ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဘက်အခြမ်း မြ၀တီမြို့က ပုရစ်ကြော်သည်တွေဟာ အခုရက်ပိုင်းအတွင်း မဲဆောက်မြို့မှာ အတော်ဈေးကွက်ရနေတာကို တွေ့ရပါတယ်။ နို့ဆီဗူးတစ်ဗူးကို မြန်မာငွေနဲ့ ၅၀၀-ကျပ်၊ ထိုင်းငွေနဲ့ ၂၀-ဘတ် ရောင်းချနေ တာမြင်ရပါတယ်။
အခုလို နွေခေါင်ခေါင်ဖြစ်ပေမယ့် ရာသီဥတုက ဖောက်ပြန်နေတာကြာပြီဆိုတော့ မိုးကလေး တပြိုက်နှစ်ပြိုက်လောက် ရွာချလိုက်ပြီဆိုရင် (ကိုရွှေပုရစ်တွေ)ဟာ မြေကြီးတွင်းငယ်ကလေးတွေကိုယ်စီနဲ့ ရွစိ၊ ရွစိဖြစ်လာတော့တာက:ို။ သဟာကြောင့်လည်း မဲဆောက်က အချစ်တော်တွေအတွက် အနှစ်အတော်ဆော်ရလေအောင် ပုရစ်ကြော်လာပါပြီတဲ့ ဗျို့…….။ ဒီပုံတွေကိုကြည့်ပြီး မိတ်ဆွေတို့ သွားရည်ယိုရင် မဲဆောက်ဈေးထဲမှာ အသည်(၁၅)သည်လောက် ရှိတယ်နော်…..။
သတင်း-မြန်မာပြည်သား

1 comment:
ဟယ် ပုရစ်ကြော်တော့်
ပုရစ်ကြော် စားချင်လိုက်တာနော်..
ကျွန်မ အကြိုက်ဆုံးပြောပါဆို အကောင်တေ ပလောင်တွေထဲမှာ ပုရစ်ပဲ တောင်ပံလဲ မဖြုတ်ဘူး ခြေထောက်လဲ မဖြုတ်ဘူး ကုန်ကုန်ပြောမယ်ကွယ် အူတောင် မဖောက်ဘူး အကောင်လုံး ၀ါးစားပစ်လိုက်တာပဲ ကြွပ်ကြွပ်မြည်အောင် တန်တယ်နော် နို့ဆီဗူးတစ်ဗူးမှ ၂၀ပဲ..စားချင်လိုက်တာ. ဒီမှာက ပုရစ်တွေက အာဟာရ မပြည့်ဘူး ပိန်ညောင်နေတာပဲ အတောင်ပံပဲ မြင်ရတယ် ကိုယ်လုံးတောင် မရှိဘူး ပုရစ်၀၀တုတ်တုတ် ၀ါးချင်တယ် သူများအသက်ကို မစားရ၀ကမမ်း ဟီးဟီး
Post a Comment