ရိုးမားအသင်းခေါင်းဆောင် တော့တီက ၄င်း၏မိတ်ဆွေများအား ပြောသည်။
“စာစောင်တွေကကွာ ငါ့မိန်းမကိုများ ခြေရှုပ်တယ်လေး၊ မကောင်းဘူးလေး၊ ဘာလေးနဲ့ပြောနေကြတယ်။ တကယ်တော့ ငါ့မိန်းမဟာ နေမင်းလို မိန်းမမျိုးကွ…။”
“ဆိုစမ်းပါဦး… နေမင်းလိုဆိုတော့ အရာရာမှာ အလင်းရောင်ပေးပြီး မင်းဘ၀ကိုလည်း နွေးထွေးစေတယ်ဆိုတဲ့ သဘောပေါ့နော်…။”
ထိုအခါ တော့တီက နှာခေါင်းရှုံ့လိုက်ပြီး
“ဘယ်ကလာကွာ… ညကျရင်ပျောက်သွားပြီး နေ့ဘက်ရောက်မှ ပြန်ပြန်ပေါ်လာလို့ဟေ့…။”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…။
(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment