ပိတောက်ဝါများ ၊ ငွားငွားစွင့်စွင့်
ပွင့်ကြလေပြီ ၊ မြန်မာပြည်အနှံ့ 
မွှေးမွှေးပျံ့၍ ၊ရနံ့ ထုံကြည်သင်းလေ၏ ။
xxxသင်္ကြန်အစ ၊ ပုဂံကဟု
ဖြစ်တည်ရကြောင်း ၊ သမိုင်းကြောင်းကို
ရှေးဟောင်းစာပေ ၊ အထွေထွေမှ
ရှာဖွေမှတ်သားခဲ့ရ၏ ။
+++ပုဂံခေတ်က ၊ ထင်ရှားလှသည့်
နရပတေ့ ၊မင်းမြတ်မွေ့ ရာ
မြစ်ဆိပ်သာတွင် ၊ ရေခင်ဖျဉ်းဖို့
တဲနန်းတွေဆောက်၊အံ့လောက်ဖွယ်ရာ
ပျော်ရွှင်စွာနှင့် ၊ စဉ်လာမပျက်
ရေပက်ကစား ၊ ပြည်သူများလည်း
ပါဝင်နွှဲသည် ။ ခြိမ့်သဲသင်္ကြန်စခဲ့၏ ။
***သင်္ကြန်ကာလ ၊ သာစွချိန်ခါ
ှုဥပုသ်သီလ ၊ စောင့်ထိန်းကြပြီး
မိဘဘိုးဘွား၊ ဆရာများကို
ဝပ်တွားရိုကျိုး ၊ ရှိခိုးကော်ရော်
ပူဇော်ကြသည်၊လှပတင့်တယ်နေပါ၏ ။
xxxနှစ်ဟောင်းကုန်မြောက် ၊ နှစ်သစ်ရောက်ကာ
မင်္ဂလာအပေါင်း ၊ ခညောင်းအေးမြ
ညစ်ကြေးကင်းစင် ၊ ပျော်ရွှင်လန်းဆန်း
ရေပက်ဖျန်းသည် ၊တင့်ဆန်းလှပ ၊တန်ခူးလ
သင်္ကြန်ပွဲတော်ဆင်နွှဲကြ....။
အောင်သူရိန်(ပုလဲ)
(ကိုးန၀င်းမဂ္ဂဇင်း ၊၂၀၀၈ဧပြီမှကူးယူဖော်ပြပါသည်။)
***နှစ်ဟောင်းကုန်မြောက် ၊ နှစ်သစ်ရောက်တာ
ပိတောက်ဝါများ ၊ ငွားငွားစွင့်စွင့်
ပွင့်ကြလေပြီ ၊ မြန်မာပြည်အနှံ့ 
မွှေးမွှေးပျံ့၍ ၊ရနံ့ ထုံကြည်သင်းလေ၏ ။
xxxသင်္ကြန်အစ ၊ ပုဂံကဟု
ဖြစ်တည်ရကြောင်း ၊ သမိုင်းကြောင်းကို
ရှေးဟောင်းစာပေ ၊ အထွေထွေမှ
ရှာဖွေမှတ်သားခဲ့ရ၏ ။
+++ပုဂံခေတ်က ၊ ထင်ရှားလှသည့်
နရပတေ့ ၊မင်းမြတ်မွေ့ ရာ
မြစ်ဆိပ်သာတွင် ၊ ရေခင်ဖျဉ်းဖို့
တဲနန်းတွေဆောက်၊အံ့လောက်ဖွယ်ရာ
ပျော်ရွှင်စွာနှင့် ၊ စဉ်လာမပျက်
ရေပက်ကစား ၊ ပြည်သူများလည်း
ပါဝင်နွှဲသည် ။ ခြိမ့်သဲသင်္ကြန်စခဲ့၏ ။
***သင်္ကြန်ကာလ ၊ သာစွချိန်ခါ
ှုဥပုသ်သီလ ၊ စောင့်ထိန်းကြပြီး
မိဘဘိုးဘွား၊ ဆရာများကို
ဝပ်တွားရိုကျိုး ၊ ရှိခိုးကော်ရော်
ပူဇော်ကြသည်၊လှပတင့်တယ်နေပါ၏ ။
xxxနှစ်ဟောင်းကုန်မြောက် ၊ နှစ်သစ်ရောက်ကာ
မင်္ဂလာအပေါင်း ၊ ခညောင်းအေးမြ
ညစ်ကြေးကင်းစင် ၊ ပျော်ရွှင်လန်းဆန်း
ရေပက်ဖျန်းသည် ၊တင့်ဆန်းလှပ ၊တန်ခူးလ
သင်္ကြန်ပွဲတော်ဆင်နွှဲကြ....။
အောင်သူရိန်(ပုလဲ)
(ကိုးန၀င်းမဂ္ဂဇင်း ၊၂၀၀၈ဧပြီမှကူးယူဖော်ပြပါသည်။)


No comments:
Post a Comment