နွေရာသီပူပြင်းသမို့ အိုအချင်းတို့ရေ… ယခုအခါပူပြင်းခြောက်သွေ့သော နွေရာသီကို ရောက်ရှိလာပြီဖြစ်တာ ကြောင့် ချွေးထွက် လွန်ပြီး ခန္ဓာကိုယ်ထဲက ရေနဲ့ ဓါတ်ဆားတွေဆုံးရှုံးမှုများပြားပါတယ်။ အဲသဟာကြောင့် မိတ်နဲ့ယားဖုတွေထွက်လာတာ၊ ပင်ပန်းနွမ်းနယ်တာ၊ မူးမော်တာ၊ ကြွက်တက်တာ၊ ချွေးခြောက်ပြီး ကိုယ်အပူ ချိန်တက်တာ၊ သတိလစ်တာတွေအပြင် အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေအထိ ဖြစ်တတ်ပါတယ်။
ဒါကြောင့်….. ဒါတွေကိုဆောင်ပြီး အပူဒဏ်ကိုဒီလိုခံကြည့်ကြရအောင်လားခင်ဗျား…။
“နံနက် ၁၀-နာရီမှ ညနေ ၅-နာရီ
လွင်ထီးခေါင်ဆီ သင်မသွား
မြစ်ကမ်းနားဆီ သင်မသွား
ရေဆိပ်ရှိရာ သင်မသွား
အရိပ်ရ နေရာသင်ကသွား…။”
“နေပူကပြန်၊ သတိထားရန်
ချက်ချင်းရေချိုး၊ ရှောင်ကြဉ်ဗျိုး…။”
“နေပူမှာမကစား၊ ကိုယ်လက်မလှုပ်ရှား
မသောက်မစား၊ ယမကာများ
သောက်စားပါက၊ အန္တရာယ်များ…။”
“နေ့ခင်းအပြင်ထွက်၊ သင်ဆောင်လျက်
ထီး၊ ဦးထုပ်နဲ့ ထွက်…။”
“အဖြူရောင်နဲ့ အရောင်ဖျော့ဖျော့
သင့်ရဲ့ကိုယ်မှာ အကြော့အမော့…။”
“ဖွဖွ ချောင်ချောင် အ၀တ်ဆောင်၊ အဖြူရောင်ကိုသုံး ချွေးထွက်လွန်တတ်၊ အသင်မှတ်၊ ဓါတ်ဆားရည်နဲ့အပ်…။”
“ကိုယ်အပူရှိန်တက်၊ ရေအေးဆက်၊ ရေပတ်မှန်မှန်တိုက်ကြပါ….။”
“ကလေး, လူအို, ဆီးချိုနှလုံး၊ သွေးတိုးအလုံးစုံ၊ အရိပ်အုံမှာ နားခိုရာ…..”
“မိတ်ဖု၊ ယားဖု၊ ထိုနှစ်ခု၊ သနပ်ခါးနဲ့ ပြုစုရာ….။”
*** အပူဒဏ်ကြောင့် ပင်ပန်းနွမ်းနယ်တာ၊ ကိုယ်အပူရှိန်တက်တာ၊ သတိလစ်တာတွေရှိခဲ့ရင် နီးစပ်ရာ ဆေးခန်း၊ ဆေးရုံဆီပြသကြပါဗျို့….။
(Public Health)

No comments:
Post a Comment