မိခင်ကြီးက တဦးတည်းသော သမီးဖြစ်၍ စည်းစနစ်ကျကျကြီးပြင်းစေချင်သည်။ ထို့ကြောင့် စည်းကမ်း အရာတွင် နာမည်ကြီးလှသော ကျောင်း၌ ဘော်ဒါထားလိုက်သည်။ ရက်သတ္တပတ် အတော်ကြာသောအခါ မိခင်ကြီး ကိုယ် တိုင် ကျောင်းသို့သွားလည်၏။ မိခင်ကြီးအား ဆရာမကြီးက လှိုက်လှိုက်လှဲလှဲကြိုဆိုပြီး သမီးက စည်းကမ်းလိုက် နာကြောင်း၊ စာတော်ကြောင်း ပြောပြအပြီးမှာ….။
“ကျမတို့က သမီးလေး အဲလစ္စဘတ် အတွက် ဂုဏ်ယူပါတယ်။ ရှင်လည်း သားတွေအများကြီးမွေးထားတဲ့အတွက် ဂုဏ်ယူသင့်တာပါပဲ…”
“ရှင်ရှင် ဘယ်လို… ဘယ်လိုပြောလိုက်တယ်။ ကျမမှာ သားတွေအများကြီး ဟုတ်လား….”
“ဟုတ်တယ်လေ… အဲလစ္စဘတ်က ဒီကိုရောက်လာလို့ သိပ်မကြာခင်မှာ သူ့အကို(၇)ယောက်က တနေ့တယောက် လာလာပြီး အပြင်ခေါ်သွားကြတယ်လေ၊ အခုအဲလစ္စဘတ်က မနက်ဖြန်မှာ နောက်အကိုတယောက်လာခေါ်မှာကို မျှော်နေလေရဲ့….”
ခင်မောင်တိုး (မိုးမိတ်)
(ဟာဒယနှလုံး- တခဏပြုံး)

No comments:
Post a Comment