန်စစ်သည် (၁၈)ဦးနှင့် ဆိုမာလီစစ်သွေးကြွ ရာနှင့်ချီမျှ သေကြေပျက်စီးခဲ့သည်။ အသံသွင်းတိပ်ခွေအတွင်း ဘင်လာဒင်က "ဆိုမာလီ၏ စစ်မှန်သော သားကောင်းရတနာများသည် တိုက်ပွဲဝင်ရန် အဆင်သင့်ရှိနေကြပါ"ဟု နှိုးဆော်ထားပြီး အမေရိကန်အစိုးရက ဆိုမာလီတွင် အယ်လ်ကေးဒါးတို့ ဩဇာကြီးမားလာမှုကို ဂရုတစိုက် လေ့လာလျက်ရှိကြောင်း သတင်းထုတ်ပြန်ခဲ့သည်။
Xxx အပေးအကမ်းရက်ရောသည့် ဟီလာရီဒပ်ဖ်…..
ဟောလီးဝုဒ်မှ နာမည်ကြီး အဆိုတော် ရုပ်ရှင်မင်းသမီးလေး ဟီလာရီဒပ်ဖ်သည် ငွေကြေး အပေးအကမ်း ရက်ရောသူလေး တစ်ဦးဟု သူမ၏ မိတ်ဆွေများက ထောက်ခံပြောကြားခဲ့သည်။ သူမသည် ဟောလီးဝုဒ် တွင် ဘောက်ဆူးပေးမှု အရက်ရောဆုံး Celebrityတစ်ဦးဖြစ်ပြီး တခါတရံတွင် သူမစားသောက်သည့်ဆိုင်များမှ စားပွဲထိုးဝန်ထမ်းများကို ဒေါ်လာရာဂဏန်းထိ ပေးခဲ့ကြောင်း သိရသည်။ မကြာသေးမီက Byron & Tracey အလှပြင်ခန်းမအတွင်း သူမ၏ ဆံပင်ကို အရောင်ဆိုးခဲ့ရာတွင် ဒေါ်လာ(၂၅၀)မျှ ကျသင့်သော်လည်း ဟီလာရီက ဆံပင်ဆေးဆိုးမှုကို စိတ်ကျေနပ်သည်ဟုဆိုကာ ဒေါ်လာ(၂၀၀) အပိုဆောင်းပေးခဲ့သည်။ ဟီလာ ရီ၏ သူငယ်ချင်းတစ်ဦးက Starမဂ္ဂဇင်းသို့ ပြောကြားခဲ့ရာတွင် ဟီလာရီသည် တစုံတယောက်အား ပေးကမ်းရန် ဒေါ်လာရာတန်တစ်ရွက်ကို အိတ်ထဲမှ ဆွဲထုတ်ဖို့ ဘယ်သောအခါမှ ၀န်မလေးတတ်ဟု ပြောကြားခဲ့သည်။ သူမအနေနှင့် ဟီလာရီနှင့် လည်ပတ်ရာတွင် ဟီလာရီတစ်ယောက် (၅)ဒေါ်လာ၊ (၁၀)ဒေါ်လာ၊ (၂၀)တန် ဒေါ်လာငွေစက္ကူများ ထုတ်ပေးသည်ကို တစ်ခါမှ မမြင်ဖူးကြောင်း၊ သူမတွေ့သည်မှာ ဟီလာရီ ဘောက်ဆူးပေးသမျှသည် ဒေါ်လာ(၁၀၀)တန်များသာ ဖြစ်နေတတ်ကြောင်း ပြောဆိုသွားသည်။ ဟီလာရီ၏မိခင် ဆူဆန်သည် မိတ်ကပ်ပြင် ပညာရှင်တစ်ဦးဖြစ်ပြီး Celebrityတစ်ဦးထံမှ ဘောက်ဆူးရတိုင်း ပျော်ရွှင်နေလေ့ရှိသည်ကို ဟီလာရီက မှတ်သားထားမိပြီး ယခုကဲ့သို့ ဘောက်ဆူးများများ ပေးခြင်းဖြစ်ကြောင်းလည်း သိရသည်။ ဟီလာရီ၏ ရက်ရောမှုသည် သူမ၏ချစ်သူ မိုက်ခ်ကော်မရီထံသို့လည်း ကူးစက်သွားပြီဖြစ်ပြီး မိုက်ခ်သည် ဟီလာရီနှင့်မတွေ့ဆုံမီက ကျသင့်ငွေ၏ (၁၅)ရာခိုင်နှုန်းမျှ ဘောက်ဆူးပေးလေ့ ရှိသော်လည်း ယခုအခါ ကျသင့်ငွေ၏ (၅၀)ရာခိုင်နှုန်းထိတိုးပြီး ဘောက်ဆူးပေးနေကြောင်း သူငယ်ချင်းများက ပြောကြားသွားခဲ့သည်။
Xxx အေမီဝိုင်းဟောက်စ် အမှုဖြစ်ပြန်ပြီ……
ပြဿနာများဖြင့် ပျော်မွေ့တတ်သူ အေမီဝိုင်းဟောက်စ်သည် တရားရုံးတွင် အမှုရင်ဆိုင်နေရပြန်သည်။ အမျိုးသမီးတစ်ဦးအား ကိုယ်ထိလက်ရောက် စော်ကားတိုက်ခိုက်ခဲ့မှုအတွက် သူမတွင် အပြစ်မရှိကြောင်း အေမီဝိုင်းဟောက်စ်က တရားရုံးတွင် လျှောက်လဲသွားသည်။ လန်ဒန်မြို့ ၀က်စ်မင်နစ်စတာ မြို့တော်တရားရုံးတွင် မတ်လ (၁၇)ရက်နေ့က လာရောက်အမှုရင်ဆိုင်စဉ် ယခုလို ပြောကြားခဲ့ခြင်းဖြစ်သည်။ (၂၀၀၈)ခုနှစ်၊ စက်တင်ဘာလကုန်ပိုင်းက Summer Ballတွင် သူမအား ဓာတ်ပုံရိုက်ရန် တောင်းဆိုခဲ့သည့် အမျိုးသမီး ပရိသတ်အား ထိုးကြိတ်ခဲ့မှုအတွက် လာရောက်အစစ်ဆေးခံသည့် အေမီဝိုင်းဟောက်စ်မှာ ပန်းပွင့်များပါသည့် မီနီစကတ်အား တရားရုံးထိ ၀တ်ဆင်လာခဲ့သည်။ တရားလို ရှယ်ရိန်းဖလက်ရှ်က အေမီသည် သူမမျက်နှာကိုထိုးပြီး ထွက်ပြေးသွားကြောင်း စွပ်စွဲခဲ့သော်လည်း အေမီက လုံးဝမဟုတ်ပါဟု တုန့်ပြန်ခဲ့သည်။ အသက်(၂၅)နှစ်အရွယ် ၀ိုင်းဟောက်စ်သည် ပြဿနာမျိုးစုံ ကြုံရလေ့ရှိသူဖြစ်ပြီး ထိုနေ့ကလည်း တရားရုံးသို့ ဖခင်ဖြစ်သူနှင့် လာရောက်ခဲ့ရာ နောက်ကျနေသည့်အတွက် ရှေ့နေက တရားသူကြီးများအား တောင်းပန်ခဲ့ရသေးသည်။ အေမီအနေနှင့် အမှုမပြတ်သေးသဖြင့် နောက်ထပ်ရုံးချိန် လာရဦးမည်ဖြစ်ကြောင်းလည်း တရားရုံးမှ တာဝန်ရှိသူများက ထုတ်ဖော်ပြောဆိုထားသည်။
Xxx ပရီးမီးယားလိဂ်ကို လွမ်းနေတဲ့ ကနူတေး…..
စပိန်လာလီဂါကလပ် ဆီဗီးလားတိုက်စစ်မှူး ဖရက်ဒရစ် ကနူတေးက ၎င်းသည် အင်္ဂလန်ပရီးမီးယားလိဂ်တွင် တကျော့ပြန် အောင်မြင်မှုများ ရရှိလိုကြောင်း အတည်ပြု ပြောကြားလိုက်သည်။ အသက်(၃၁)နှစ်အရွယ် မာလီလက်ရွေးစင် ရှေ့တန်းလူသည် ၀က်စ်ဟမ်းယူနိုက်တက်နှင့် တော့တင်ဟမ် ဟော့စပါးတို့တွင် ကစားခဲ့ဖူးပြီး ပရီးမီးယားလိဂ် အတွေ့အကြုံ ရင့်ကျက်နေသူဖြစ်သည်။ ၎င်းသည် (၂၀၀၅)ခုနှစ်က ဆီဗီးလားသို့ စပါးမှတဆင့် ပြောင်းရွှေ့ကြေး ပေါင်စတာလင် (၃.၈)သန်းမျှဖြင့် ဆီဗီးလားသို့ ရောက်လာပြီးနောက် ပင်မတိုက်စစ်မှူးအဖြစ် ခြေစွမ်းပြလျက်ရှိသည်။ ယခုအခါ ကနူတေးအား အသင်းဟောင်း စပါးအပါအ၀င် ဥရောပအသင်း အတော်များများက စိတ်ဝင်စားလျက်ရှိသည်။ ကနူတေးသည် ဆီဗီးလားအသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ညှိနှိုင်းဆဲဖြစ်သော်လည်း အင်္ဂလန်ကလပ်အသင်း တစ်သင်းသင်းသို့ သွားကစားလိုသည့် ဆန္ဒကို ဖုံးကွယ်မထားချေ။ ၎င်း၏အေးဂျင့်အား အင်္ဂလန်ကလပ်အသင်း အချို့တို့က စိတ်ဝင်တစား ဆက်သွယ်လာမှုအတွက် ကျေနပ်ဝမ်းမြောက်မိကြောင်း ကနူတေးက ၀န်ခံခဲ့သည်။ ဆီဗီးလားသည် ဥရောပတွင် အောင်မြင်မှုရရှိနေသည့် အသင်းတစ်သင်းဖြစ်သော်လည်း ၎င်း၏ အင်္ဂလန်ပြန်ရေး အိပ်မက်များကို မစွန့်လွှတ်နိုင်ပါဟု ကနူတေးကဆိုသည်။ ၎င်းအနေနှင့် အသက်အရွယ်ပိုင်းအရ အကျပိုင်း ရောက်လာပြီဆိုသည်ကို လက်ခံသော်လည်း အင်္ဂလန်ဘောလုံးလောကတွင် တကျော့ပြန် အောင်မြင်မှုများ ရရှိနိုင်ရန် ကျန်းမာကြံ့ခိုင်နေဆဲဟု မိမိကိုယ်ကိုယ်ယုံကြည်ထားကြောင်း ကနူတေးက ထုတ်ဖော်ပြောဆိုသွားသည်။
xxx ကမ္ဘာ့အချမ်းသာဆုံး ဆယ်ကျော်သက်လူငယ် ဟယ်ရီပေါ်တာမင်းသား…..
Forbesမဂ္ဂဇင်းက ကောက်ခံခဲ့သော ကမ္ဘာ့အချမ်းသာဆုံး ဆယ်ကျော်သက် လူငယ်များစာရင်းတွင် ဒယ်နီယယ်လ်ရက်ကလစ်ဖ်သည် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိသည်။ အသက်(၁၉)နှစ် ရှိနေပြီဖြစ်သော
ဟယ်ရီပေါ့တား မင်းသားသည် မိုင်လီဆိုင်းရပ်စ်နှင့် ဒါကိုတာဖလင်းမင်းတို့အား ကျော်ဖြတ်ပြီး ထိပ်ဆုံး
တွင် ရှိနေခဲ့ခြင်းဖြစ်သည်။ ဗြိတိသျှ မင်းသားနှင့်အတူ အဘီဂေးလ် ဘရီဆလင်းနှင့် ဟေဒန်ပန်နက်တရီ
ီတို့သည်လည်း ထိပ်ဆုံး(၅)ဦး စာရင်းဝင်ခဲ့သည်။ ရက်ကလစ်ဖ်၏ သူငယ်ချင်းဖြစ်သည့် ဟယ်ရီပေါ်တာ
မင်းသမီးလေး အီမာဝတ်ဆန်နှင့် ဂျူလီယာရောဘတ်စ်၏ တူမဖြစ်သူ အမ်မာတို့မှာလည်း ထိပ်တန်း
(၁၀)ဦးတွင် စာရင်းဝင်ခဲ့သည်။ ရက်ကလစ်ဖ်သည် (၂၀၀၁)ခုနှစ်က ဂျေကေရိုးလင်း၏ ဟယ်ရီပေါ်တာ
စာအုပ်ကို ရုပ်ရှင်အဖြစ် ရိုက်ကူးရာတွင် အဓိကပါဝင် သရုပ်ဆောင်ခွင့် ရလာပြီးနောက်ပိုင်း ၎င်း၏၀င်ငွေ
မှာ တစထက်တစ တိုးတက်လာခဲ့သည်။ Forbesသည် ထိပ်တန်းဝင်ငွေကောင်းသူ ဆယ်ကျော်သက်များ
စာရင်းကို ဖော်ပြခဲ့သော်လည်း ၎င်းတို့၏ ငွေကြေးကြွယ်ဝမှုကို တိတိကျကျ ထုတ်ပြန်ခြင်း မရှိသေးပေ။
ရက်ကလစ်ဖ်အနေနှင့် ဟယ်ရီပေါ့တား နောက်ဆုံးဇာတ်လမ်း The Deathly Hallowsမှ ရရှိလာမည့် ၀င်
ငွေများကြောင့် ပိုမိုကြွယ်ဝလာဦးမည်ဟု Forbesက ခန့်မှန်းထားသည်။
Xxx ဂျက်စတင်တင်းဘားလိတ်နှင့် ဂျက်ဆီကာဘေလ်တို့ လက်ထပ်တော့မည်…….
Popဂီတ ကြယ်ပွင့်တစ်ဦးဖြစ်သူ ဂျက်စတင်တင်းဘားလိတ်က ၎င်းနှင့် ကာလကြာရှည် တွဲလာခဲ့သည့် ချစ်သူ ဂျက်ဆီကာဘေလ်နှင့် ယခုနှစ်အတွင်း လက်ထပ်သွားရန် စီစဉ်နေကြောင်း သိရသည်။ ဂျက်စတင်နှင့် နီးစပ်သော အသိုင်းအ၀ိုင်းက ၎င်းတို့နှစ်ဦးသည် ယခုနှစ်နွေရာသီတွင် အီတလီနိုင်ငံ၌ လက်ထပ်သွားဖွယ်ရှိကြောင်း ပြောကြားခဲ့ကြသည်။
နှစ်ဦးစလုံး အသက်(၂၇)နှစ်စီရှိပြီဖြစ်သော ဂျက်စတင်နှင့် ဂျက်ဆီကာတို့သည် စေ့စပ်ခဲ့ပြီးဖြစ်ကြောင်း သတင်းများလည်း ထွက်ပေါ်ခဲ့သေးသည်။ ဂျက်စတင်သည် မကြာသေးမီက နယူးယော့ခ်ရှိ နာမည်ကျော် လက်ဝတ်ရတနာဆိုင်တစ်ခုမှ စိန်လက်စွပ်တစ်ကွင်းကို ၀ယ်ယူသွားပြီးနောက် ၎င်းတို့နှစ်ဦး လက်ထပ်ဖြစ်တော့မည်ဟု ပရိသတ်အများစုက ထင်ကြေးပေးနေကြသည်။ (၂၀၀၇)ခုနှစ်ကတည်းက တွဲလာကြသည့် စုံတွဲနှင့် နီးစပ်သူများက ဗြိတိန်သတင်းစာ Metroသို့ ပြောကြားခဲ့ရာတွင် ၎င်းတို့နှစ်ဦးလုံးမှာ အီတလီတွင် လက်ထပ်ပွဲကျင်းပရန် စိတ်ကူးရှိနေကြကြောင်း၊ လက်ထပ်ချိန်ကိုလည်း နွေရာသီတွင် ဖြစ်စေလိုသည့် ဆန္ဒရှိနေကြကြောင်း ပါရှိသည်။ ဂျက်စတင်တင်းဘားလိတ်သည် ကင်မရွန်းဒိုင်ယက်ဇ်နှင့် ဘရစ်တနီစပီးယားစ်တို့ကဲ့သို့ နာမည်ကျော်များနှင့်လည်း တွဲခဲ့သေးကြောင်း သိရှိရသည်။
Xxx ချစ်သူဟောင်းအတွက် မိုင်လီဆိုင်းရပ်စ် သီချင်းတစ်ပုဒ်ရေးသား…..
နစ်ခ်ဂျိုနက်စ်နှင့်ပတ်သတ်သော အချက်(၇)ချက်ပါဝင်သည့် သီချင်းတစ်ပုဒ်ကို ရေးသားနေကြောင်း မိုင်လီဆိုင်းရပ်စ်က ပြောကြားခဲ့သည်။ ထိုသီချင်းသည် သူမ၏အသည်းကို ခွဲသွားခဲ့သော ချစ်သူဟောင်း ဂျိုနက်စ်ကို အပြစ်ပေးသည့်အနေနှင့် ရေးထားခြင်းဟုလည်း အသက်(၁၆)နှစ်အရွယ် မင်းသမီးလေးက ဆိုသည်။ ဟန်နာမွန်တာနာကြယ်ပွင့် အဆိုတော်၊ မင်းသမီးလေးက သူမရွံမုန်းသော ဂျိုနက်စ်၏ အကျင့်စရိုက် (၇)ခုကို သီချင်းစာသားအတွင်း ထည့်သွင်းထားသည်ဟု ကြေငြာလိုက်ခြင်းဖြင့် ယခင်က သူမနှင့်ဂျိုနက်စ် ပတ်သက်မှုကို အမြဲငြင်းဆန်ခဲ့သမျှကို ၀န်ခံပြီးသား ဖြစ်သွားခဲ့ကြောင်း သူမ၏ ပရိသတ်များက သုံးသပ်နေကြသည်။ Miley Cyrus: Miles to Goအမည်ရှိ မိုင်လီ၏ ကိုယ်တိုင်ရေး အထုပ္ပတ္တိစာအုပ်တွင် ပါရှိလာသည့် အဆိုပါ ထုတ်ဖော်ရေးသားမှုကြောင့် ယခင်က အင်တာနက်တွင် ကောလဟာလဖြစ်ခဲ့သည့် သတင်းမှာ အမှန်ဖြစ်ကြောင်း သိလာရပြီး ဂျိုနက်စ်မှာလည်း မိုင်လီကို ထားသွားခဲ့ခြင်းဆိုသည်မှာ ပေါ်ပေါက်လာခဲ့ပြီဖြစ်သည်။ ယခုသီချင်းသည် ခွင့်လွှတ်ခြင်းဟု ယူဆနိုင်သလို အပြစ်ပေးခြင်းဟုလည်း ဂျိုနက်စ်ဘက်မှ ယူဆနိုင်ကြောင်း၊ သေချာသည်မှာ သူမအနေနှင့် ဖြစ်ရပ်များကို မမေ့နိုင်သေးခြင်းပင်ဖြစ်ကြောင်း မိုင်လီက ပြောဆ်ုခဲ့သည်။ မိုင်လီဆိုင်းရပ်စ်သည် ယခုအခါ လူငယ်မော်ဒယ်လ် ဂျက်စတင်ဂက်စတန်နှင့် တွဲနေသည်ဟု သတင်းများက ဖော်ပြခဲ့သည်။
Xxx ၂၀၀၉ခုနှစ် ဝတ်စားဆင်ယင်မှုအဆိုးရွာဆုံးအဖြစ် မက်ဒေါနားအားရွေးချယ်…..
သဘောထားကောက်ယူမှု စစ်တမ်းတစ်ခုတွင် (၂၀၀၉)ခုနှစ်၏ ၀တ်စားဆင်ယင်မှု အဆိုးရွားဆုံး Celebrityအဖြစ် မက်ဒေါနားအား ရွေးချယ်ခဲ့ကြောင်း သိရသည်။ တိရစ္ဆာန်အခွင့်အရေး ထိန်းသိမ်းရေးအဖွဲ့တစ်ခုဖြစ်သည့် PETAက ကောက်ယူသည့် စစ်တမ်းအရ သားမွေးဝတ်စုံများ မကြာခဏ၀တ်လေ့ရှိသည် မက်ဒေါနားအား ယခုလို ထိပ်ဆုံးတွင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ PETA၏ ကြေငြာချက်တွင် မက်ဒေါနားသည် (၁၉၈၄)ခုနှစ်ကတည်းက သားမွေးဝတ်စုံများကို အစဉ်တစိုက် ၀တ်ဆင်ခဲ့ကြောင်း ရှုတ်ချထားသည်။ အဆိုပါအဖွဲ့မှ ကောက်ယူသော စစ်တမ်းအတွင်း အခြားနာမည်ကျော် Celebrityများဖြစ်သည့် ကင်ညာဝက်စ်၊ ကိတ်မော့စ်၊ မေရီဂျေဘလင်း၊ မက်ဂီဂယ်လန်ဟေးလ်၊ အဲလီဇဘက်ဟာလေ၊ မယ်ရီကိတ်နှင့် အက်ရှ်လေအော်လ်ဆန်တို့ ပါဝင်နေကြောင်း သိရသည်။ အသက်(၅၀)အရွယ်ရှိ မက်ဒေါနားကမူ ယခုစစ်တမ်းအတွက် စိတ်အနှောင့်အယှက် မဖြစ်မိပါဟု ဆိုသည်။ ထို့အပြင် သူမအား ဒီဇိုင်းပညာရှင်များစွာက ၀တ်ဆင်ပေးရန် ကမ်းလှမ်းထားသည့် သားမွေးဝတ်စုံများ ရှိနေသေးသည်ဟုလည်း ပြောကြားသွားသည်။ လက်ရှိအချိန်တွင် မက်ဒေါနားသည် (၂၀၀၇)ခုနှစ်၊ မတ်လကတည်းက စာချုပ်ထားသည့် ဆွီဒင်ကုမ္ပဏီ Cheap & Trendy၏ အ၀တ်အထည်များကို အများဆုံး ၀တ်ဆင်နေကြောင်း သိရှိရသည်။
Xxx ကျောင်းသူဘဝကို ညဉ်းငွေ့ခဲ့တဲ့ မိုင်လီဆိုင်းရပ်စ်….
မိုင်လီဆိုင်းရပ်စ်၏ ကျောင်းသူဘ၀မှာ ညည်းငွေ့စရာကောင်းကြောင်း သိရှိရသည်။ အသက်(၁၆)နှစ်အရွယ် ဟန်နာမွန်တာနာစတား အဆိုတော်၊ မင်းသမီးလေးသည် သူမ၏ အထက်တန်းကျောင်းသူ ဘ၀က သူငယ်ချင်း အပေါင်းအသင်းမရှိဘဲ အထီးကျန်ကြောင်း၊ စိတ်ဆင်းရဲစရာကောင်းကြောင်း သူမရေးသားသည့် Miley Cyrus: Miles to Goစာအုပ်တွင် ဖော်ပြထားသည်။ သူမ၏ကျောင်းမှ မိန်းကလေးများသည် အနိုင်ကျင့်တတ်သည့် ဥာဉ်မျိုးရှိပြီး ငယ်ရွယ်သည့် မိန်းကလေးများကို ကြမ်းကြမ်းတမ်းတမ်း ဆက်ဆံလေ့ရှိကြောင်း စာအုပ်အတွင်း ထည့်သွင်းရေးသားခဲ့သည်။ ထို့အပြင် ကိုယ်ထိလက်ရောက် တိုက်ခိုက်မှုမျိုးပင် ပြုလုပ်တတ်သဖြင့် သူမသည် မိန်းကလေးများနှင့် အပေါင်းအသင်း မလုပ်ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ကျောင်းတွင်းအိမ်သာတစ်ခုတွင် သူမ၏ အတန်းဖော်တစ်ဦးက အပြင်မှတံခါးပိတ်ထားမှုပင် ခံခဲ့ရဖူးသည့် မိုင်လီက သူမ၏ကျော်ကြားမှုအတွက် လူမုန်းခံရတတ်ပြီး မိုင်လီဆိုင်းရပ်စ် ဆန့်ကျင်ရေးအသင်းများက သူမအား ပေါ်ပေါ်ထင်ထင် စိန်ခေါ်မှုများပင် ပြုလုပ်ခဲ့ဖူးကြောင်း စာအုပ်အတွင်း ရေးသားဖော်ထုတ်ခဲ့သည်။ သူမသည် မိန်းကလေးချင်း ငြူစူစောင်းမြောင်းမှုများ ကြုံတွေ့ရလွန်းသဖြင့် အရေထူသလို ဖြစ်သွားခဲ့ပြီး သူမအတွက် ထိုအချိန်က အကောင်းဆုံးအဖော်မှာ သူမအလွန်နှစ်သက်သည့် ချိစ်ဆန်းဒွစ်မုန့်သာ ဖြစ်ခဲ့ကြောင်း ရှင်းပြခဲ့သည်။ ထို့အပြင် မိုင်လီဆိုင်းရပ်စ်က သူမ၏ သက်တမ်းတလျှောက် အထက်တန်းကျောင်းသူဘ၀ နေ့ရက်များသည် အခက်ထန် အကြမ်းတမ်းဆုံးပင်ဖြစ်ကြောင်း စာအုပ်ထဲတွင် အတိအလင်း ရေးသားထားခဲ့သည်။
Xxx ဒေးဗစ်ဘက်ဟမ်း အေစီမီလန်တွင် ဆက်ကစားနိုင်ရန် သေချာပြီ …..
Sky Sports သတင်းဌာန၏ ဖော်ပြမှုအရ အင်္ဂလန်လက်ရွေးစင် ကွင်းလယ်လူ ဒေးဗစ်ဘက်ဟမ်းသည် အေစီမီလန်တွင် ဆက်ကစားနိုင်ရန် သေချာသွားပြီဟု သိရှိရသည်။ အသက်(၃၃)နှစ်အရွယ် ဘက်ဟမ်းသည် အမေရိကန်ကလပ် လော့စ်အိန်ဂျလိစ်ဂလက်ဆီမှ အီတလီထိပ်သီး အေစီမီလန်တွင် အငှားလာကစားနေပြီး ၎င်း၏အငှားသက်တမ်းမှာ မတ်လ(၉)ရက်နေ့တွင် ကုန်ဆုံးမည်ဖြစ်သည်။ Sky Sports၏ သတင်းထောက်ချူပ် ဘရိုင်ယန်ဆွမ်ဆန်၏ သတင်းပေးပို့မှုတွင် ဘက်ဟမ်းသည် မီလန်မြို့ ဆန်စီရိုကွင်းကြီးတွင် ဆက်ရှိနေစေရေး အီတလီကလပ်၏ မျှော်လင့်ချက်မှာ ပြည့်ဝခဲ့ပြီဖြစ်ပြီး အင်္ဂလန်စတားအနေနှင့် အနည်းဆုံး (၂၀၀၉)ခုနှစ်၊ ဇွန်လအထိ အီတလီမြေတွင် ဆက်ရှိနေမည်ဟုဆိုသည်။ အမေရိကန် မေဂျာလိဂ်ပြိုင်ပွဲ ဒုတိယရာသီဝက် စတင်သည့်အချိန်အထိ ဘက်ဟမ်းအား ဥရောပတွင် ဆက်ကစားခွင့်ပေးရန် ဂလက်ဆီက သဘောတူလိုက်ကြောင်း ဆွမ်ဆန်၏ သတင်းပေးပို့ချက်တွင် ဖော်ပြပါရှိသည်။ မီလန်သည် ဘက်ဟမ်းအား ကာလတိုအငှားစာချုပ်ဖြင့် ခေါ်ယူခဲ့ပြီးနောက် ဘက်ဟမ်း၏ အသင်းအတွက် စွမ်းဆောင်မှုများကို အထင်ကြီးလေးစားလာပြီး ၎င်းကိုဆက်ခေါ်ထားရန် ကြိုးပမ်းရာမှ ဂလက်ဆီနှင့် အငြင်းပွားမှုများ ဖြစ်လာခဲ့ရသည်။ သို့သော်လည်း ကာယကံရှင် ဘက်ဟမ်းကိုယ်တိုင်က မီလန်တွင် ဆက်ကစားချင်သည်ဟု ၀န်ခံခဲ့ပြီးနောက် ဂလက်ဆီက နောက်ထပ်(၃)လကျော် ဆက်ကစားရန် ခွင့်ပြုခဲ့သည်။ ယခုအခါ ဘက်ဟမ်းအနေနှင့် (၂၀၁၀)ကမ္ဘာ့ဖလား ခြေစစ်ပွဲများအတွက် နည်းပြဖေဘီယို ကာပယ်လိုရွေးချယ်သည့် အင်္ဂလန်အသင်း လူစာရင်းတွင် ပါဝင်လာဖွယ်ရှိကြောင်း သတင်းရရှိသည်။
+++ Glamour မျက်နှာဖုံးရှင်အဖြစ်မှ လွဲခဲ့ရသဖြင့် လင်ဆေးလိုဟန် မကျေမနပ်ဖြစ်နေ….
လင်းဆေးလိုဟန်တစ်ယောက် ကေတီဟုမ်းလ်အား မကျေမချမ်းဖြစ်နေကြောင်း သိရသည်။ အသက်(၂၂)နှစ်အရွယ် အဆိုတော်မင်းသမီးလေးသည် အမေရိကန်ထုတ် Glamourမဂ္ဂဇင်းအတွက် မျက်နှာဖုံးဓာတ်ပုံများ ရိုက်ပေးပြီးမှ အတွင်းစာမျက်နှာသို့ ရောက်ရှိသွားသဖြင့် ဒေါသထွက်နေသည်ဟုဆိုသည်။ ဧပြီလထုတ် မဂ္ဂဇင်းစာမျက်နှာတွင် လင်းဆေးအနေနှင့် မက်ဒေါနားပုံစံမျိုး ဖြူလွလွဝတ်စုံနှင့် အသေအချာ ဓာတ်ပုံရိုက်ထားသော်လည်း မျက်နှာဖုံးအတွက် ကေတီဟုမ်းလ်ကိုသာ ရွေးချယ်လိုက်ခြင်းအား စိတ်ဆိုးနေကြောင်း သူမနှင့်နီးစပ်သည့် အသိုင်းအ၀ိုင်းကဆိုသည်။လင်းဆေးသည် (၁၉၈၄)ခုနှစ်က မက်ဒေါနားတင်ဆက်ခဲ့သည့် MTVအစီအစဉ် Like A Virginမှ ပုံစံအတိုင်း အဖြူရောင် သတို့သမီးဝတ်စုံနှင့် ကျောက်မျက်ရတနာများ ဆင်မြန်းကာ ဓာတ်ပုံအရိုက်ခံထားသော်လည်း မျက်နှာဖုံး အတင်မခံခဲ့ရဟု သိရှိရသည်။ သို့သော်လည်း မဂ္ဂဇင်းဘက်မှပြောကြားခဲ့တွင် ယခင်ကတည်းက လင်းဆေးအား မျက်နှာဖုံးတင်ရန် စီစဉ်မထားဘဲ သူမအနေနှင့် နားလည်မှု လွဲမှားခဲ့ခြင်းသာဖြစ်ကြောင်း ဖော်ပြပါရှိသည်။ ၎င်းတို့အနေနှင့် လင်းဆေးကို မျက်နှာဖုံးတင်ဖို့ စိတ်ကူးလုံးဝမရှိသေးကြောင်း ငြင်းဆိုခဲ့သည်။ လင်းဆေးလိုဟန်နှင့် ငြိမလိုဖြစ်သော ဟောလီးဝုဒ်Celebrityမှာ ကေတီဟုမ်းလ်အနေနှင့် ပထမဆုံးမဟုတ်ဘဲ မကြာသေးမီကလည်း လင်းဆေးနှင့် စကားလက်ဂျိုဟန်ဆန်တို့ ထိပ်တိုက်တွေ့မလို ဖြစ်ခဲ့သေးသည်။ ထိုစဉ်က လင်းဆေးသည် သူမအား စကားလက်နှင့် ခိုင်းနှိုင်းမှုကို လုံးဝမနှစ်မြို့ကြောင်း ပြောကြားခဲ့သည်။ အချို့သော သတင်းများအရ လင်းဆေးလိုဟန်သည် နယူးယော့ခ်မြို့ နိုက်ကလပ်တစ်ခု၏ ရေချိုးခန်းနံရံတွင် စကားလက်၏ ရုပ်ပြောင်ပုံကို ရေးဆွဲပြီး သရော်ခဲ့သေးကြောင်း သိရှိရသည်။
Xxx မန်စီးတီးအသင်းပိုင်ရှင်များ မာရာဒိုနာနှင်မက်ဆီကို ခေါ်ယူနိုင်ရေးကြိုးပမ်း…..
အဘူဒါဘီ ကုဋေကြွယ်သူဌေး မိသားစုမှ ပိုင်ဆိုင်သော မန်ချက်စတာစီးတီးအသင်းသည် ဒီယေးဂိုး မာရာဒိုနာနှင့် လီယွန်နယ် မက်ဆီတို့အား ၎င်းတို့၏ အိစ်လန်းကွင်းကြီးသို့ လာမည့်နွေရာသီတွင် ခေါ်ဆောင်နိုင်ရန် လုံးပမ်းနေကြောင်း သိရသည်။ အာဂျင် တီးနား ဘောလုံးလောက၏ ပြယုဂ်နှစ်ခုဖြစ်သော မာရာဒိုနာနှင့် မက်ဆီတို့အား အသင်းအတွက် ခေါ်ယူသွားရန် မန်ချက်စတာစီး တီးပိုင်ရှင် ဆူလေမန်အယ်လ်ဖာဟင်က ဆန္ဒပြင်းပြနေကြောင်း ပြောကြားခဲ့သည်။ ဖာဟင်က မာရာဒိုနာသည် လက်ရှိအာဂျင်တီး နား လက်ရွေးစင် နည်းပြရာထူးကို ရယူထားသော်လည်း အသင်းနည်းပြနေရာအတွက် အလိုရှိခြင်းမဟုတ်ဘဲ အသင်းဥက္ကဋ္ဌအဖြစ် ခန့်အပ်သွားရန်ဖြစ်သည်ဟု ဆိုသည်။ မာရာဒိုနာ၏ အရှိန်အ၀ါကြောင့် ကမ္ဘာကျော် ကစားသမားသည် အသင်းတွင် လာကစားရန် ဆန္ဒရှိလာမည်ဟု ဖာဟင်က ခန့်မှန်းခဲ့ပြီး မာရာဒိုနာကိုယ်တိုင်ကလည်း ကစားသမားများ၏ အရည်အသွေးကို ခန့်မှန်းအကဲဖြတ် နိုင်ပြီး အသင်းအတွက် အကျိုးပြုမည့် ကစားသမားများကို ရွေးချယ်ခေါ်ယူပေးနိုင်မည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဖာဟင်က လက်ရှိကမ္ဘာ့အကောင်းဆုံး ဒုတိယဆုရ ဘောလုံးသမား မက်ဆီကိုလည်း ပစ်မှတ်ထားနေကြောင်း အတည် ပြုလိုက်သည်။ မက်ဆီ၏ ကစားဟန်ကို နှစ်သက်ပြီး အသင်းတွင် မက်ဆီရောက်လာစေရေး အတတ်နိုင်ဆုံး ကြိုးပမ်းသွားမည်ဖြစ် ကြောင်း ဖာဟင်က ပြောကြားခဲ့သော်လည်း ဘာစီလိုနာ အသင်းအနေနှင့် ၎င်းတို့၏ အသက်(၂၁)နှစ်အရွယ် အာဂျင်တီးနား ကြယ်ပွင့်လေးကို လက်လွှတ်ရေးမှာ အလွန်ခက်ခဲနိုင်ကြောင်း ဖာဟင်က ၀န်ခံခဲ့သည်။
*** နာဇီအာဏာရှင် ဟစ်တလာ၏ ပန်းချီလက်ရာ

No comments:
Post a Comment