နယူးကာဆယ်အသင်းကိုတည်ထောင်သော နှစ်ပတ်လည်နေ့မတိုင်မီ အသင်းဘုတ်အဖွဲ့ဝင်များကို ခေါ်၍ အသင်းပိုင်ရှင် မိုက်အက်ရှ်လေက အကြံဥာဏ်များတောင်းယူသည်။
“လာမည့်သောကြာနေ့မှာ အသင်းရဲ့နှစ်ပတ်လည်နေ့ကျရောက်ပါပြီ။ အဲဒီနေ့မှာ အစီအစဉ်တစ်ခုလုပ်ချင်တယ်။ ဒါပေမယ့် သိတဲ့အတိုင်း အသင်းရဲ့ ဘဏ္ဍာရေးအခြေအနေကလည်းယိုင်နဲ့နဲ့ဆိုတော့ အဲဒီအစီအစဉ်က အကုန်အကျလည်းများလို့မဖြစ်ပါဘူး။
ဘာပဲဖြစ်ဖြစ်အဲဒီအစီအစဉ်ကို လူတွေအားလုံးကျေနပ်နှစ်သက်ပြီး တစ်သသဖြစ်စေချင်သလို အသင်းပရိသတ်တွေလည်း ပျော်ရွှင်မှုရစေချင်ပါတယ်။ ဘယ်လိုလုပ်ရင်ကောင်းမလဲအကြံပေး ကြပါဦး…”
ဤတွင် ဘုတ်အဖွဲ့ဝင်များထဲမှတစ်ဦးကထ၍ “ဒီလိုဆိုရင် ကျနော်အကြံပေးချင်ပါတယ်။ အဲဒါကတော့ ခင်ဗျားအနေနဲ့ ပေတစ်သောင်းအမြင့်မှာပျံနေတဲ့လေယာဉ်ပေါ်ကနေ အလွတ်ခုန်ချဖို့ပါပဲ။ ဒီအတွက်ယာဉ်ငှားဖို့ပိုက်ဆံဘယ်လောက်မှလည်း ကုန်မှာမဟုတ်သလို အဲဒီအတွက်လူတွေကလည်း ခင်ဗျားအသုဘမှာ အမှတ်တရနဲ့တစ်သသဖြစ်နေပါလိမ့်မယ်။ အဲ… အဲဒီအတွက် အသင်းပရိသတ်တွေရဲ့ပျော်ရွှင်မှုကတော့ ဆုံးမှာတောင်မဟုတ်ပါဘူး…။”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…။
(ရွှင်ပြုံးတခဏဘောလုံးဟာသ)

No comments:
Post a Comment