ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 1, 2009

1 April, 09…../// နိုင်ငံတကာ ထူးခြားသတင်းများ……

> *** မြောက်ကိုရီးယားသို့ဦးတည်၍ စစ်သင်္ဘောများစေလွှတ်
ဂျပန်၊ တောင်ကိုရီးယားနှင့် အမေရိကန်နိုင်ငံတို့မှ ဒုံးကျည်ဖျက်စနစ်ပါဝင်သည့် စစ်သင်္ဘောများ မြောက်ကိုရီး ယား၏ ဒုံးပျံလွှတ်တင်မှုကို စောင့်ကြည့်ထောက်လှမ်းရန် ထွက်ခွာသွားကြောင်း သိရသည်။ မြောက်ကိုရီးယား သည် ၎င်းတို့၏ ဒုံးပျံကိုလွှတ်တင်ရန် အဆင်သင့်ဖြစ်နေပြီဟုလည်း ဆိုသည်။

တောင်ကိုရီးယား အလုပ်သမားတစ်ဦးအား ပြုံးယမ်းအစိုးရ၏ နိုင်ငံရေးလမ်းစဉ်ကို ဝေဖန်သည်ဟုဆိုကာ မြောက်ကိုရီးယားက ဖမ်းဆီးထိန်းသိမ်းလိုက်ပြီးနောက် တောင်နှင့်မြောက် ကိုးရီးယားနှစ်နိုင်ငံ ဆက်ဆံရေးမှာလည်း တင်းမာလျက်ရှိသည်။ ဧပြီလ(၄)ရက်မှ (၈)ရက်နေ့အကြားတွင် ဆက်သွယ်ရေးဆိုင်ရာ ဂြိုလ်တုတစ်လုံးကို လွှတ်တင်မည်ဟု မြောက်ကိုရီးယားတို့က ကြေညာထားသည်။ အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကမူ မြောက်ကိုရီးယားတို့ အနေဖြင့် တာဝေးပစ်ဒုံးကျည် နည်းပညာစမ်းသပ်မှု ဖြစ်နိုင်သည်ဟု သံသယရှိနေကြသည်။ အကယ်၍သာ ထိုကဲ့သို့စမ်းသပ်မှုများ ပြုလုပ်ပါက ကုလသမဂ္ဂမှ အရေးယူမှုများနှင့် ရင်ဆိုင်ရမည် ဖြစ်သည်။ သုံးနိုင်ငံမှ စစ်သင်္ဘောများတွင် တိုက်ပွဲဝင်စနစ်များ အဆင်သင့်ပြင်ဆင်ထားပြီး ရန်သူ၏ ဒုံးကျည်များကို ပစ်ချဖျက်ဆီးနိုင်စွမ်းရှိကြောင်း သိရသည်။ သို့သော် အမေရိကန်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့မှ ခေါင်းဆောင်များအနေဖြင့် ယခုကဲ့သို့ စစ်သင်္ဘောများ စေလွှတ်စောင့်ကြည့်ခြင်းမှာ မြောက်ကိုရီးယား၏ ဒုံးပျံလွှတ်တင်မှုကို စစ်ရေးအရ တုံ့ပြန်ခြင်းမဟုတ်ကြောင်း ပြောကြားကြသည်။ မြောက်ကိုရီးယားနှင့် အနီးကပ်ဆုံးဖြစ်သည့် ဂျပန်၊ တောင်ကိုရီးယားနိုင်ငံ စစ်တပ်များသည် ဒုံးကျည်ဖျက်စနစ် အပါအဝင် ဖြစ်လာနိုင်သည့် အခြေအနေများအတွက် အသင့်ပြင်ထာကြကြောင်း သိရသည်။

*** အမေရိကန်တွင် အကြမ်းဖက်ပစ်ခတ်မှုဖြစ်ပွား
အမေရိကန်ပြည်ထောင်စု မြောက်ကယ်ရိုလိုင်းနားပြည်နယ်ရှိ သက်ကြီးရွယ်အို ပြုစုစောင့်ရှောက်ရေး ဂေဟာတစ်ခုတွင် အကြမ်းဖက်ပစ်ခတ်မှု ဖြစ်ပွားခဲ့ပြီး လူ(၈)ဦးသေဆုံးကာ ရဲအရာရှိတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ မတ်လ(၂၉) တနင်္ဂနွေနေ့ နံနက်(၁၀)နာရီခန့်တွင် မြောက်ကယ်လိုလိုင်းနားပြည်နယ် Carthageမြို့ရှိ Pinelakeပြုစုစောင့်ရှောက်ရေး ဂေဟာ၌ ဖြစ်ပွားခဲ့သည့် အဆိုပါပစ်ခတ်မှုအတွင်း လူနာ(၆)ဦး၊ သူနာပြုတစ်ဦးနှင့် ဂေဟာသို့ လူနာသတင်းမေးလာရောက်သူ တစ်ဦးတို့ သေဆုံးခဲ့ရသည်။ ပစ်ခတ်မှုဖြစ်ပွားအပြီး မိနစ်ပိုင်းအတွင်း ရဲအဖွဲ့ရောက်ရှိလာပြီးနောက် အကြမ်းဖက်ပစ်ခတ်ခဲ့သူ အသက်(၄၅)နှစ်အရွယ် ရောဘတ်စတီးဝပ်ဆိုသူအား အပြန်အလှန် ပစ်ခတ်ဖမ်းဆီးခဲ့သည်။ ရောဘတ်သည် ဂေဟာအတွင်း ဝင်ရောက်လာပြီး အနီးအနားရှိ မြင်မြင်သမျှကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ပစ်ခတ်မှုကြောင့် သေဆုံးသူလူနာများမှာ အသက်(၉၈)အရွယ် အဘိုးအိုတစ်ဦး၊ အသက်(၈၀)ဝန်းကျင်ရှိ အဘွားအို(၄)ဦးနှင့် အဘိုးအိုတစ်ဦး၊ အသက်(၇၀)အရွယ် အဘိုးအိုနှစ်ဦးတို့ ဖြစ်သည်။ Pinelake ပြုစုစောင့်ရှောက်ရေး ဂေဟာတွင် အယ်လ်ဇိုင်းမားရောဂါ ခံစားနေရသည့် သက်ကြီးရွယ်အိုများကို အဓိကပြုစုကုသပေးပြီး လူနာ(၁၁၀)လက်ခံနိုင်ကြောင်း သိရသည်။ ယခုကဲ့သို့ သက်ကြီးရွယ်အို ဝေဒနာရှင်များအား ဦးတည်၍ ပစ်ခတ်သတ်ဖြတ်မှုကို ဒေသခံများအနေဖြင့် အလွန်အံသြ တုန်လှုပ်လျက်ရှိသည်။ Carthage မြို့လေးသည် လူဦးရေ(၁၈၀၀)ခန့်သာ နေထိုင်ပြီး ယူအက်စ်တင်းနစ်ပြိုင်ပွဲ ကျင်းပခဲ့ဖူးသည့် Pinehurst resort အနီးတွင်တည်ရှိသည်။ ယခုဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုမှာ အမေရိကန်အရှေ့တောင်ပိုင်းတွင် မတ်လအတွင်း တတိယမြောက်အဆိုးရွားဆုံး ဖြစ်ရပ်လည်းဖြစ်သည်။ ပြီးခဲ့သည့် မတ်လ(၁၀)ရက်နေ့တွင် အသက်(၂၈)နှစ်အရွယ် လူတစ်ဦးက ၎င်း၏မိခင်အပါအဝင် လူ(၈)ဦးကို ပစ်သတ်ခဲ့ပြီးနောက် ၎င်းကိုယ်တိုင်လည်း အဆုံးစီရင်သွားသည့်ဖြစ်ရပ် အလာဘာမားပြည်နယ်တွင် ဖြစ်ပွားခဲ့သေးသည်။ ထို့နောက် ရက်အနည်းငယ်အကြာတွင် ကျူးဘားနိုင်ငံသားတစ်ဦးက ဇနီးဖြစ်သူနှင့် အခြားလူသုံးဦးကို သတ်ဖြတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်သွားခဲ့ပြန်ကြောင်း သိရသည်။ ထပ်မံသိရှိရသည့် သတင်းအရ အကြမ်းဖက်ပစ်ခတ်သူ ရောဘတ်နှင့် မကြာသေးမီက ကွာရှင်းထားသည့် ဇနီးသည်မှာ ပစ်ခတ်မှုဖြစ်ပွားခဲ့ရာ Pinlake ပြုစုစောင့်ရှောက်ရေးဂေဟာတွင် အလုပ်လုပ်ကိုင်ခဲ့သူဖြစ်ကြောင်း သိရသည်။ ရောဘတ်သည် ဒဏ်ရာရရှိသူ ရဲအရာရှိအား သေနတ်ဖြင့် တစ်ချက်သာပစ်ခတ်ခဲ့ပြီး ရဲအရာရှိမှာ ခြေထောက်တွင် ဒဏ်ရာရရှိသွားခြင်းဖြစ်သည်။ ရောဘတ်အား နောက်တစ်ပတ်အထိ တရားခွင်သို့ ခေါ်ယူစစ်ဆေးဦးမည် မဟုတ်ကြောင်း သိရသည်။

*** ယနေ့ကမ္ဘာတွင် လူသန်း ၁၀၀၀-ခန့် အစာရေစာ မ၀မလင်ဖြစ်မည်……

နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် (ITUC)၏ အစီရင်ခံစာတရပ်တွင် ယနေ့ကမ္ဘာ၌ လူဦးရေ သန်း ၁၀၀၀- ခန့်သည် အစာရေစာ မ၀မလင်ဖြစ်မည်ဖြစ်ပြီး ထိုအထဲတွင်မှ သန်း ၂၀၀-ခန့်သည် အစာရေစာငတ်မွတ်ခေါင်း ပါးမှုများနှင့် ရင်ဆိုင်ကြုံတွေ့ရမည် ဖြစ်ကြောင်း ဖော်ပြထားသည်။ အစာရေစာငတ်မွတ်ခေါင်းပါးကြသူများတွင် စိုက်ပျိုးရေးလုပ်ငန်းများ၌ လုပ်ကိုင်နေကြသူအများစု ပါဝင်သည်။ (RFA)

Xxx ခြင်နှိမ်နင်းရေး လက်နက်ဆန်းတီထွင်မှု အောင်မြင်တော့မည်….
ငှက်ဖျားရောဂါကို အမြစ်ပြတ်တိုက်ဖျက်ရေး ရည်ရွယ်ချက်ဖြင့် တီထွင်ထားသော ခြင်နှိမ်နင်းရေး လက်နက် ဆန်းတစ်မျိုးမှာ အပြီးသတ် အောင်မြင်လုလု အခြေအနေသို့ ရောက်ရှိနေပြီဟု သိရှိရသည်။ အမေရိကန်မှ သိပ္ပံ ပညာရှင်များသည် လေထဲတွင် ပျံဝဲနေသောခြင်များကို ပစ်ခတ်သတ်ဖြတ်နိုင်သည့် လေဆာလက်နက် တစ်မျိုး ကို တီထွင်နေကြောင်း ထုတ်ဖော်ဝန်ခံခဲ့သည်။
အဆိုပါ လက်နက်နည်းပညာသည် Star Warsဇာတ်ကားမှ ဒုံးခွင်းလေဆာစနစ်ကို အခြေခံ စိတ်ကူးပုံဖော်ထားခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ယခုလက်နက်ကြောင့် တစ်နှစ်လျင် လူတစ်သန်းမျှ ငှက်ဖျားကူးစက်နေမှုကို ကာကွယ်နိုင်မည်ဟု ပညာရှင်များက မျှော်လင့်နေကြသည်။ ခြင်ဖျက်ဆီးရေးလက်နက်(WMD)ဟု အမည်ပေးထားသည့် အဆိုပါလက်နက်ကို ပါမောက္ခ လိုဝဲလ်ဝုဒ်က ဒီဇိုင်းဆွဲ ပုံစံထုတ်ပေးခဲ့ခြင်းဖြစ်သည်။ ၎င်းသည် (၁၉၈၀)ပြည့်နှစ်များအတွင်း အမေရိကန် သမ္မတ ရော်နယ်လ်ရေဂင်လက်ထက် ဒုံးခွင်းဒုံးစမ်းသပ်ချက်တွင် ပါဝင်ခဲ့သည့် ပညာရှင်တစ်ဦးဖြစ်သည်။ ၀ုဒ်နှင့်အတူ ယခုလက်နက်အား တီထွင်ရာတွင် ပါဝင်ခဲ့သော အခြားပညာရှင် တစ်ဦးဖြစ်သည့် ဒေါက်တာ ဂျော်ဒင်ကားရ်က စစ်အေးကာလကို နိဂုံးချုပ်စေခဲ့သည့် လက်နက်နည်းပညာအား ခြင်နှိမ်နင်းရေးတွင် ထိထိရောက်ရောက် အသုံးချသွားမည်ဟု Wall Streetဂျာနယ်သို့ ပြောကြားခဲ့သည်။ WMDလေဆာလက်နက်သည် ခြင်တစ်ကောင် ပျံသန်းရာမှ ထွက်ပေါ်လာသည့် အသံFrequencyကို အလိုအလျောက် ထောက်လှမ်းပြီး ရောင်ခြည်ဖြင့် ပစ်ချသွားမည်ဟု သိရသည်။ ထိုလေဆာသည် ခြင်၏ တောင်ပံများကို အဓိကပစ်မှတ်အဖြစ် ချိန်ရွယ်မည်ဟုလည်း ပညာရှင်များကဆိုသည်။ ရောင်ခြည်ထိမှန်ခံရသော ခြင်၏တောင်ပံများသည် လုံးဝလောင်ကျွမ်း ပျက်စီးသွားပြီး ခြင်မှာလည်း အောက်သို့ပြုတ်ကျသွားမည်ဟု ဒေါက်တာကားရ်က ရှင်းပြသည်။ ယခုWMDစီမံကိန်းအား Microsoftပိုင်ရှင် သူဌေးကြီး ဘီလ်ဂိတ်က ကျောထောက်နောက်ခံအဖြစ် အထောက်အပံ့ပေးနေကြောင်း သတင်းရရှိသည်။

Xxx တိုကျိုနိုင်ငံတကာလေဆိပ်တွင် FedExလေယာဉ် မီးလောင်ပျက်ကျမှုဖြစ်ပွား…
အမေရိကန်နိုင်ငံ ကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်း Federal Express(FedEx)၏ MD-11 ကုန်တင်လေယာဉ်တစ်စင်းသည် ဂျပန်နိုင်ငံ တိုကျိုနိုင်ငံတကာ လေဆိပ်သို့ ဆင်းသက်စဉ် ပေါက်ကွဲမီးလောင်၍ ပျက်ကျသွားခဲ့ကြောင်း သိရသည်။ မတ်လ(၂၃)ရက်နေ့ နံနက်ပိုင်းတွင် တိုကျိုမြို့ရှိ နရီတာ နိုင်ငံတကာလေဆိပ်သို့ ဆင်းသက်ရန် ကြိုးပမ်းစဉ် လေယာဉ်၏ အမြီးပိုင်း ဘယ်ဖက်တောာင်ပံနှင့် လေယာဉ်ပြေးလမ်းတို့ ရိုက်မိပြီးနောက် မီးလောင်ပေါက်ကွဲကာ ပျက်ကျခဲ့ခြင်းဖြစ်သည်။ လေယာဉ်ပေါက်ကွဲမီးလောင်မှု ဗီဒီယိုမှတ်တမ်းတွင် လိမ္မော်ရောင် မီးတောက်ကြီး ပေါ်ထွက်လာပြီးနောက် မဲမှောင်နေသည့် မီးခိုးလုံးများနှင့်အတူ လေယာဉ်မှာ လေယာဉ်ပြေးလမ်းဘေးသို့ ရောက်ရှိသွားခဲ့သည်။ အဆိုပါလေယာဉ်ပေါ်တွင် လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးတို့သာ ပါရှိပြီး ၎င်းတို့နှစ်ဦးစလုံး သေဆုံးခဲ့သည်။ သေဆုံးသူများမှာ အမေရိကန် လေယာဉ်မှူးများဖြစ်ပြီး ကီဗင် ကယ်လီမော့စ်လေ(၅၄နှစ်)နှင့် အန်ထော်နီ စတီဗင်ပင်နို(၄၉နှစ်)တို့ ဖြစ်ကြောင်းသိရသည်။ အချို့သတင်းများက လေယာဉ်ပေါ်တွင် မီးလောင်လွယ်သော အရည်များကို သယ်ဆောင်လာခဲ့သည်ဟု ဆိုသည်။

Xxx အင်ဒိုနီးရှားနိုင်ငံက ဗုဒ္ဓအမည် ပေးထားသောအရက်ဆိုင်….
အင်ဒိုနီးရှားနိုင်ငံ ဂျက်ကာတာမြို့တော် မြို့လယ်ခေါင်တွင် လူချမ်းသာကို ဆွဲဆောင်ရည်ရွယ်လျက် (ဗုဒ္ဓ) အမည်ရှိ အရက်ဆိုင် တဆိုင်ဖွင့်လှစ်ထားခြင်းအား ဒေသခံဗုဒ္ဓဘာသာဝင်တို့က ဆန့်ကျင်ကန့်ကွက်လျက် ရှိသည်။ အဆိုပါအရက်ဆိုင်တွင် ဗုဒ္ဓရုပ် ပုံများစွာကို ချိတ်ဆွဲပြသထားပြီး လူချမ်းသာများကို ဆွဲဆောင်နေသော်လည်း ဘာသာရေးကိုစော်ကားသော အဆိုပါအမည် သညာနှင့် ပတ်သက်၍ ထိုင်း၊ မလေးရှား၊ လာအို၊ ကမ္ဘောဒီယား စသည့်နိုင်ငံများတွင် ခွင့်မပြုခဲ့ချေ။ အင်ဒိုနီးရှားရှိ ဗုဒ္ဓဘာသာဝင် ထောင်ပေါင်များစွာတို့က လက်မှတ်ရေးထိုးပြီး အဆိုပါအမည်သညာကို ပယ်ဖျက်ပေးရန် အစိုးရထံ တောင်းဆိုထားသည်။ (RFA)

Xxx ပါလက်စတိုင်းပြည်သူများကို သတ်ဖြတ်ခဲ့မှု အစ္စရေးစစ်တပ်ဝန်ခံ……
ဂါဇာထိုးစစ်အတွင်း အပြစ်မဲ့ ပါလက်စတိုင်း ပြည်သူများကို ပစ်သတ်ခဲ့ကြောင်း အစ္စရေးတပ်မတော် အကြီးအကဲများက ၀န်ခံလိုက်သည်။ မတ်လ(၁၉)ရက်နေ့က စတင်စစ်ဆေးခဲ့သော စစ်ရာဇ၀တ်မှုဆိုင်ရာ ခုံရုံးအတွင်း ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ အစ္စရေးစစ်ကြောင်းများသည် (၂၀၀၈)ဒီဇင်ဘာလမှ (၂၀၀၉)ဇန်န၀ါရီလအထိ ဖြစ်ပွားခဲ့သော ထိုးစစ်အတွင်း ပါလက်စတိုင်း အရပ်သားများ၏ အသက်အိုးအိမ် စည်းစိမ်များကို ဖျက်ဆီးခဲ့ပါသည်ဟု စစ်တပ်အာဏာပိုင်များကဆိုသည်။ ခုံရုံးတွင် လာရောက်လေ့လာသူ ကျောင်းသားများအား စစ်သားတစ်ဦးက ၎င်းတို့သည် ပါလက်စတိုင်း မိသားစုတစ်စုကို ၎င်းတို့၏နေအိမ်မှ အတင်းအကြပ် ထွက်ခွာရန် အမိန့်ပေးခဲ့ကြောင်း၊ အမိန့်အတိုင်း ထိုမိသားစု ထွက်ခွာသွားချိန်တွင် အစ္စရေးစနိုက်ပါတစ်ဦးက ပစ်သတ်ခဲ့ကြောင်း ပြောကြားခဲ့သည်။ ၎င်းက တပ်မတော် အရာရှိသည် ထိုမိသားစုအား အိမ်၏ညာဖက်သို့ သွားစေခဲ့သော်လည်း အမေနှင့် ကလေးနှစ်ယောက်က နားမလည်ဘဲ ဘယ်ဖက်သို့ သွားခဲ့ကြောင်း၊ အဖြစ်အပျက်မှာ မြန်ဆန်လွန်းပြီး အမိုးပေါ်တွင် အသင့်နေရာယူထားသည့် စနိုက်ပါသမားမှာ အရာရှိက အော်ဟစ်မတားဆီးနိုင်ခင် ပစ်ခတ်ခဲ့ပြီးဖြစ်ကြောင်း အဆိုပါစစ်သားက ရှင်းပြသွားသည်။

Xxx အင်တာနက်အမြန်နှုန်းများ ကျဆင်းနေမည်ဟု ကြေညာချက်ထုတ်ပြန်…….
အခိုက်အတန့်ကာလအားဖြင့် အင်တာနက်မြန်နှုန်းများ ကျဆင်းမည်ဟု မြန်မာတယ်လီပို့က သတင်းထုတ်ပြန် ကြေညာထားသည်။ နိုင်ငံတကာ အင်တာနက်ဆက်သွယ်ရေး Backbone Fiber-Optic ကေဘယ်လ်ကြိုးဖြစ်သည့် SEA-ME-WE3အား ပြန်လည်ထိမ်းသိမ်း ပြုပြင်မှုများ ပြုလုပ်မည်ဖြစ်သဖြင့် အရံဆက်ကြောင်းကို အသုံးပြုရမည်ဖြစ်ကြောင်း မြန်မာတယ်လီပို့က ဖော်ပြထားသည်။ ထို့ကြောင့်လည်း ကေဘယ်လ်အား ထိန်းသိမ်းပြုပြင်မှုများ ပြုလုပ်နေသည့် အခိုက်အတန့်အတွင်း မြန်မာနိုင်ငံတွင် အင်တာနက်နှင့် Emailအသုံးပြုရသည်မှာ အတန်ငယ် နှေးကွေးသွားနိုင်ကြောင်း သိရသည်။ မြန်မာTeleportက ယခုပြင်ဆင်မှုသည် မတ်လ(၂၁)ရက်နေ့မှ (၂၅)ရက်နေ့အထိ ကြာမြင့်မည်ဟု ဖော်ပြထားသည်။ ထို(၅)ရက်တာ ကာလအတွင်း အရေးကြီးသည့် Emailဆက်သွယ်မှုများ နှောင့်နှေးကြန့်ကြာမှု မရှိစေရန် မြန်မာတယ်လီပို့ အနေနှင့် အတတ်နိုင်ဆုံး ၀န်ဆောင်မှုပေးသွားမည်ဟု ကြေညာချက် ထုတ်ပြန်ထားသည်။

xxx စီးပွားရေးကျဆင်းမှု ထိုင်းအခြေခံလူတန်းစားများကို ပိုမိုထိခိုက်နိုင်....
ကမ္ဘာ့စီးပွားရေးအကျပ် အတည်းပြဿနာ မပေါ်ပေါက်မီကပင် နိုင်ငံ၏ စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေး
မှုများနှင့် ကြုံတွေ့နေရသည့် တိုင်းပြည်၏ သုံးပုံတစ်ပုံ အရေအတွက်ရှိသော ထိုင်းနိုင်ငံမှ အခြေခံလူတန်း
စားများသည် ယခုအခါတွင် ပိုမိုကျပ်တည်းသည့် အခြေအနေများနှင့် ရင်ဆိုင်နေရကြောင်း လေ့လာမှုစစ်
တမ်း အသစ်တစ်ခုအရ သိရှိရသည်။ ကမ္ဘာ့အနှံ့အပြား ငွေကြေးလည်ပတ်မှုလုပ်ငန်းများ၊ ပို့ကုန်လုပ်ငန်း
များသည် ယခင်နှစ်များနှင့် နှိုင်းယှဉ်ပါက ထက်ဝက်ခန့် ကျဆင်းသွားသော်လည်း ထိုင်းနိုင်ငံသည် စီးပွား
ရေးပျက်ကပ်အား ယခုအချိန်ထိ ကျော်လွှားနိုင်ဆဲဖြစ်သည်။ သို့သော် နိုင်ငံ၏ GDPသည် ၂ရာခိုင်နှုန်းခန့်
ကျဆင်းနိုင်ပြီး ထိုင်းအလုပ်သမား တစ်သန်းခန့်မှာ အလုပ်အကိုင် ဆုံးရှုံးမှုများနှင့် ရင်ဆိုင်ရဖွယ်ရှိသည်။
ထိုင်းနိုင်ငံဖွံ့ဖြိုးရေးနှင့် သုတေသနသိပ္ပံမှ ပါမောက္ခ Ammar Siamwallaက “ကျွန်တော်တို့ နိုင်ငံမှာ
ဘဏ္ဍာရေးပြဿနာနဲ့ ကြုံတွေရမယ့် အခြေအနေ မရှိပါဘူး။ ဒါပေမယ့် ပို့ကုန်လုပ်ငန်းကတော့ အရမ်း
ကို ကျဆင်းနေပါတယ်။ ဒီအခြေအနေကို အစားထိုးနိုင်မယ့် အရာက အလွန်ကိုခက်ခဲပါတယ်”ဟုပြော
ကြားခဲ့သည်။ ထိုင်းနိုင်ငံ၏ အခြေခံလူတန်းစား (၉၀)ရာခိုင်နှုန်းနီးပါးမှာ နိုင်ငံ၏မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့တွင် နေထိုင်ကြပြီး ပုံမှန်ဝင်ငွေရရှိမှုမှာ မတည်ငြိမ်သောကြောင့် ယင်းမိသားစု အရေအတွက်အားစာရင်းအတိအကျ ကောက်ယူရန် မဖြစ်နိုင်သေးကြောင်း အစိုးရအရာရှိများက ပြောကြားကြသည်။ယမန်နှစ်က ထောက်ပံရေးပစ္စည်းများနှင့် အိမ်ထောင်စုသုံး ပစ္စည်းများအား အစိုးရမှ ထောက်ပံ့ပေးခဲ့သော်လည်း အစားအစာများ မပေးနိုင်ကြောင်း၊ မျှော်မှန်းထားသည့် ကူညီမှုများ မပြုလုပ်နိုင်ခဲ့ကြောင်း အစိုးရက ဝန်ခံပြောကြားခဲ့သည်။ ဘဏ္ဍာရေးဝန်ကြီးဌာန၊ စီးပွားရေးမူဝါဒရေးရာရုံးမှ ဒေါက်တာEkniti Nitithanprapas က “အထက်တန်းလွှာက လူတန်းစားတွေ ရရှိနေတဲ့ အကျိုးအမြတ်တွေကို
အခြေခံလူတန်းစားတွေအတွက် မျှဝေပေးဖို့ ကျွန်တော်တို့ကြိုးစားနေပါ တယ်။ မကြာသေးမီကဆော
င်ရွက်ခဲ့တဲ့ ခြောက်လစီမံကိန်းအစီအစဉ်ဟာ အခြေခံလူတန်းစားတွေရဲ့ အကျိုးစီးပွားအတွက် ရည်ရွယ်
ပါတယ်”ဟု ပြောကြားခဲ့သည်။ ၁၉၉၇ခုနှစ်အတွင်း ဖြစ်ပေါ်ခဲ့သည့် စီးပွားရေးအကျပ်အတည်းသည်
ချမ်းသာသူများအား အဓိက နစ်နာစေခဲ့သော်လည်း လက်ရှိအခြေအနေသည် အခြေခံလူတန်းစားများ
အား ပိုမိုထိခိုက်စေကြောင်း စီးပွားရေးပညာရှင်များက ပြောကြားခဲ့ကြသည်။

Xxx သြစတြေးလျနိုင်ငံသား ဘီလျံနာများ လျော့နည်းလာပြီ...
ကမ္ဘာ့စီးပွားရေးပျက်ကွပ်ကြောင့်သြစတြေးလျနိုင်ငံတွင်စီးပွားရေးအခက်အခဲများကြုံတွေ့ နေရပြီး
နောက်ချမ်းသာသောသူများ၏အဆင့်အတန်းများကိုနှစ်စဉ်ဖော်ပြသည့်(ဖော်ဘိစ်မဂ္ဂဇင်း)တွင်သြ
စတြေးလျနိုင်ငံဘီလျံနာသူဌေးများလျော့နည်းသွားကြောင်းသိရသည်။(အင်တာနက်)

Xxx ရုရှားဖက်ဒရေးရှင်းမှာ အလုပ်လက်မဲ့ဦးရေ ၂-ဒဿမ ၃၄-သန်းအထိရောက်ရှိနေပြီ...
ယနေ့ ကမ္ဘာတွင်ဧရိယာအကျယ်ဝန်းဆုံးနိုင်ငံကြီးဖြစ်သောရုရှားဖက်ဒရေးရှင်းသမ္မတနိုင်ငံတွင်လောင်
စာဈေးနှုန်းများကျဆင်းမှုနှင့်ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကိုရင်ဆိုင်ရချိန်၌အလုပ်လက်မဲ့(၂.၃၄)
သန်းရှိလားကြောင်းမတ်လ၉ရက်နေ့ ကတာဝန်ရှိသူတဦးမှပြောကြားလိုက်သည်။ဈေးနှုန်းများကျဆင်း
သဖြင့်ကမ္ဘာ့လောင်စာအဓိကထုတ်လုပ်ရောင်းချသောနိုင်ငံဖြစ်သည်သာမကရေနံနှင့်သဘာဝဓာတ်ငွေ့ 
ပေါကြွယ်ဝသောရုရှားနိင်ငံတွင်အလုပ်လက်မဲ့ဦးရေမှာတိုးမြှင့်နေဆဲဖြစ်သည်။(အင်တာနက်)

Xxx အမေရိကန်နိုင်ငံ အလာဘာမားတွင် ပစ်ခတ်မှုဖြစ်ပွား…..
မတ်လ(၁၀)ရက်နေ့က အမေရိကန်တောင်ပိုင်း၊ အလာဘားမားတွင် ဖြစ်ပွားခဲ့သော ပစ်ခတ်မှုတစ်ခုအတွင်း လူ (၁၀)ဦး သေဆုံးသွားကြောင်း သိရသည်။ အလုပ်ဖြုတ်ခံရပြီး စိတ်ဓာတ်ကျနေသူတစ်ဦးက ဒေါသစိတ်မွှန်ထူ ကာ မြင်မြင်သမျှ ပစ်ခတ်ခဲ့သဖြင့် ယခုကဲ့သို့ ကြေကွဲဖွယ် ဖြစ်ရပ်မျိုး ပေါ်ပေါက်လာရခြင်းဖြစ်သည်။
ရဲကားတစ်စင်းက ပစ်ခတ်ခဲ့ပြီးနောက် အဆိုပါ သေနတ်သမားသည်လည်း သေဆုံးသွားကြောင်း ဒေသဆိုင်ရာ ရုပ်မြင်သံကြား သတင်းဌာနတစ်ခုက ကြေညာသည်။ စီးပွားရေး အကြပ်အတည်းကြောင့် ၎င်း၏ အလုပ်က လုပ်သားဦးရေ လျှော့ချရာတွင် ပါလာသည့်နောက် ကမူးရှူးထိုး ပစ်ခတ်ခဲ့ခြင်းဟုလည်း အဆိုပါ သတင်းဌာနက ကြေငြာသွားသည်။ သေဆုံးသူစာရင်းတွင် အမျိုးသမီးတစ်ဦးနှင့် ကလေးငယ်တစ်ဦးလည်း ပါဝင်ကြောင်း သိရသည်။ မြို့ငယ်လေးတစ်မြို့ဖြစ်သော ဆမ်ဆန်တွင် ပထမဆုံး လူတစ်ဦး ပစ်သတ်ခံရပြီး ၎င်းသေနတ်သမားသည် ကားမောင်းသွားရင်း လမ်းတွင်မြင်သမျှ လူအားလုံးကို ရမ်းသမ်းပစ်ခတ်သွားကြောင်း မျက်မြင်များကဆိုသည်။ ပစ်ခတ်မှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့သူ တစ်ဦးက စစ်ပွဲတစ်ခု ဖြစ်ပွားနေသလို ကြုံခဲ့ရကြောင်း ပြန်လည်ပြောကြားခဲ့သည်။ အဝေးပြေးလမ်းမှတဆင့် အလာဘားမားရှိ မြို့ငယ်များတလျှောက် ပစ်ခတ်သွားသူ သေနတ်သမား၏အမည်ကို ရဲဌာနက တရားဝင်မကြေညာခဲ့ပေ။ မျက်မြင်တစ်ဦးက ဓာတ်ဆီဆိုင် တစ်ခုအနီးတွင် လူအချို့ သေနတ်ဒဏ်ရာဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ခဲ့ရကြောင်း၊ အနီးအနားရှိ ကားများတွင်လည်း ကျည်ဆန်ပေါက်များ ပြည့်နှက်နေကြောင်း ပြောဆိုခဲ့သည်။ သေနတ်သမားသည် ညနေ(၄)နာရီ အိမ်မှထွက်မလာခင် မိသားစုဝင် အတော်များများကိုလည်း ပစ်သတ်ခဲ့ပြီးဖြစ်သည်ဟု ယုံကြည်ရကြောင်း သတင်းများကဆိုသည်။ ဆမ်ဆန်တွင် လူ(၅)ဦးသေပြီး ကန်စတန်တွင် (၂)ဦးထက်မနည်း သေဆုံးသည်ဟု သိရသည်။ ဒေသဆိုင်ရာ ရဲဌာနပြောရေးဆိုခွင့်ရ အမျိုးသမီး ကေသီဝုဒ်ဟမ်က သေနတ်သမားကို ရဲတပ်ဖွဲ့က ကားဖြင့်လိုက်လံ ပစ်သတ်ခဲ့ကြောင်း အတည်ပြုလိုက်သည်။ အဆိုပါ ကျီးလန့်စာစား ဖြစ်ရပ်အတွင်း လူပေါင်းအတော်များများ ဒဏ်ရာရခဲ့သည်ဟုလည်း ဒေသဆိုင်ရာ ဆေးရုံက အတည်ပြုသည်။ အခင်းဖြစ်ပွားရာ ဆမ်ဆန်မြို့သည် လူဦးရေ (၃၀၀၀)မျှသာရှိသည့် မြို့ငယ်လေးတစ်ခုဖြစ်ကြောင်း သတင်းရရှိသည်။

Xxx မြောက်ကိုရီးယားစစ်တပ်အား စစ်ပွဲအတွက် တပ်လှန့်ထား….
မတ်လ(၉)ရက်နေ့တွင် မြောက်ကိုရီးယားအနေနှင့် ၎င်း၏စစ်တပ်များ အားလုံးကို တပ်လှန့်ထားလိုက်ကြောင်း သိရှိရသည်။ ကမ္ဘာ့စစ်လက်နက် အတောင့်တင်းဆုံး ကွန်မြူနစ်နိုင်ငံ တစ်နိုင်ငံဖြစ်သော မြောက်ကိုရီးယားသည် ၎င်းတို့လွှတ်တင်မည့် ဂြိုဟ်တုတစ်လုံးအတွက် ကန့်ကွက်မှု ပြုလုပ်သည့် မည်သည့်နိုင်ငံကိုမဆို ထိပ်တိုက်တွေ့ရန် အသင့်ဖြစ်နေပြီဟု ဆိုသည်။ ထိုအခြေအနေသည် အမေရိကန်နှင့် တောင်ကိုရီးယား အစိုးရများအတွက် ပြင်းထန်သော ခြိမ်းခြောက်မှုတစ်ခု ဖြစ်လာခဲ့ပြီး လွန်ခဲ့သောသီတင်းပါတ်အတွင်းက မြောက်ကိုရီးယား လေပိုင်နက်အနီးမှ ပျံသန်းသွားသော တောင်ကိုရီးယားခရီးသည်တင် လေယာဉ်တစ်စင်းကို ပစ်ချမည်ဟု ပြုံယမ်းအစိုးရက ခြိမ်းခြောက်ခဲ့မှုအပြီး ဒုတိယမြောက် ရန်လိုသော အပြုအမူတစ်ခု ဖြစ်လာခဲ့သည်။ အမေရိကန်သမ္မတ အိုဘားမားသည် ရန်စောင်သည့်ဘက် ယိမ်းယိုင်လာသော မြောက်ကိုရီးယား၏ နိုင်ငံရေး ခံယူချက်အပေါ် သတိနှင့်စောင့်ကြည့်နေကြောင်း ၀ါရှင်တန် အစိုးရကလည်း ကြေညာခဲ့သည်။ မြောက်ကိုရီးယားသည် ဆက်သွယ်ရေးဂြိုဟ်တုတစ်လုံးကို အာကာသအတွင်း လွှတ်တင်မည်ဟု ကြေငြာထားပြီးနောက် ထိုဂြိုဟ်တုကို အသုံးပြုပြီး ဒုံးကျည်လမ်းကြောင်းရှာ ပစ်ခတ်မှုများ ပြုလုပ်နိုင်သည်ဟု ပညာရှင်များက သုံးသပ်ခဲ့ကြသည်။ အမေရိကန်နှင့် ဂျပန်နိုင်ငံများက လိုအပ်လာလျင် မြောက်ကိုရီးယား၏ ဂြိုဟ်တုတင်ဆောင်သွားရာ ဒုံးပျံကို ၎င်းတို့အနေနှင့် ပစ်ချနိုင်စွမ်းရှိသည်ဟု ကြေညာခဲ့ရာမှ တင်းမာမှုများ အစပြုလာခြင်းဖြစ်သည်။ မြောက်ကိုရီးယား စစ်ဘက်ထိပ်တန်း အရာရှိတစ်ဦးက ၎င်းတို့၏ဒုံးပျံကို ပစ်ချခြင်းသည် ဒေသတွင်းငြိမ်းချမ်းမှုကို အဆုံးရှုံးခံလိုက်ခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း ခြိမ်းခြောက်စကားကို မတ်လ(၉)ရက်နေ့က ကိုရီးယားဗဟိုသတင်းအေဂျင်စီမှတဆင့် ခြိမ်းခြောက်ပြောဆိုသွားသည်။ မြောက်ကိုရီးယား၏ တင်းမာသော သဘောထားနှင့် စစ်တပ်များပြင်ဆင်မှုသည် အမေရိကန်၊ တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံများအတွက် အတိမ်းစောင်းမခံသော အနေအထားသို့ ဦးတည်သွားစေခဲ့သည်။ ပညာရှင်များက မြောက်ကိုရီးယား၏ ဒုံးပျံသည် ဧပြီလအစောပိုင်းလောက်တွင် အာကာသထဲသို့ လွှတ်တင်ရန် စီစဉ်ထားပြီးဖြစ်နိုင်ကြောင်း ခန့်မှန်းထားကြသည်။

Xxx မြန်မာအပါအဝင် အာရှနိုင်ငံများ၌ ရာသီဥတုဖြစ်စဉ်ပြောင်းလဲဖွယ်….
ကမ္ဘာ့ရာသီဥတု ပူနွေးလာမှုကြောင့် တောင်အာရှဒေသတွင် နွေမုတ်သုံဝင်ရောက်မှုမှာ နောက်ဆယ်စုနှစ်တွင် ၅ ရက်မှ ၁၅ ရက်အထိ နောက်ကျဖွယ်ရှိပြီး အကျိုးဆက်အဖြစ် မုတ်သုံရာသီ လည်ပတ်မှုသည် အရှေ့ဘက်သို့ ရွေ့လျားသွားကာ အိန္ဒိယသမုဒ္ဒရာ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့တွင် မိုးပိုမိုရွာသွန်းကာ ပါကစ္စတန်၊ အိန္ဒိယ၊ နီပေါနိုင်ငံများတွင် မိုးရွာသွန်းမှု လျော့နည်းသွားမည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အိန္ဒိယအနောက် ဘက် ကမ်းရိုးတန်းဒေသအချို့၊ အိန္ဒိယ၊ သီရိလင်္ကာ၊ မြန်မာနိုင်ငံတို့တွင် မိုးပိုမိုရွာသွန်းမှုကြောင့် မိုးရာသီကြာရှည်ခြင်း၊ ရေကြီးခြင်းတို့ ဖြစ်ပွားနိုင်ကြောင်း သိရသည်။ ယင်းရာသီဥတု အခြေအနေများကြောင့် စိုက်ပျိုးရေးလုပ်ငန်း၊ ကျန်းမာရေး၊ ဒေသတွင်း စီးပွားရေး အခြေအနေတို့တွင် ဆုံးရှုံးမှုများ ကြုံတွေ့ရနိုင်ကြောင်း လေ့လာမှုများတွင် ဖော်ပြထားသည်။ အရှေ့အာရှဒေသရှိ စိုက်ပျိုးရေးလုပ်ငန်း၊ ရေအသုံးချမှု၊ ရေအားလျှပ်စစ် လုပ်ငန်းများသည်လည်း မုတ်သုန်နောက်ကျမှုကြောင့် အခက်အခဲများကြုံတွေ့နိုင်ပြီး မြေလွှာပျက်စီးမှုများ ဖြစ်ပေါ်နိုင်ကြောင်း သိရသည်။ မိုးရွာသွန်းမှုကို လျော့နည်းစေသော ရာသီဥတုအခြေအနေသည် အလွန်ပူပြင်းမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း သုတေသနစာတမ်းတွင် ဖော်ပြထားသည်။

Xxx အလုပ်သမားလျှော့ချမှုကို မျှတစွာလုပ်ဆောင်ရန် စင်ကာပူဝန်ကြီးချုပ်ပြောကြား…
စီးပွားရေးအကျပ်အတည်းကာလအတွင်း လုပ်သားလျှော့ချသည့်အပိုင်းတွင် ၀န်ထမ်းများနှင့် အလုပ်ရှင်များအကြားမျှ တ စွာဆောင်ရွက်ရန် စင်ကာပူဝန်ကြီး ချုပ်လီရှိလွန်းက ထိုင်းနိုင်ငံ၊ ဟွာဟင်းတွင်ပြုလုပ်သည့် အာဆီယံ ထိပ်သီးညီလာခံအပြီး စင်ကာပူသ တင်းမီဒီယာများနှင့် မေးမြန်းခန်း တွင်တိုက်တွန်းပြော ကြားလိုက်သည်။ နိုင်ငံ၏စီးပွားရေးကျ ဆင်းနေသော်လည်း စင်ကာပူနိုင်ငံ၏ အခြေအနေမှာ ဆိုးရွားသည့် အနေအထားတွင်မရှိကြောင်း ၎င်းက ဆက်လက်ပြော ကြားခဲ့သည်။ ယခုနှစ်အတွင်း စင်ကာပူနိုင်ငံ၏ အလုပ်အကိုင်လျှော့ချသည့် ပမာဏနှင့်ပတ်သက်၍ အရေအတွက် အမျိုးမျိုးထွက်ပေါ်လျှက်ရှိရာ အမှန်တကယ်လျှော့ချမည့် ပမာဏများအား အလွန်အကျွံမဖြစ်စေရန် သက်ဆိုင်ရာ ၀န်ကြီးများအနေဖြင့် အလေးပေးဆောင်ရွက်ရန် ကိစ္စတစ် ခုဖြစ်လာခဲ့သည်။ “ကျွန်တော်တို့နေ့တိုင်း စိတ်မကောင်းစရာ သတင်းတွေကိုပဲ ကြားနေရတယ်။ ဘယ်နေရာမှာတော့ အယောက် ၅၀အလုပ်ဖြုတ်လိုက်ပြီ။ ဘယ်နေရာမှာတော့ အယောက်၁၀၀ အလုပ်ပြုတ်ပြန်ပြီ။ ခင်ဗျားတို့အနေ နဲ့ စိတ်မညစ်ရင်နေမယ်။ ကျွန်တော့်တို့အတွက်တော့ တကယ့်ကို စိတ်သောက ရောက်ရပါတယ်”ဟု လီရှိလွန်းက ပြောကြားခဲ့သည်။ စင်ကာပူနိုင်ငံအနေဖြင့် လုံလောက်သော ရင်းမြစ်များရှိနေပြီး ယခုနှစ် ဘဏ္ဍာရေးရန်ပုံငွေအား နည်းလမ်းမှန်ကန်စွာ အသုံးပြုပြီးဖြစ်ကြောင်း ၎င်းက ပြောကြားလိုက်သည်။ “မိသားစုတွေကို ဘာကြောင့် အကူအညီတွေ တိုက်ရိုက်မပေးတာလဲဆိုတဲ့ ပြောစကားတွေကို ကြားနေရပါတယ်။ ဒါပေမယ့် ပြည်သူတွေကို မှန်ကန်တဲ့ကူညီမှုဆိုတာ ငွေလက်မှတ်တွေ၊ ကူပွန်တွေပေးခြင်း မဟုတ်ပါဘူး။ တည်မြဲတဲ့ အလုပ်အကိုင် တွေရရှိအောင် လုပ်ပေးဖို့ပါပဲ။နိုင်ငံရဲ့ သုံးစွဲနိုင်ခွင့် ဘတ်ဂျက်အခြေအနေပေါ်မှာ ဆောင်ရွက်ရတာတွေကို ပြည်သူတွေ နားလည်အောင် ဆောင်ရွက်ပေးဖို့လိုပါတယ်”ဟု ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

xxx သတင်းမှားကိစ္စအတွက် Twitter ဝက်ဘ်ဆိုက်ကို အီမာဝပ်ဆန် ပြစ်တင်ဝေဖန်....
အီမာဝပ်ဆန်က သူမအနေနှင့် ယေးလ်တက္ကသိုလ်ကို ရွေးချယ်လိုက်ပါပြီဆိုသော ဖော်ပြမှုများသည် လုံးဝ အမှားများသာဖြစ်ကြောင်း ငြင်းချက်ထုတ်ခဲ့ပြီး အဆိုပါသတင်းများ ထွက်ပေါ်လာခြင်းအတွက် အင်တာနက် Social Networking၀န်ဆောင်မှု ၀က်ဘ်ဆိုက်တစ်ခုဖြစ်သည့် Twitterကို ပြစ်တင်လိုက်သည်။ အသက်(၁၈)နှစ်အရွယ် ဟယ်ရီပေါ့တားဇာတ်ဆောင် ဗြိတိသျှမင်းသမီးလေးက သူမအနေနှင့် ဗြိတိန်နှင့် အမေရိကန်ရှိ မည်သည့်တက္ကသိုလ်ကို ရွေးချယ်မည်ဆိုခြင်းအား မဆုံးဖြတ်နိုင်သေးကြောင်း ပြောကြားသွားသည်။ ယခုလ အစောပိုင်းက အင်တာနက်သတင်းများတွင် အီမာမှာ အမေရိကန်ရှိ ယေးလ်တက္ကသိုလ်အား သူမ၏ အဆင့်မြင့်ပညာ သင်ယူရာဌာနအဖြစ် သတ်မှတ်လိုက်ပြီဟူသော သတင်းများ ထွက်ပေါ်လာပြီးနောက် အမေရိကန်ရှိ သူမ၏ ပရိသတ်များက ပျော်ရွှင်နေခဲ့ကြသည်။ အီမာက Twitterတွင် သူမ၏အမည်ကို အသုံးပြုထားသော Accountတစ်ခုက ယခုလိုကြေငြာခဲ့သဖြင့် သတင်းမှားများ ပြန့်နှံ့ခဲ့ခြင်းဟု ဖြေရှင်းခဲ့သည်။ ယခုလောလောဆယ်တွင် မည်သည့်တက္ကသိုလ်ထံကမှ ကျောင်းသူအဖြစ် လက်ခံကြောင်း ပြန်ကြားချက်ကို မရရှိသေးပါဟုလည်း အီမာက ထုတ်ဖော်ပြောဆိုခဲ့သည်။ ယခုအခါတွင် အီမာဝတ်ဆန် အမှန်တကယ်တက်ချင်သည်မှာ ဟားဗတ်နှင့် မက်ဆာချူးဆက် တက္ကသိုလ်များဖြစ်ကြောင်း ကောလဟာလများ ထပ်မံထွက်ပေါ်လျက်ရှိသည်။

Xxx အမေရိကန် အလုပ်လက်မဲ့နှုန်း သိသာစွာတိုး......
အမေရိကန်နိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း အလုပ်လက်မဲ့နှုန်း ၈.၁ % အထိ ရှိလာပြီး စီးပွားရေး ကျဆင်းမှု ကြောင့် အလုပ်ပြုတ်သွားသူ ၆၅၁,၀၀၀ ရှိသွားပါပြီ။ သောကြာနေ့ကထုတ်ပြန်တဲ့ အလုပ်သမားဝန်ကြီးဌာန ရဲ့ အစီရင်ခံစာ အရ အလုပ်လက်မဲ့ဦးရေဟာ ၂၅ နှစ်အတွင်း ၀.၅ % နဲ့ အမြင့်ဆုံးကို ရောက်ရှိလာတာ ဖြစ်ပြီး လွန်ခဲ့တဲ့ ၁၄ လအတွင်း အမေရိကန်နိုင်ငံ စီးပွားရေးကျဆင်းမှုကြောင့် အလုပ်ထွက်ခဲ့ရသူပေါင်း ၄,၄၀၀,၀၀၀ ကျော် ရှိခဲ့ကြောင်း သတင်းရရှိပါ တယ်။ အဲဒီ အလုပ်လက်မဲ့များ အလုပ်ထွက်ရသူများရဲ့ ဦးရေကို ကြည့်လိုက်ရင် အရင်လထဲမှာ မိမိလက်မှတ်ရေးထိုးခဲ့တဲ့ စီးပွားရေး ဦးမော့ရေး အစီအစဉ် ဘယ်လောက်ထိ အရေးကြီးသေးလဲ ဆိုတာ ပြသတာပဲလို့ သမ္မတ ဘားရက် အိုဘားမား က ပြောပါတယ်။ အလျင်အမြန် ပျက်ယွင်းနေတဲ့ အမေရိကန်စီးပွားရေးနဲ့ပတ်သက်ပြီး သမ္မတ ဘားရက်အိုဘားမား က - “အမေရိကန်နိုင်ငံမှာ အခုလို အကျပ်အတည်းနဲ့ ကြုံလာတဲ့အခါ ဘေးမှာ ထိုင်နေပြီး ဒီအတိုင်း မျှော်လင့်နေကြမှာ မဟုတ်ဘူး ဆိုတာ ကျနော်သိပါတယ်။ နိုင်ငံရဲ့ သမိုင်းတလျှောက် ဘယ်လောက်ကြီးမားတဲ့ စိန်ခေါ်မှုကြီးပဲဖြစ်စေ အဲဒီလို စိန်ခေါ်မှု ဖြစ်တိုင်း ပြည်သူတွေက အကြံကောင်းဉာဏ်ကောင်းတွေနဲ့ ရဲဝံ့ ပြတ်သားစွာ လုပ်ဆောင်ခဲ့ကြတာပါ။ ဒီလို အမေရိကန်တို့အဖို့ အလွန်အမင်း အရေးကြီးနေတဲ့ကာလ ကျနော်တို့တတွေ ကိုယ့်အတွက်ကိုယ်ရော၊ နောင်လာ နောက်သား သားသမီးတွေအတွက်ပါ တာဝန်ယူကြရပါလိမ့်မယ်။” - လို့ ပြောကြား ခဲ့ပါတယ်။

Xxx AIG ကုမ္ပဏီ၏အရှုံးသည် အမေရိကန်သမိုင်းတလျှောက် အကြီးမားဆုံးဟုဆို.....
ပေါင်စတာလင် (၄၄)ဘီလျံမျှအထိ အရှုံးပေါ်နေသော AIGကုမ္ပဏီသည် အမေရိကန်နိုင်ငံ သမိုင်းတလျှောက် ဆုံးရှုံးမှုအကြီးမားဆုံး ကုမ္ပဏီအဖြစ် မှတ်တမ်းဝင်လာခဲ့သည်။ World Streetမှ ရှယ်ယာဈေးနှုန်းများ ထိုးကျနေမှုနှင့်အတူ အမေရိကန်အခြေစိုက် အာမခံလုပ်ငန်းစုကြီးမှာ ဆိုးဆိုးရွားရွား ရုန်းကန်နေရသည်။ ကုမ္ပဏီ၏ အနာဂတ်သည် အစိုးရထံမှ ရရှိမည့် ချေးငွေအပေါ် မူတည်နေကြောင်း လုပ်ငန်းစု အကြီးအကဲ အက်ဒွက်လစ်ဒေးက ၀န်ခံခဲ့သည်။ ကုမ္ပဏီ၏ ရှယ်ယာများကို ၀ယ်ယူသူမရှိဘဲ ဈေးနှုန်းများ ကျဆင်းနေသလို အစိုးရကလည်း နောက်ထပ်ချေးငွေ ပေါင်(၂၀)ဘီလျံ ထုတ်ပေးရေးကို ဆိုင်းငံ့ထားသဖြင့် AIGမှာ ပိုမိုကျပ်တည်းမှုများ ကြုံနေရသည်။ လစ်ဒေးက အမေရိကန် သမ္မတ ဘာရတ်အိုဘားမားအနေနှင့် ကျဆင်းနေသော နိုင်ငံစီးပွားရေးကို ပြန်လည်ဦးမော့လာအောင် စွမ်းဆောင်ပေးနိုင်မည်စု ယုံကြည်ကြောင်း ပြောကြားခဲ့ပြီး AIG၏ အနာဂတ်ကို လမ်းကြောင်းမှန်ပေါ် ဆွဲတင်နိုင်မည်ဟု အကောင်းမြင် မျှော်လင့်နေဆဲဖြစ်သည်။ စာရင်းများအရ AIGသည် (၂၀၀၈)ခုနှစ်၊ နောက်ဆုံး(၃)လ အတွင်းမှာပင် တစ်နေ့ပေါင်သန်း(၄၀၀)နှုန်းထိ ပျမ်းမျှအားဖြင့် ဆုံးရှုံးနေခဲ့သည်။ AIGသည် အင်္ဂလန်ရှိ ကမ္ဘာကျော် ဘောလုံးကလပ်အသင်း မန်ချက်စတာယူနိုက်တက်အား Sponsorပေးထားသည့် ကိစ္စအတွက်လည်း စာချုပ်သက်တမ်းတိုး ချုပ်ဆိုနိုင်ခြင်း မရှိတော့ဘဲ ကုမ္ပဏီ၏ ကျဆင်းမှုများအတွက် အဘက်ဘက်မှ ခြွေတာရန် လိုအပ်နေပြီဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ စာရင်းများအရ AIG၏ ဆုံးရှုံးမှုပမာဏသည် ပေါင်စတာလင် (၄၃.၈)ဘီလျံအထိ မြင့်တက်သွားခဲ့ကြောင်း သိရှိရသည်။

Xxx ဘုရှ်လက်ထက်မှ လျှို့ဝှက်မှတ်တမ်းများ သမ္မတအိုဘားမားအစိုးရဖွင့်ချ.....
အမေရိကန် သမ္မတဟောင်း ဂျော့ဘုရှ်လက်ထက်က ဆောင်ရွက်ခဲ့သည့် အကြမ်းဖက်မှု နှိမ်နင်းရေး လျှို့ဝှက်မှတ်တမ်းများကို လက်ရှိသမ္မတ အိုဘားမား၏ ရုံးအဖွဲ့က မတ်လ(၂)ရက်နေ့တွင် အများပြည်သူထံ ဖွင့်ပြလိုက်ပြီဖြစ်သည်။ CIA၏ ဆောင်ရွက်ချက် မှတ်တမ်းများနှင့် အကြမ်းဖက်သမားဟု ယူဆရသူများအား မည်သို့ဆက်ဆံခဲ့သည်ဆိုသော သတင်းအချက်အလက်များအပါအ၀င် တရားဝင် ဖော်ထုတ်မှု (၉)ခုကို တရားရေး ၀န်ကြီးဌာနမှတဆင့် ဖော်ပြခဲ့ခြင်းဖြစ်ပြီး (၂၀၀၁)ခုနှစ်၊ စက်တင်ဘာလ (၁၁)ရက်နေ့ အကြမ်းဖက်မှုကြီးနောက်ပိုင်း အမေရိကန်အစိုးရ၏ နောက်ကွယ်မှ အကြမ်းဖက်မှု တိုက်ဖျက်ရေးဆိုင်ရာ ဆောင်ရွက်ချက် အတော်များများကို တိတိကျကျ ဖော်ပြထားသည်။ ဘုရှ်လက်ထက်က မှတ်တမ်းအတော်များများကို ဖျက်ဆီးထားပြီးဖြစ်သော်လည်း လက်ရှိကျန်နေသေးသည့် အချက်အလက်များဖြင့် ထိုစဉ်က အမေရိကန်၏ ခြေလှမ်းများကို ကောင်းစွာခန့်မှန်းနိုင်မည်ဟု နိုင်ငံရေး သုတေသီများက ယူဆနေကြသည်။ လွန်ခဲ့သော ဆယ်စုနှစ်အတွင်း ဘာတွေဖြစ်ခဲ့သည်ကို ပြည်သူများသိသင့်သည်ဟု ယူဆပါကြောင်း မှတ်တမ်းများ မထုတ်ပြန်မီ အိုဘားမား၏ ရုံးအဖွဲ့က ကြေငြာခဲ့သည်။ ထိုမှတ်တမ်းများအရ (၉/၁၁) အကြမ်းဖက်မှု နောက်ပိုင်း အမေရိကန် အစိုးရ၏ အကြမ်းဖက်မှု တုန့်ပြန်ရေး ခြေလှမ်းပြောင်းလဲမှုများကို အမေရိကန် ပြည်သူများအနေနှင့် သိရှိနားလည်နိုင်မည်ဟု ယူဆပါကြောင်း အိုဘားမား အစိုးရရုံးအဖွဲ့က ပြောကြားသွားသည်။

xxx ကမ္ဘာ့စီးပွားရေး အကြပ်အတည်းနောက်ဆုံးအခြေအနေ ဟောပြောမည်....
မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်းမှ ပညာရှင်များ၏ ဟောပြောပွဲများကို ကျင်းပလျက်ရှိပြီး ဟောပြောပွဲ အမှတ်စဉ်(၃/၂၀၀၉)ကိုလည်း ကျင်းပသွားမည်ဟု သိရသည်။ ယခုဟောပြောပွဲတွင် “ကမ္ဘာ့စီးပွားရေးအကြပ်အတည်း နောက်ဆုံးအခြေအနေ” (Recession Update)ခေါင်းစဉ်ဖြင့် စီးပွားရေးပညာရှင်နှင့် စာရေးဆရာ ဦးခင်မောင်ညို(ဘောဂဗေဒ)မှ ဟောပြောမည်ဖြစ်သည်။
ဦးခင်မောင်ညို(ဘောဂဗေဒ)သည် ၂၀၀၁ ခုနှစ်အထိ ရန်ကုန်စီးပွားရေးတက္ကသိုလ်တွင် ကထိကအဖြစ်လည်းကောင်း၊ ၂၀၀၁ ခုနှစ်မှ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်ရုံးတွင် ဒုတိယညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ကမ္ဘာ့စီးပွားရေးဂျာနယ်တွင် အယ်ဒီတာချုပ်အဖြစ် ဆောင်ရွက်သည်။ ခင်မောင်ညို(ဘောဂဗေဒ) ကလောင်အမည်ဖြင့် စီးပွားရေး ပညာရပ်ဆိုင်ရာများ၊ စီးပွားရေးလုပ်ငန်းဆိုင်ရာများနှင့် နိုင်ငံတကာနှင့် ပတ်သက်သော စာအုပ်များ အပါအဝင် စာအုပ်ပေါင်း(၃၀)ကျော် ရေးသားထုတ်ဝေခဲ့ပြီး ဖြစ်သည်။ လက်ရှိတွင်လည်း ဂျာနယ်၊ မဂ္ဂဇင်း၊ စာစောင်များတွင် စီးပွားရေးဆိုင်ရာ ဆောင်းပါးများ ရေးသားလျက်ရှိသည်။ ယခုကျင်းပမည့် ဟောပြောပွဲသို့ အသင်းဝင်များနှင့် စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ပြီး ဟောပြောပွဲအစီအစဉ်မှာ အောက်ပါအတိုင်းဖြစ်သည်။
နေ့ရက် - ၂၀၀၉ ခုနှစ်၊ မတ်လ(၅)ရက်၊ ကြာဿပတေးနေ့။
အချိန် - ညနေ ၀၄း၀၀ နာရီ။
နေရာ - ယုဇနဟိုတယ်၊ ရွှေဂုံတိုင်။
ဖုန်း - ၅၅၄၉၈၀၊ ၅၅၄၉၈၂၊ ၅၅၄၉၈၄။ (အင်တာနက်)

xxx တရုတ်ပြည် တောင်ပိုင်းတွင် စက်ရုံ ၂၄၀၀-ကျော်လုပ်ငန်းရပ်ဆိုင်း….
ကမ္ဘာ့စီးပွားရေးနှင့် ဘဏ္ဍာရေးကျဆင်းမှုကြောင့် တရုတ်ပြည် တောင်ပိုင်း ပြည်နယ်ဒေသများတွင် လွန်ခဲ့ သောနှစ်က ကုန်ထုတ် လုပ်ငန်း စက်ရုံ ၂၄၅၂-ခုသည် ကုန်ထုတ်လုပ်မှုရပ်ဆိုင်းခြင်း(သို့)ပိတ်ခဲ့ရကြောင်း ဂွမ်ဒေါင်းပြည်နယ် တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။ (အင်တာနက်)

Xxx၂၀၀၉-ခုနှစ်မှာ တောင်ကိုရီးယား စီးပွားရေး ၄% ကျဆင်းမည်…
ကမ္ဘာ့စီးပွားရေးအကျပ်အတည်းကြုံတွေ့ နေရချိန်တွင်ပြည်တွင်းဝယ်လို အားနှင့်ပြည်ပ ပိုကုန်များကျဆင်းလာမှုကြောင့် ၂၀၀၉ခုနှစ်အတွက်တောငကိုရီးယားနိုင်ငံ၏စီးပွားရေး အခြေအနေမှာ၎%ကျဆင်းမည်ဟုနိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ (IMF)ကဖေဖော်ဝါရီလ ၃ရက်နေ့ မှာပြောကြားသည်။သို့ ရာတွင်အာရှတိုက် ၏စတုတ္ထမြောက် စီးပွားရေးအင်အား အတိုးတက်ဆုံးဖြစ်သောတောင်ကိုရီးယားနိုင်ငံသည်၂၀၁၀ပြည့်နှစ်၌စီးပွားရေးအခြေအနေ တိုးတက်ရန်ခံမှန်းထားကြောင်း (IMF)ကဖော်ပြခဲ့သည်။ (အင်တာနက်သတင်း)

xxx၂၀၀၉-ခုနှစ်တွင် ကမ္ဘာတ၀ှမ်း၌ အလုပ်လက်မဲ့နှုန်း တိုးလာမည်ဟု (ILO)ခန့် မှန်း…
ကမ္ဘာပေါ်တွင်လက်ရှိဖြစ်ပွားနေသောစီးပွားရေးအကြပ်အတည်းကြောင့်၂၀၀၉ခုနှစ်အတွင်း၌ ကမ္ဘာအ၀န်းမှာ အလုပ်အကိုင် ဆုံးရှုံး သွားနိုင်သောလူဦးရေသည်၅၁သန်းအထိရှိလာနိုင်ကြောင်း နိုင်ငံတကာအလုပ်သမားရေးရာအဖွဲ့ ချူပ်(ILO)ကခန့် မှန်းလိုက် သည်။ ကမ္ဘာအလုပ်လက်မဲ့နှုန်း အခြေအနေသည်၂၀၀၇ခုနှစ်က၅.၇%ရှိနေရာမှ၂၀၀၈ခုနှစ်တွင် ၆%အထိမြှင့်တက်လာခဲ့ပြီး
၂၀၀၉ ခုနှစ် တွင် ၇.၁%အထိ မြင့်တက်လာစရာရှိကြောင်း(ILO)၏ ကိန်းဂဏန်းများ ကဖော်ပြသည်။ (အင်တာနက်)

မှတ်ချက်။ ။ အထက်ပါသတင်းများသည် အင်တာနက်မှ ကူးယူဖော်ပြသော သတင်းများဖြစ်ပါသည်။

*** မြောက်ကိုရီးယားသို့ဦးတည်၍ စစ်သင်္ဘောများစေလွှတ်

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)