ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Saturday, April 25, 2009

25 April, 09/// ဧပြီလအတွင်း နိုင်ငံတကာ ထူးခြားသတင်းများ

> *** အာရုံခံထောက်လှမ်းရေးဂြိုလ်တု တရုတ်လွှတ်တင်….
တရုတ်နိုင်ငံ ရှန်စီပြည်နယ် မြောက်ပိုင်းတိုင်ယမ်ဂြိုလ်တုလွှတ်တင်ရေးစခန်းမှ အာရုံခံထောက်လှမ်း ရေးဂြိုလ် တုကို ဧပြီလ ၁၅ရက်နေ့က လွှတ်တင်ခဲ့သည်။ အဆိုပါ (ယိုဂန်ရ-ဂြိုလ်တု)ကို ဒေသစံတော်ချိန် နံနက် ၁၀-နာရီ ၅၅-မိနစ်တွင် လောင်းမတ်ခ်ျ- ၂စီးဒုံးယာဉ်က သယ်ဆောင်ကာ အာကာသသို့ အောင်မြင်စွာ လွှတ်တင်ခဲ့ ကြောင်းဂြိုလ်တုစခန်းမှ ပြောခွင့်ရသူတဦးက ပြောဆိုသည်။ ယင်းဂြိုလ်တုအား မြေအောက်သယံဇာတ အရင်း အမြစ်များရှာဖွေခြင်း၊ သဘာဝပတ်ဝန်းကျင်အား စောင့်ကြည့်ခြင်းနှင့် ကာကွယ်ခြင်း၊မြို့ပြစီမံကိန်းများ၊

ကောက်ပဲသီးနှံအထွက်နှုန်းခန့်မှန်းခြင်း၊ သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးခြင်းနှင့် လျော့ချခြင်း၊ အာကာသသိပ္ပံစမ်းသပ်လေ့လာခြင်းတို့အတွက် အသုံးပြုမည်ဖြစ်သည်။ (အင်တာနက်)

*** အမေရိကန်ကာကွယ်ရေး ၀န်ကြီးဌာနမှ ကွန်ပျူတာများကို ဟတ်ကာများ ကျူးကျော်ခိုးယူခဲ့….
(၀ါရှင်တန်၊ ဧပြီ ၂၃)
အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနမှ ကွန်ပျူတာများအတွင်းသို့ (ဟတ်ကာ)များက ကျူးကျော်ဝင်ရောက်ပြီး သတင်းများ၊ ဒီဇိုင်းပုံစံများအပါအ၀င် အချက်အလက်များကို ခိုးယူသွားကြောင်း ဒီဝေါလ်စထရိဂျာနယ်က ဧပြီလ ၂၂ရက်နေ့မှာ ဖော်ပြသည်။ ခိုးယူခြင်းခံရသော ဖိုင်များတွင် တိုက်လေယာဉ်၏ ဒီဇိုင်း၊ လျှပ်စစ်စနစ်တို့ပါဝင်ကြောင်း၊ ယင်းတို့သည် ၄င်းဂျက်တိုက်လေယာဉ်ကို ခုခံရာတွင် အသုံးပြုနိုင်ကြောင်း ဂျာနယ်မှ ဖော်ပြထားသည်။ (အင်တာနက်)

*** အဏ္ဏ၀ါဂေဟစနစ်များ ထိန်းသိမ်းရေးအတွက် ငါးအလွန်အကျွံမဖမ်းသင့်….
(ဂျီနီဗာ၊ ဧပြီ ၂၃)
သဘာဝပတ်ဝန်းကျင်းကို ထိခိုက်ပျက်စီးစေနိုင်သော ငါးဖမ်းသည့် နည်းစနစ်များကို အသုံးပြုကာ အလွန်အကျွံငါးဖမ်းမှုများကြောင့် ကမ္ဘာ့ပင်လယ်သမုဒ္ဒရာများရှိ ငါးအချို့သည် မျိုးသုဉ်းပျောက်ကွယ်နိုင်ကြောင်း ကမ္ဘာ့တောရိုင်း တိရစ္ဆာန်ထိန်းသိမ်းစောင့်ရှောက်ရေးရံပုံငွေအဖွဲ့ (WWF)၏လေ့လာချက်တရပ်တွင်ဖော်ပြထားသည်။ နိုင်ငံတကာတွင် စီးပွားဖြစ်ငါးဖမ်းပိုင်ခွင့်ရှိသည့်နေရာများ၌ အလွန်အကျွံငါးဖမ်းမှုများ ပြုလုပ်ခဲ့ခြင်းကြောင့် သက်ဆိုင်ရာအစိုးရအဖွဲ့များက ဥပဒေစည်းမျဉ်းများတင်းကြပ်ကာ ငါးမျိုးမသုဉ်းရေးဆောင်ရွက်လာကြရကြောင်း (WWF)၏ အဏ္ဏ၀ါအရင်းအမြစ်ထိန်းသိမ်းစောင့်ရှောက်ရေး သုတေသနလေ့လာရေးက ဖော်ပြသည်။ (အင်တာနက်)

*** ဟွန်ဒိုင်းနှင့် ကီယာကုမ္ပဏီထုတ်ကား ၄၈၀၀၀-ကျော်ပြန်သိမ်း…..
တောင်ကိုရီးယားနိုင်ငံ၏ ထိပ်တန်းမော်တော်ကားထုတ်လုပ်သော ဟွန်ဒိုင်းနှင့် ကီယာမော်တော်ကားကုမ္ပဏီက ဘရိတ်မီးချွတ်ယွင်းမှုကြောင့် ကားစီးရေ (၄၈၆၃၆)စီးအား ပြန်လည်သိမ်းဆည်းနေကြောင်း ဧပြီလ ၂၀ရက် ထုတ် ကိုရီးယားတိုင်း(မ်)က ဖော်ပြသည်။ ၂၀၀၆-ခုနှစ် စက်တင်ဘာလနှင့် နိုဝင်ဘာလအတွင်း ထုတ်လုပ်သော ဟွန်ဒိုင်းကုမ္ပဏီမှ ဆန်းတာဗီး၊ ဗီရာကရုဇ်၊ အဗင်တီ၊ ဆိုနာတာနှင့် ဂရင်းဒီယာအမျိုးအစား ကား ၃၇၇၉၄-စီးနှင့် ကီယာ ကုမ္ပဏီမှ ကာနီဗယ်၊ ဂရင်းကာနီဗယ်၊ စပေါ့တက်၊ ကာရင်းစ်နှင့် ဆော်ရင်တိုအမျီုးအစား ၁၀၈၄၂-စီးတို့ အပါအ၀င် အဓိကကားများကို ပြန်လည်သိမ်းဆည်းမည်ဖြစ်သည်။ (အင်တာနက်)

*** အိန္ဒိယ ကွန်မြူနစ်သူပုန်များ မီးရထား အပိုင်စီး…
အိန္ဒိယနိုင်ငံတွင် ကွန်မြူနစ်သူပုန်များက အထွေထွေရွေးကောက်ပွဲ အကြိုကာလ၌ ရထားတစ်စီးကို အပိုင်စီးထားရာမှ ပြန်လည်လွတ်ပေးလိုက်ပြီဖြစ်ပြီး ရထားစီးခရီးသည် (၅၀၀)ခန့်မှာ ပြန်လည်လွတ်မြောက်လာပြီဖြစ်သည်။ လက်နက်ကိုင်ကွန်မြူနစ်သူပုန် ၂၀၀-ခန့်က အပိုင်စီးထားရာမှ လေးနာရီမျှအကြာတွင် ပြန်လွတ်ပေးလိုက်သဖြင့် မီးရထားကို သိမ်းပိုက်ထားသည့် ပြဿနာမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း ရဲတပ်ဖွဲ့ကပြောကြားသည်။ ထိုရထားအပိုင်စီးသည့် ကိစ္စမှာ သူပုန်များက ရွေးကောက်ပွဲမတိုင်မီအင်အားပြသသည့်အနေဖြင့် ပြုလုပ်သော လှုပ်ရှားမှုပင်ဖြစ်သည်။ (အင်တာနက်)
***အစ္စရေးကဒုံးခွင်းဒုံးအောင်မြင်စွာစမ်းသပ်ခဲ့....
(ဂျေရုဆလင်၊ဧပြီ၉ရက်)
အီရန်နိုင်ငံကတိုက်ခိုက်လာခဲ့လျှင်ကာကွယ်နိုင်ရန်အတွက်ထုတ်လုပ်ထားသောဒုံးခွင်းဒုံးစနစ်တခုကိုအစ္စရေး
နိုင်ငံကအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ကြောင်းကာကွယ်ရေးဝန်ကြီးဌာနမှဧပြီလ၇ရက်နေ့ တွင်ကြေညာသည်။
စမ်းသပ်ခဲ့သောကြားဖြတ်တိုက်ခိုက်ရေးဒုံးကျည်သည်အမေရိကန်နိုင်ငံနှင့်အစ္စရေးတို့ ပူးတွဲထုတ်လုပ်သော
(အဲရိုး-၂)ကိုအီရန်နိုင်ငံ၏(ရှာဟတ်)ပဲ့ထိန်းဒုံးကျည်အားတန်ပြန်ရန်အဆင့်မြှင့်ထားသောဒုံးကျည်ဖြစ်သည်။
အစ္စရေးလေယာဉ်ထုတ်လုပ်ရေးလုပ်ငန်းနှင့်အမေရိကန်နိုင်ငံချီကာဂိုအခြေစိုက်ဘိုရင်းကုမ္မဏီတို့ ကပူးတွဲ
ပြီးအဲရိုး-၂ဒုံးခွင်းဒုံးစီမံကိန်းကိုအမေရိကန်ဒေါ်လာ(၁)ဘီလီယံကျော်အကုန်အကျခံကာဆောင်ရွက်ခြင်းဖြစ်
သည်။(အင်တာနက်)
Xxx ဂျာမနီမှ အန်ယူကေ ကလေးပေါင်ဒါမှုန့်သည် ကင်ဆာဖြစ်စေနိုင်….
တောင်ကိုရီးယားနိုင်ငံ အာဏာပိုင်များက ကလေးပေါင်ဒါမှုန့် အမျိုးပေါင်း ၃၀-ကို စမ်းသပ်စစ်ဆေးရာတွင် နာမည်ကျော် ဂျာမနီနိုင်ငံထုတ် (အန်ယူကေ)ကလေးပေါင်ဒါမှုန့်အပါအ၀င် ၁၂-မျိုး၌ ကင်ဆာရောဂါဖြစ်စေနိုင် သော ကျောက်ဂွမ်းပါဝင်ကြောင်း တွေ့ရှိရသည့် သတင်းများထွက်ပေါ်လာသဖြင့် တရုတ်နိုင်ငံတွင်လည်း အဆိုပါ ပေါင်ဒါကို အရောင်းစင်မှဖယ်ရှားပြီး စစ်ဆေးလျက်ရှိကြောင်း အရည်အသွေးထိန်းသိမ်းစစ်ဆေးရေးနှင့် ခွဲခြား ရေးအထွေထွေ အုပ်ချုပ်မှုဌာနက ဧပြီလ ၄ရက်နေ့တွင် ကြေညာသည်။
Xxx ဂျပန်စီးပွားရေးအား ကယ်တင်ရန် ဒေါ်လာဘီလီယံ (၁၀၀)သုံးမည်…
ဒုတိယကမ္ဘာစစ်ကြီး ပြီးဆုံးသည့်နောက်ပိုင်း အဆိုးရွားဆုံးကျဆင်းနေသော အာရှတိုက်၏ အကြီးမားဆုံး စီးပွားရေးအင်အားကြီးနိုင်ငံကို ကယ်တင်ရန်အတွက် အနည်းဆုံး အမေရိကန် ဒေါ်လာ ဘီလီယံ (၁၀၀)သုံးစွဲရန် ဂျပန်ဝန်ကြီးချုပ်တာရိုအာဆိုက ဧပြီလ ၆-ရက်နေ့တွင် အမိန့်ထုတ်ပြန်လိုက်သည်။
Xxx စီးပွားရေးတိုးတက်ရန် ရုရှားက ဒေါ်လာ ဘီလီယံ ၉၀-သုံးစွဲမည်…
ရုရှားအစိုးရသည် စီးပွားရေးကျဆင်းနေမှုကို ဟန့်တားရန် ဆောင်ရွက်ရေးနည်းလမ်းများအတွက် ရုရှားငွေ (၃)ထရီလီယံရူဘယ်လ်(အမေရိကန် ဒေါ်လာ ဘီလီယံ ၉၀)သုံးစွဲရန် စီစဉ်နေကြောင်း ၀န်ကြီးချုပ်ဗလာဒီမာပူတင်က ဧပြီလ ၆-ရက်နေ့တွင် ပြောဆိုသည်။
Xxx နေတိုးအဖွဲ့ သို့ ဝင်ရောက်ရေးအားဆွီဒင်ပြည်သူများကဆန့် ကျင်ကြ.....
(စတော့ဟုမ်း ၊ ဧပြီ၇)
မြောက်အတ္တလန္တိတ်စစ်စာချုပ်အဖွဲ့ (နေတိုးသို့ ဆွီဒင်နိုင်ငံဝင်ရောက်ရေးအတွက်အဖွဲ့ ဝင်နိုင်ငံများ၏ထောက်ခံ
မှုများတိုးလာနေသော်လည်းဆွီဒင်ပြည်သူအများစုကမူဆန့် ကျင်လျက်ရှိကြောင်းဆွီဒင်ပြည်သူအများစုကမ
ူဆန့်ကျင်လျက်ရှိကြောင်းဧပြီလ၄ရက်နေ့ တွင်ထုတ်ပြန်သောနောက်ဆုံးစစ်တမ်းကဖော်ပြထားသည်။
စထရာဘိုးမြိုတွင်နေတိုးညီလာခံမကျင်းပမီဆွီဒင်သတင်းစာတစောင်ဖြစ်သော(အက်စ်ပင်းစတားဒက်ဘလာဒက်)အတွက်
စီဖိုကုမ္မဏီကကောက်ယူပေးသောစစ်တမ်းတွင်ဖြေကြားသူရာခိုင်နှုန်း၅၀ကနေတိုးအဖွဲ့ ဝင်ဖြစ်ရေးကိုဆန့် ကျင်
ကြသည်။လွန်ခဲ့သော၅နှစ်ကျော်က၉%သာရှိသည့်ထောက်ခံသူများမှာယခုအခါ၃၃%ရှိပြီး၂၀၀၄ခုနှစ်ထက်၎%
ပိုလာသည်။(ဆင်ဟွာ)
Xxx အီတလီငလျင်သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်ဟုဆို…..
သိပ္ပံပညာရှင်များက အီတလီနိုင်ငံတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ကြီးကြောင့် သေဆုံးသူဦးရေမှာ ဆက်လက် မြင့်တက်လာနိုင်ကြောင်း သတိပေးလိုက်သည်။ အလယ်ခေတ်ကတည်းက တည်ထောင်ခဲ့သည့် လာအကွီလာ မြို့တွင် ဧပြီလ(၆)ရက်နေ့ နံနက်အစောပိုင်းက အင်အား ရစ်ခ်ျတာစကေး (၆.၃)အဆင့်ရှိ ငလျင်ကြီးတစ်ခု လှုပ် ခတ်သွားခဲ့ရာ လူပေါင်း (၂၀၀၀)ကျော်မျှ ထိခိုက်ဒဏ်ရာများ ရရှိခဲ့ပြီး (၅၀၀၀၀)ကျော် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။ ဧပြီလ(၇)ရက်နေ့ နံနက်စောစောတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် သေဆုံးသူ အရေအတွက် (၁၀၀)ကျော်ပြီဖြစ်ကြောင်း မြို့အာဏာပိုင်များက ကြေညာခဲ့သည်။ရောမမြို့တော်၏ အရှေ့မြောက်ဘက် မိုင်(၆၀)အကွာတွင် တည်ရှိသော အဘရူဇိုဒေသအတွင်းရှိ လာအကွီလာ မြို့ငယ်လေးနှင့်အတူ ပတ်ဝန်းကျင် ကျေးရွာများသည်လည်း ငလျင်ဒဏ်ကို ခံခဲ့ရသည်။ ငလျင်လှုပ်ချိန်တွင် လူအများစုသည် နေအိမ်များအတွင်း အိပ်စက်နေကြသဖြင့် အိမ်ပြိုကျချိန်တွင် ပိတ်မိပြီး သေဆုံးဒဏ်ရာရမှု များပြားခဲ့ခြင်းဖြစ်သည်။ အီတလီနိုင်ငံ သမိုင်းတွင် နှစ်(၃၀)အတွင်း အဆိုးရွားဆုံး လှုပ်ခတ်ခဲ့သည့် ငလျင်နှင့်ပတ်သတ်ပြီး အာဏာပိုင်များက သတင်းထုတ်ပြန်မှုများ ပြုလုပ်ရန် နှုတ်ဆိတ်နေဆဲဖြစ်သည်။နံနက်(၃း၃၀)တွင် လှုပ်ခတ်သွားသည့် ငလျင်ကြီးမတိုင်မီ (၁)ပါတ်အလိုက အီတလီအမျိုးသား ငလျင်တိုင်းတာရေး ဌာနမှ ပညာရှင်တစ်ဦးဖြစ်သူ ဂူလီယာနီသည် အင်တာနက်တွင် အင်အားပြင်းထန်သော ငလျင်ကြီးတစ်ခု ဖြစ်လာနိုင်ဖွယ်ရှိသော မြေအောက်ဓာတ်ငွေ့ လှုပ်ရှားမှုများကို တိုင်းတာမိခဲ့ကြောင်း ဖော်ပြခဲ့သော်လည်း အာဏာပိုင်များက ထိုကြေညာချက်ကို ဖယ်ရှားစေခဲ့သည်။ ဂူလီယာနီက ငလျင်တစ်ခု ပေါ်ပေါက်လာမည့် အခြေအနေကို ကြိုတင်မခန့်မှန်းနိုင်သော်လည်း ဖြစ်လာနိုင်မည့် လက္ခဏာများ တွေ့ရှိခဲ့သဖြင့် အင်တာနက်တွင် ထုတ်ဖော်ရေးသားခဲ့ကြောင်း၊ သို့သော်လည်း အီတလီရဲများက ထိုဖော်ပြချက်ကို မနှစ်သက်သဖြင့် အင်တာနက်မှ ဖယ်ပစ်စေခဲ့ကြောင်း ပြောကြားခဲ့သည်။
*** နယူးယောက်ခ်တွင် အလုပ်ပြုတ်လာသူတစ်ဦးမှ အကြမ်းဖက်ပစ်ခတ်…..
ဧပြီလ(၃)ရက်နေ့က အမေရိကန်ပြည်ထောင်စု နယူးယောက်ခ်ပြည်နယ်တွင် ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုအတွင်း လူ(၁၄)ဦးသေဆုံးကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။ နေ့ခင်းပိုင်းတွင် ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ပစ်ခတ်မှုအတွင်း အလုပ်ပြုတ်လာသော သေနတ်သမားသည် လူ(၁၃)ဦးအား သတ်ဖြတ်ခဲ့သလို နောက်ဆုံးတွင်လည်း ကိုယ့်ကိုယ်ကိုယ် ပစ်သတ်ပြီး သေကြောင်းကြံသွားသည်။ နယူးယောက်ခ်ပြည်နယ် ဘင်ဟမ်တမ်အရပ်ရှိ တွင် ဖြစ်ပျက်ခဲ့သည့် ခြောက်ခြားဖွယ် တိုက်ခိုက်မှုအတွင်း ထွက်ပြေးလွတ်မြောက်လာသူ (၃၃)ဦးမှာ ဒဏ်ရာများ မရရှိခဲ့သော်လည်း ကြောက်လန့်တုန်ယင်နေခဲ့သည်။ မြို့တော်ဝန် မက်သရူးတီရိုင်ယန်က ကြေကွဲဖွယ်ရာ အကောင်းဆုံးနေ့အဖြစ် ထုတ်ဖော်ကြေညာခဲ့သည်။ အမေရိကန် လူဝင်မှုကြီးကြပ်ရေး အဆောက်အအုံ တစ်ခုအတွင်း ၀င်ရောက်ပစ်ခတ်ခဲ့သည့် သေနတ်သမားသည် ရှေ့တံခါးမှ ခပ်တည်တည်ဝင်ပြီး တွေ့သမျှလူကို ပစ်သွားခဲ့ကြောင်း ဘင်ဟမ်တမ် ရဲတပ်ဖွဲ့ အကြီးအကဲ ဂျိုးဇက်ဇီကူးစကီးက ပြောကြားခဲ့သည်။ ရဲတပ်ဖွဲ့သည် အခင်းဖြစ်ရာနေရာသို့ (၂)မိနစ်အကြာတွင် ရောက်သွားကြောင်း၊ ၎င်းတို့ရောက်ရှိချိန်တွင် ပစ်ခတ်မှုမှာ အဆုံးသတ်သွားပြီဖြစ်ကြောင်း ဇီကူးစကီးက ဆိုသည်။ ပစ်ခတ်မှု ဖြစ်ပွားရာ အဆောက်အအုံတွင် စာသင်ခန်းများနှင့် Boilerခန်းများလည်းရှိပြီး သေနတ်သမားသည် စာသင်ခန်းများကိုပါ စီးနင်းပစ်ခတ်သွားကြောင်း သိရသည်။
*** အီတလီနိုင်ငံတွင် ငလျင်လှုပ်…..
အီတလီနိုင်ငံ အလယ်ပိုင်းတွင် ယနေ့နံနက် အစောပိုင်း၌ ရစ်ခ်ျတာစကေး(၆.၃)ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ(၂၇)ဦးသေဆုံးပြီး ဒါဇင်နှင်ချီ၍ ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။ ရောမမြို့ အရှေ့မြောက်ဘက် မိုင်(၆၀)အကွာတွင် ဖြစ်ပွားခဲ့သည့် ငလျင်လှုပ်ခတ်မှုအပြီး မြင်ကွင်း။ (ဧပြီ ၆)
Xxx ဒုံးပျံယာဉ်များလွှတ်တင်မှုကြောင့်ကမ္ဘာ့အိုဇုန်းလွှာထိခိုက်နိုင်...
(၀ါရှင်တန်၊ဧပြီလ၂ရက်)
အာကာသဒုံးယာဉ်များ၏အင်ဂျင်စက်များကထုတ်လွှတ်သောမီးခိုးများသည်ကမ္ဘာ့လေထုလွှာအတွင်းရှိအိုဇုန်း
လွှာကိုထိခိုက်ပျက်စီးစေနိုင်ကြောင်းအမေရိကန်သိပ္မံပညာရှင်များ၏သတိပေးချက်ကိုကိုးကားလျက်ဧပြီလ
၃ရက်နေ့ သတင်းတွင်ဖော်ပြသည်။စပရေးဘူးများနှင့်ရေခဲသေတ္တာများကထုတ်လွှတ်သောကလိုရိုဖလူအိုရို
ကာဗွန်(CFC)ဓာတ်ငွေ့ များကြောင့်အိုဇုန်းလွှာပျက်စီးရသည်ထက်ဒုံးပျံယာဉ်များကပေါ်ထွက်စေသည့်မီးခိုးများ
ကြောင့်အိုဇုန်းလွှာပျက်စီးရမှုကပိုမိုဆိုးရွားလာနိုင်ကြောင်းအမေရိကန်နိုင်ငံကော်လိုရာဒိုတက္ကသိုလ်မှကမ္ဘာ့
လေထုလွှာနှင့်ပင်လယ်သမုဒ္ဒရာလေ့လာရေးသိပ္မံပညာရှင်ပါမောက္ခဒါရင်ဟေးကပြောဆိုသည်ယနေ့ ကာလ
တွင်ဂြိုလ်တုများအားလွှတ်တင်နိုင်ရန်ဒုံးပျံယာဉ်များကိုအာကာသအတွင်းသို့ ပိုမိုလွှတ်တင်သည့်ဈေးကွက်ကို
ဥပဒေဖြင့်ထိန်းချုပ်ခြင်းမရှိပါက၂၀၅၀ပြည့်နှစ်ရောက်လျှင်(CFC)ဓာတ်ငွေ့ များကြောင့်အိုဇုန်းလွှာပျက်စီးရသည် ထက်ဒုံးပျံယာဉ်များကြောင့်အိုဇုန်းလွှာပျက်စီးရသည်ကပိုမိုသာလွန်မည်ဟုခန့် မှန်းရကြောင်း၎င်းကပြောကြား
သည်။(အင်တာနက်)
*** ဗြိတိန်ဝန်ကြီးချုပ်၏လေဘာပါတီမှာလူထုထောက်ခံမှုအများဆုံးမရရှိ....
ြှိဗိတိန်နိုင်ငံလန်ဒန်မြို့ တော်တွင်ဂျီ- ၂၀ထိပ်သီးဆွေးနွေးပွဲမကျင်းပမှီရက်သတ္တတစ်ပတ်အလို၌ လူထုထောက်ခံမှုစစ်တမ်းကောက်ယူခဲ့ရာလက်ရှိဝန်ကြီးချုပ်ဂေါ်ဒွန်ဘရောင်း၏လေဘာပါတီသည် အတိုက်အခံပါတီဖြစ်သော
ကွန်ဆာဗေးတစ်ပါတီကိုရှုံးနိမ့်သွားကြောင်းသတင်းရရှိသည်။ လူထုထောက်ခံမှုစစ် တမ်းကောက်ယူရာတွင်ကွန်
်ဆာဗေးးတစ်ပါတီက၄၄%၊လေဘာပါတီက၃၁%၊လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက၁၈%စီအသီးသီးထောက်ခံ
ှုမှုရရှိကြောင်းဆန်းဒေးတယ်လီဂရပ်သတင်းစာကဖော်ပြသည်။(အင်တာနက်)
*** တူရကီရွေးကောက်ပွဲမှာလူ၆ဦးသေဆုံးခဲ့....
ဥရောပရှိအကြီးဆုံးအစ္စလာမ်ဘာသာဝင်နိုင်ငံဖြစ်သောတူရကီနိုင်ငံတွင်မတ်လ၂၉ရက်နေ့ ရွေးကောက် ပွဲကျင်း ပခဲ့သည်။ကိုယ်စားလှယ်အသီးသီးတို့ ၏ထောက်ခံသူများသည်တဖက်နှင့် တဖက်အကြမ်းဖက်ကာရုန်းရင်းဆန်
်ခတ်မှုဖြစ်ပွားခဲ့ရာအနည်းဆုံး၆ဦးသေဆုံးပြီး၅၅ဦးဒဏ်ရာရရှိကြောင်းအနာတိုလီယာသတင်းဌာနကပြောဆို
ိုသည်။(အင်တာနက်)
*** ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်သူတောာင်းစားနှိမ်နင်းရေးဥပဒေကိုအစိုးရကအတည်ပြု....
ဘင်္ဂလားဒေံရှ်နိုင်ငံတွင်ကျေးလက်တောရွာများမှမြို့ ကြီးပြကြီးများဆီသို့ တက်လာကာ တောင်းစားသော သူ တောင်းစားဦးရေများပြားလာသဖြင့်ထောင်၃လပြစ်ဒဏ်ချမှတ်သောနည်းဖြင့်သူတောင်းစားနှိမ်နင်းရေးဥပဒေကို
ိုအစိုးရကအတည်ပြုလိုက်သည်။တောင်းစားအများစုသည်ကိုယ်လက်အင်္ဂါများအမှန်တကယ်ချိုယွင်းခြင်း မရှိပဲဟန်သူေ့ဆောင်ကာတောင်းစားနေကြကြောင်း၊ထိုသို့ ဟနတားခြင်းမရှိ လျှင်ကိုယ်လက် အင်္ဂါသန်စွမ်းသူများ သည့်် လုပ်ငန်းခွင်တခုခုတွင်မရှိပဲတောင်းစားခြင်းအလုပ်ကိုအချောငလုပ်နေကြဦး မည်ဖြစ်ကြောင်းဘင်္ဂ်
လားဒေ့ရှ်ပြည်ထဲရေးဌာနကပြောဆိုသည်။(VOA)

*** အာရုံခံထောက်လှမ်းရေးဂြိုလ်တု တရုတ်လွှတ်တင်….

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)