ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင်ထိုင်းနှစ်ဆန်းတရက်နေ့ မြို့ လုံးကျွတ်ရေပက်ဖျန်းပွဲ(၀ါ)မြို့ ဆေးကြော
ခြင်းနေ့ အဖြစ်ယနေ့ ကျင်းပခဲ့ကြသည်။မဲဆောက်မြို့ မြူနီစီပယ်ရုံးမှကြီးမှူးကာမဲဆောက်မြို့ ရပ်ကွက်ကြီင်္း၁၆
ရပ်ကွက်နှင့်ဘုန်းတော်ကြီးကျောင်းများအား(သင်္ကြန်အလှပြယာဉ်)များစီစဉ်စေကာလွန်ခဲ့သော၁၀နှစ်ခန့် မှ
စတင်ကာမြို့ ဆေးကြောခြင်းပွဲအဖြစ်ကျင်းပလာကြခြင်းဖြစ်သည်။ဤပုံများတွင်ထိုင်းအလှုပြယာဉ်များနှင့်ထိုင်း
လူမျိုးများ၊မြန်မာအလှပြယာဉ်၃စီးနှင့်မြန်မာပြည်သားများစသည်ဖြင့်လွတ်လပ်ပေါ့ပါးစွာဘ၀အမောကြားမှ
အပျော်ရှာကြပုံများကိုတွေ့ မြင်ကြရပါမည်။(အထူးသဖြင့်မန္တလေးမြို့ မကိုသတိရဖွယ်ရာငွေငန်းရုပ်ကြီးနှင့်
သရုပ်ပြတင်ဆက်သွားသောဝပ်ပါကောင်(ခေါ်)တောရကျောင်းအလှပြယာဉ်အဖွဲ့ ၏မြန်မာ့ယဉ်ကျေးမှုကို
ဖော်ညွှန်းမှုများကိုလည်းထူးခြားစွာရှုစားကြပါမည်။)
သတင်းမှတ်တမ်း....မြန်မာပြည်သား

No comments:
Post a Comment