အဲဗာတန်နှင့် မန်ယူပွဲအပြီးတွင် ကစားကွင်းအတွင်းမှ ထွက်လာသော ဘာဘာတော့ဗ်အား မန်ယူပရိသတ်တစ်ဦးက နှုတ်ဆက်ပြီးပြောသည်။
“ခင်ဗျားကို ရီးရဲလ်ကခေါ်မယ်လို့ကြားနေတယ်ဗျာ။ ဖာဂူဆန်ကတော့ အဲဒီအတွက် အတော်လေးခေါင်းစားနေမှာပဲ။ ရီးရဲလ်ကိုပြောင်းသင့်တယ်လို့ အကြံပေးချင်တယ်ဗျာ…”
“ဘာလဲ… ကျနော့်ခြေစွမ်းက ရီးရဲလ်လိုအသင်းနဲ့ပဲထိုက်တန်တယ်ပေါ့… ဟုတ်လား။ ကျနော့်ကိုယ် ကျနော်လည်းသိပါတယ်ဗျ။ ဟဲ… ဟဲ… ခင်ဗျားရဲ့စေတနာကို နားလည်ပါတယ်ဗျာ…။”
ထိုအခါ အဆိုပါပရိသတ်က တံတွေးတစ်ချက်ထွေးလိုက်ပြီး စိတ်ဆိုးမာန်ဆိုးဖြင့်
“ဘာ… ကိုယ့်ကိုယ်ကို ဘ၀င်မြင့်နေတာလား… ဘာစေတနာမှမဟုတ်ဘူး။ ခင်ဗျားကို မန်ယူမှာမမြင်ချင်တော့လို့ဗျ… ရှင်းပြီလား… ဟင်း….။”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…။
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment