ထိုင်းနိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာနက ပြည်တွင်းရှိ ရုပ်မြင်သံကြားနှင့် အသံလွှင့်ဌာနများကို အစိုးရဆန့်ကျင်ရေး အင်အားစုများ အလွဲသုံးစားမပြုလုပ်နိုင်ရေး စနစ်တကျ အစီအစဉ်များ ချမှတ်ဆောင်ရွက်ရန် ညွှန်ကြားလိုက်သည်။ ဧပြီလ (၂၂)ရက်နေ့က ထုတ်ပြန်လိုက်သော ကြေညာချက်အရ ၀န်ကြီးဌာနအနေနှင့် ၎င်းတာဝန်ယူရသော မီဒီယာလုပ်ငန်းများအတွက် လုံခြုံစနစ်ကျစေရန် အလေးထား ဆောင်ရွက်သွားမည်ဟု သိရသည်။ ပြည်ထဲရေးဝန်ကြီး ချာဗာရတ်ချန်ဗီရာကူလ်က အဆိုပါအမိန့်ကို
အတည်ပြုထားလိုက်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ အရာရှိများကဆိုသည်။ လက်ရှိအချိန်တွင် နိုင်ငံရေးအရှုပ်အထွေးများ မကြာခဏ ပေါ်ပေါက်နေသည့် ထိုင်းနိုင်ငံအတွင်း အဆိုပါ ရုပ်မြင်သံကြားနှင့် အသံလွှင့်မီဒီယာများကို အစိုးရဆန့်ကျင်ရေး အင်အားစုများက ၀ါဒဖြန့်လက်နက်များအဖြစ် အသုံးချလာမည်ကို ထိုင်းအစိုးရက စိုးရိမ်နေသည်။ ယခုအချိန်တွင် ဖြစ်ပေါ်ခဲ့သော ဆန္ဒပြမှုများအား ဖြေရှင်းရပ်ဆိုင်းနိုင်ခဲ့ပြီဖြစ်သော်လည်း နောက်ထပ်ထိုသို့ ဖရိုဖရဲဖြစ်စဉ်များ မပေါ်ပေါက်စေရန် လိုအပ်သော အစီအမံများ ကြိုတင်ချမှတ်သွားရန် လိုအပ်ကြောင်း ပြန်ကြားရေးဝန်ကြီးက ပြောကြားခဲ့သည်။ ယခုစီမံကိန်းအတွက် ခရိုင်နှင့် ပြည်နယ်အဆင့် အုပ်ချုပ်ရေးဝန်ထမ်းများကပါ ပူးပေါင်းပါဝင် ကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်သည်။ ရုတ်တရတ် အစိုးရဆန့်ကျင်ရေး အင်အားစုများက ထိုမီဒီယာလုပ်ငန်းများကို စီးနင်းမိသွားချိန်တွင် Networkကို ဖြတ်တောက်ရပ်ဆိုင်းထားရန် နည်းပညာပိုင်းဆိုင်ရာ ပြင်ဆင်မှုများ ညှိနှိုင်းဆောင်ရွက်ထားမည်ဖြစ်သည်။ ယခုစီမံကိန်းအရ ဒေသဆိုင်ရာ အုပ်ချုပ်မှု အရာရှိများသည် အသံလွှင့်ရုံနှင့် ရုပ်မြင်သံကြား ထုတ်လွှင့်မှုလုပ်ငန်းများ လုံခြုံမှုအတွက် သတိအနေအထား စောင့်ကြည့်နေရန် လိုအပ်ကြောင်း ၀န်ကြီးက သတိပေးထားသည်ဟု သတင်းရရှိသည်။
Source: XinhuaNet
(ဧပြီလ ၂၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ယမန်နေ့ ညပိုင်းကထုတ်လွှင့်ခဲ့သည့်မြ၀တီရုပ်မြင်သံကြားအစီအစဉ်
တွင်ကေအဲန်ယူ၊ကေအဲန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီဥက္ကဌစောဌေးမောင်မှကေအဲန်ယူအပေါ်စွပ်စွဲ
ချက်များမှာအခြေအမြစ်မရှိကြောင်းကေအဲန်ယူသို့ ပြန်လည်ဝင်ရောက်လာကြသူ၂၇ဦးတို့ ကယနေ့ သတင်း
စာရှင်းလင်းပွဲ၌ရှင်းလင်းပြောဆိုကြသည်။(ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။Thai Center For Lab0ur Rights (TCLR)အဖွဲ့ မှထိုင်းအလုပ်သမားများနှင့် မြန်မာ ရွှေ့ ပြောင်းအလုပ်သမားများပူးပေါင်းပြီးအလုပ်သမားသမဂ္ဂဖွဲ့ စည်းေ၇းနည်းလမ်းများပါဝင်သော (အလုပ်သ မားသမဂ္ဂသင်တန်း)သည် ယနေ့နောက်ဆုံးရက်အဖြစ် အောင်မြင်စွာကျင်းပပြီးစီးသွားကြောင်း သတင်းရ ရှိသည်။
(ဧပြီလ၂၃ရက်၊၂၀၀၉)ဖြစ်ရပ်-၁။ ။ Thai Center For Lab0ur Rights (TCLR)အဖွဲ မှထိုင်းအလုပ်သမားများနှင့်
မြန်မာရွှေ့ ပြောင်းအလုပ်သမားများပူးပေါင်းပြီးအလုပ်သမားသမဂ္ဂဖွဲ့ စည်းေ၇းနည်းလမ်းများပါဝင်သော
(အလုပ်သမားသမဂ္ဂသင်တန်း)တရပ်ကိုထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင်ယနေ့ ကျင်းပမည်ဖြစ်
သည်။သင်တန်းကိုယနေ့ နှင့်မနက်ဖြန်နှစ်ရက်တာကျင်းပမည်ဖြစ်ပြီးထိုင်းနိုင်ငံရှေ့ နေများကောင်စီလူ့ 
အခွင့်အရေးမြှင့်တင်မှုဖောင်ဒေးရှင်း(HRDF)နှင့်(TCLR)တို့ မှမဲဆောက်နှင့်ဖုတ်ဖရားမြိုနယ်များမှလူထု
အခြေပြုအဖွဲ့ အစည်းများအားလုပ်ငန်းခွင်ကျွမ်းကျင်မှုနှင့်စီမံခန့် ခွဲမှုများကိုဆွေးနွေးပေးခြင်းဖြစ်သည်။
ဖြစ်ရပ်-၂။ ။ မလေးရှားနိုင်ငံတွင် အင်တာနက်စာမျက်နှာများပေါ်မှ ဘလော့ဂ်ဂါနှင့် အယ်ဒီတာဖြစ်သူ (ကမ်မလာဝီဒင်)ကို မလေးရှားအစိုးရအား ဝေဖန်တိုက်ခိုက်မှုဖြင့် အစိုးရက ဖမ်းဝရမ်းထုတ်ထားသည်။ (RFA)
ဖြစ်ရပ်-၃။ ။ မလေးရှားနိုင်ငံတွင် မိသားစုဆိုင်ရာ ဥပဒေကို နှစ်ခုထားရှိခြင်းကို ပြန်လည်သုံးသပ်ရမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်သစ် နာဂျစ်ရာဇာတ်က ပြောဆိုလိုက်သည်။
ဖြစ်ရပ်-၄။ ။ ထိုင်းတပ်မတော်အကြီးအကဲ ဗိုလ်ချုပ်ကြီးအနူဖွန်က ထိုင်းအတိုက်အခံ(PAD)ခေါင်းဆောင် ဆွန်သီအား ပစ်ခတ်ခဲ့သောကျဉ်ဆန်မှာ ထိုင်းစစ်တပ်တွင် အသုံးပြုသော ကျဉ်ဆန်ဖြစ်ကြောင်း ယနေ့ဝန်ဝံခံပြောကြားလိုက်သည်။ မူလကမူ ဤလုပ်ကြံမှု၌ ထိုင်းစစ်တပ်ပါဝင်ပတ်သက်မှုမရှိကြောင်း ဗိုလ်ချုပ်ကြီး အနူဖွန်က ငြင်းဆိုခဲ့သည်။ (RFA)
(ဧပြီလ၂၂ရက်၊၂၀၀၉)ဖြစ်ရပ်-၁။ ။ ထိုင်းနိုင်ငံဘန်ကောက်မြို့ တော်တွင်အပူလွန်ကဲပြီးမီးခိုးငွေ့ များဖြင့်
လေထုညစ်ညမ်းမှုမှာအခြားကမ္ဘာ့မြို့ တော်ကြီးများဖြစ်ကြသောနယူးယောက်နှင့်လန်ဒန်တို့ ထက်ပိုမို စိုး
ရိမ်ရကြောင်းကမ္ဘာကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာအစီရင်ခံစာတခုကဖော်ပြသည်။
ပင်လယ်ရေမျက်နှာပြင်အထက်၅မီတာသာမြင့်ပြီးလူဦးရေ၅သန်းကျော်နေထိုင်သောဘန်ကောက်မြို့ တော်
တွင်၎နှစ်အတွင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးကိစ္စကိုအလေးထားဆောင်ရွက်သွားရန်ရှိကြောင်းမြို့ တော်
စည်ပင်သာယာရေးအဖွဲ့ ကပြောဆိုသည်။(BBC)
ဖြစ်ရပ်-၂။ ။ ကမ္ဘာ့စီးပွားေ၇းပျက်ကပ်ကြောင့်နိုင်ငံခြားသားအလုပ်သမားများမလေးရှားနိုင်ငံအတွင်းသို့ 
ထပ်မံမ၀င်ရောက်ရေးနှင့်ရှိနေပြီင်္းသားအလုပ်သမားများအားစစ်ဆေးခြင်းများကိုမလေးရှားလ၀ကနှင့်
ယေလာ(ခ)ပြည်သူစစ်များကအပူတပြင်းလိုက်လံဖမ်းဆီးနေခြင်းကြောင့်မလေးရှားနိုင်ငံရောက်မြန်မာအ
လုပ်သမားများမှာနေ့စဉ်ပုန်းအောင်းနေထိုင်ကြရပြီးအဖမ်းခံရမှုများလည်းရှိနေကြောင်းကာယကံရှင်များက
ပြောဆိုသည်။ထိုအပြင်မြန်မာသံရုံးမှတစုံတရာအကူအညီပေးမှုမရှိကြောင်းသိရသည်။(BBC)
(ဧပြီလ၂၁ရက်၊၂၀၀၉)ထိုင်းနိုင်ငံအခြေစိုက်ရခိုင်ပြည်လုံးဆိုင်ရာကျောင်းသားနှင့်လူငယ်များအစည်းအရုံး
(AASYC)၊တိုးတက်သောမွန်လူငယ်အစည်းအရုံး(MYPO)နှင့်ပအို့ လူငယ်အစည်းအရုံး(PYO)တို့ မှမိမိ
၏တိုင်းရင်းသားဒေသများတွင်မြေယာများသိမ်းပိုက်ခံရခြင်းနှင့်ပတ်သက်၍အစီရင်ခံစာတစောင်ကိုဧပြီလ
၂၁ရက်နေ့ တွင်ထုတ်ဝေလိုက်သည်။(NMG)
(ဧပြီလ၂၀ရက်၊၂၀၀၉)ထိုင်း-မြန်မာနယ်စပ်မယ်တန်မြို့ နယ်မယ်လ(ခ)ဘဲဂလော့ဒုက္ခသည်စခန်းတွင်မြန်မာ
ပြည်မှထုတ်လုပ်သောလူသုံးကုန်ပစ္စည်းအချို့ (အိုးခွက်၊ပန်းကန်၊တိုင်းရင်းဆေးပစ္စည်းအမျိုးမျိုးအရောင်တင်
မှုန့် ၊နနွင်းမှုန့် ၊လ္ဘက်ခြောက်နှင့်လ္ဘက်ထုပ်)တို့ အားမသုံးစွဲရန်တားမြစ်ချက်ကိုဧပြီလ၂၀ရက်နေ့ ထုတ်ပြန်
ကြေညာလိုက်သည်။(ကေအိုင်စီ)
(ဧပြီလ၁၉ရက်၊၂၀၀၉)ထိုင်းတောင်ပိုင်းဖွံ့ ဖြိုးတိုးတက်ရေးအတွက်ထိုင်းအစိုးရမှအမေရိကန်ဒေါ်လာသန်း
၁၀၀၀ထောက်ပံ့သွားမည်ဖြစ်ကြောင်းပြည်ထဲရေးဌာနဒုတိယ၀န်ကြီးကယနေ့ ပြောဆိုလိုက်သည်။(RFA)
(ဧပြီလ၁၈ရက်၊၂၀၀၉)ထိုင်းနိုင်ငံဘန်ကောက်မြို့ ဗဟိုတရားရုံးချုပ်ရှေ့ တွင်အမှုမှန်ပေါ်ပေါက်စေရေးအတွက်
အနီရောင်ဆန္ဒပြသူအချို့ ကယနေ့ စုရုံးတောင်းဆိုခဲ့ကြကြောင်းသတင်းရရှိသည်။ပြီးခဲ့သောအနီရောင်ဆန္ဒပြ
ပွဲများအတွင်းသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိသူများကိုအမှုမှန်ဖော်ထုတ်ပေးရန်နှင့်ဆန္ဒပြခေါင်းဆောင်များက
ထိုင်းစစ်တပ်နှင့်ရဲတို့ ၏အကြမ်းဖက်လုပ်ရပ်များကိုစွပ်စွဲပြောဆိုလိုက်သည်။(RFA)
(ဧပြီလ၁၇ရက်၊၂၀၀၉)ဖြစ်ရပ်-၁။ ။ ပြည်သူဒီမိုကရေစီမဟာမိတ်များအဖွဲ့ (PAD)ခေါင်းဆောင်ဆွန်သီအား
ထိုင်းနိုင်ငံဘန်ကောက်မြို့ တနေရာတွင်သေနတ်သမားတဦင်္းကပစ်ခတ်ခဲ့ခြင်းကြောင့်ဆေးရုံတင်ထားရကြောင်း
သတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ မယ်တော်ဆေးခန်းတွင်အသက်၆၀ကျော်ဘိုးဘွား၂၅၀ခန့် အား
န၀မအကြိမ်မြောက်စုပေါင်းသက်ကြီးပူဇော်ပွဲအဖြစ်ယနေ့ ကျင်းပခဲ့ကြကြောင်းသတင်းရရှိသည်။
(ဧပြီလ-၁၆ရက်၊၂၀၀၉)ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တွင်ယနေ့ ကျရောက်သောထိုင်းနှစ်ဆန်းတစ်ရက်
နေ့ အထိမ်းအမှတ်မြို့ ဆေးကြောခြင်းနေ့ အခမ်းအနားအဖြစ်မြို့ ပေါ်ရပ်ကွက်င်္ကြီး၁၆ခုနှင့်ဆင်ခြေဖုံးကျေးရွာ
ကြီးအချို့ မှမြို့ နယ်စည်ပင်သာယာရုံး၏အစီအစဉ်ဖြင့်အလှပြယာဉ်များလှည့်လည်ကာမြို့ လုံးကျွတ်ရေပက်
ဖျန်းခဲ့ကြကြောင်းသိရသည်။
(ဧပြီလ-၁၅ရက်၊၂၀၀၉)ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ ထိုင်း-မြန်မာချစ်ကြည်ရေးတံတားအောက်ရှိရေတိမ်
ပိုင်းတွင်သောင်ရင်းမြစ်အတွင်းရေစိမ်ခြင်းကိုမြန်မာအလုပ်သမားများရာနှင့်ချီ၍ဆောင်ရွက်ကြသောယနေ့ မြန်
မာသင်္ကြန်အကြတ်နေ့ ၌ကလေးနှစ်ဦးရေစီးအတိုင်းမျောပါကာသေဆုံးသွားကြောင်းသတင်းရ၇ှိသည်။
(ဧပြီလ-၁၄ရက်၊၂၀၀၉)ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တောင်ဘက်၃၇ကီလိုမီတာအကွာတွင်ရှိသောဖုတ်ဖ
ရာ့မြို့ နယ်ပါချရွန်ရေတံခွန်တနေရာတွင်ယနေ့ ကျရောက်သောမြန်မာသင်္ကြန်အကျနေ့ မှာအမူးလွန်ပြီးမျှော့(ခ)
မုံလူမျိုးအမျိုးသမီးတဦးကိုစော်ကားရန်ကြိုးစားသဖြင့်မြန်မာအလုပ်သမားတဦးအားဓားဖြင့်ထိုးလိုက်ကြောင်း
သတင်းရရှိသည်။
(ဧပြီလ-၁၃ရက်၊၂၀၀၉)ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်မဲဆောက်မြို့ တောင်ဘက်၁၆ကီလိုမီတာအကွာတွင်
ရှိသောဘွေ့း ကလာကျေးရွာဘုန်းတော်ကြီးကျောင်း၌ယနေ့ ကျရောက်သောမြန်မာသင်္ကြန်အကြို့ နေ့စုပေါင်း
ရဟန်းခံ၊ရှင်ပြုအလှူပွဲကိုခွန်အားသစ်အလုပ်သမားအဖွဲ့ မှကြီးမှူးပြီးကိုရင်-၃၂ပါး၊ရဟန်း-၈၀ပါးတို့ ဖြင့်ကျင်း
ပခဲ့ကြကြောင်းသတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ယခုနောက်ဆုံးသတင်းအရထိုင်းစစ်တပ်မှစစ်သား၂၀၀ခန့်ကယနေ့နံနက်၎နာရီချိန်တွင်
်ဆန္ဒပြသူများထံသို့ မျက်ရည်ယိုဗုံးများဖြင့်ဖြိုခွဲပြီးပစ်ခတ်မှုများလည်းရှိခဲ့ခြင်းကြောင့်ဆန္ဒပြသူ၄၉ဦးခန့် ဆေးရုံ
တင်ထားရကြောင်းသိရသည်။(BBC-နံနက်ခင်းသတင်း)
(ဧပြီလ ၁၂ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ယနေ့တွင် ထိုင်း-မြန်မာနယ်စပ်ရှိ လမ်းဆုံ လမ်းခွအချို့ တွင် လည်းကောင်း၊ မယ်တော် ဆေးခန်းတွင် လည်းကောင်း၊ မဲဆောက်မြို့စည်ပင်သာယာရုံးကြီးတွင် လည်းကောင်း၊ ထိုင်းနှင့် မြန်မာရိုးရာယဉ် ကျေးမှုသင်္ကြန်ပွဲတော်အတွက် သင်္ကြန်မဏ္ဍပ်များကို လှပစွာပြင်ဆင်နေကြသည်ကို တွေ့ရသည်။
မဲဆောက်ဈေးအတွင်း သင်္ကြန်သုံးပေါင်ဒါဗူးများ၊ သင်္ကြန်အတာအိုးနှင့် ပန်းများ၊ ခေါင်းလျော်ရည်ထုပ်များ၊ သင်္ကြန်မုန့်လုပ်ရန် ထန်းလျက်များ၊ သကြား၊ အသင့်လုပ်ပြီးဆန်မှုန့်များ၊ အချိုရည်မျိုးစုံ စသည်တို့သည် ယခုရက်ပိုင်းအတွင်း အရောင်းသွက်နေကြောင်း သက်ဆိုင်ရာဈေးသည်များက မြန်မာပြည်သားသို့ပြောပြသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ်မယ်တန်မြို့ နယ်မယ်လဒုက္ခသည်စခန်းမှကရင်တိုင်းရင်းသားသားအမိသုံးဦးတို့ သည် ပဲကပ်ကြော် စားရင်း အစာအဆိပ်သင့်ကာသားဖြစ်သူသည်ယနေ့ သေဆုံးသွားကြောင်းသတင်းရရှိသည်။(BBC)
ဖြစ်ရပ်-၃။ ။ ထိုင်းနိုင်ငံတွင်ပေါ်ပေါက်လျက်ရှိသောအကျီင်္အနီဝတ်ကြသူများ၏ဆန္ဒပြပွဲများကိုထိုင်းစစ်တပ်မှ
ပြတ်သားစွာဆောင်ရွက်ရန်ရှိကြောင်းစစ်တပ်ပြောခွင့်ရပုဂ္ဂိုလ်တဦးကပြောဆိုသည်။ယခုအခါဆန္ဒပြသူများက
မျက်ရည်ယိုဗုံးများအသုံးပြုကာလူစုခွဲခြင်းကိုဆောင်ရွက်ရန်စီမံထားကြောင်း၎င်းကဆက်လက်ပြောဆိုသည်။
(VOA)
(ဧပြီလ ၁၁ရက် ၂၀၀၉) ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် ကျင်းပနေသော အာဆီယံထိပ်သီး အစည်းအဝေး အဆောက် အဦးအတွင်းသို့ ၀န်ကြီးချုပ်ဟောင်းတပ်ဆင်အား ထောက်ခံသည့် အင်္ကျီအနီဝတ် လူ(၁၀၀၀)ခန့်က လာရောက် ကာ ခန်းမကိုဖျက်ဆီးကြကြောင်း သတင်းရရှိသည်။ ယင်းတို့သည် အခန်းမအတွင်းရှိခုံများ အခြားပစ္စည်းများကို ရိုက်ချိုးခြင်းတို့ကို ဆောင်ရွက်ကြခြင်းကြောင့် ထိပ်သီးညီလာခံကို ရက်အကန့်အသတ်မရှိ ရပ်ဆိုင်းလိုက်ရ ကြောင်း သိရသည်။ ထို့အပြင် အစည်းအဝေးသို့တက်ရောက်လာသော အာဆီယံခေါင်းဆောင်များကို ရဟတ် ယာဉ်များဖြင့် အနီးအနားရှိ စစ်တပ်လေဆိပ်တခုသို့ ပို့ဆောင်ပေးခဲ့ရကြောင်း သိရသည်။ (RFA)
(ဧပြီလ ၁၀ရက် ၂၀၀၉) ထိုင်းနိုင်ငံ ပတ္တရားမြို့ရှိ အာဆီယံထိပ်သီးခေါင်းဆောင်းများ အစည်းအဝေးကျင်းပမည့် နေရာတွင် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသောအင်္ကျီအနီဝတ်သူ ထောင်ပေါင်းများစွာက ယနေ့ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ အဓိကဂုဏ်း နှိမ်နင်းရေးရဲ (၂၀၀)ခန့်စောင့်ကြပ်လျက်ရှိသော ထိုနေရာတွင် ငြိမ်းချမ်းစွာ ဆန္ဒပြနေကြခြင်းဖြစ်သည်ဟု ဆန္ဒပြသူများက ပြောဆိုကြသည်။ ထိပ်သီးဆွေးနွေးပွဲကို ဆန္ဒပြနေကြလင့်ကစား မူလအစီအစဉ်အတိုင်း ကျင်းပသွားမည်ဖြစ်ကြောင်း ထိုင်းဒုတိယ၀န်ကြီးချုပ်က ပြောဆိုသည်။ (BBC)
(ဧပြီလ၈ရက်၂၀၀၉) ထိုင်းဝန်ကြီးချုပ်တပ်ဆင်ကိုထောက်ခံသောအင်္ကျီအနီရောင်ဝတ်ဆန္ဒပြသူများသည် ဘန်ကောက်မြို့ ရှိအဓိကလမ်း၂၀ခုကိုပိတ်ဆို့ ထားကြပြီးဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌဖြစ်သူ ပရင်မ်တင်ဆူလာနွန်ဒါ၏ အိမ်ရှိရာသို့ ပိတ်ဆို့ ဆန္ဒပြရန်ချီတက်သွားကြကြောင်းသတင်းရရှိသည်။(RFA)
(ဧပြီလ ၇ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်မှ စာချစ်သူ၊ ကဗျာချစ်သူများနှင့် နိုင်ငံတကာမှ လေးစားတန်ဖိုးထားတတ်ကြသူများမှ အမေ လူထုဒေါ်အမာ၏ ၁-နှစ်မြောက် အောက်မေ့ဘွယ်နှင့် ဆရာကြည်အောင်သို့ လွမ်းဆွတ်ခြင်း ပူးတွဲအခမ်းအနားတရပ်ကို ယနေ့ည (၆း၃၀)နာရီတွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကျင်းပကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။
ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသည့် အင်္ကျီအနီဝတ်ထားသူများက လက်ရှိဝန်ကြီးချုပ် (အဘီဆစ်)စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို ယနေ့တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် လူမှောင်ခိုပွဲစားများ ခြေရှုပ်လျက်ရှိပြီး ယင်းတို့သည် ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ တဖက်ထိုင်းနိုင်ငံသို့ အလုပ်လုပ်မည့် အလုပ်သမားများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသဖြင့် သံဃာတော်အချို့နှင့် မကြာခဏအချေအတင်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။ (ခေတ်ပြိုင်)
(ဧပြီလ ၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ၌ ထိုင်း-မြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရရဘက်မှ ဖိအားပေးသည့်အတွက် ကေအဲန်ယူထိပ်တန်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများမှ ဘန်ကောက်မြို့တွင် ယနေ့စတင်တွေ့ဆုံဆွေးနွေးကြမည်ဟု အမည်မဖော်လိုသော ကေအဲန်ယူအရာရှိတစ်ဦးက ပြောဆိုသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ မြန်မာအမျိုးသမီးနှစ်ဦးကို ဘိန်းဖြူများနှင့်အတူ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော် တနေရာတွင် ဧပြီလ ၆ရက်နေ့က မလေးရှားရဲက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ မြန်မာအမျိုးသမီး နှစ်ဦးနှင့်အတူ ဘိန်းဖြူ (၃.၁၅)ကီလိုဂရမ်ကို လက်ဝယ်တွေ့ရှိပြီး မလေးရှားရင်းဂစ်ငွေ (တစ်သိန်းခွဲ)တန်ဖိုးရှိသည်ဟု ကွာလာလမ်ပူမြို့တော် မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက ပြောဆိုသည်။ (မိုးမခ)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဘက်ခြမ်းရှိ ဘုရားသုံးဆူမြို့တွင် မြန်မာအာဏာပိုင်တို့မှ ဦးဆောင်ကာ ပြည်သူ့စစ်သင်တန်းပေးလျက်ရှိပြီး သင်တန်းမှာ ရက်သတ္တသုံးပတ်ကြာမည်ဖြစ်၏။ သင်တန်းကို မတ်လ ၁၈ရက်နေ့က စတင်ခဲ့ပြီး ဘုရားသုံးဆူမြို့အပြင်ဘက်ရှိ အမြောက်တပ် (၃၁၃)တွင် လေ့ကျင့်ပေးလျက်ရှိသည်။ (လွတ်လပ်သောမွန်သတင်း)
ဖြစ်ရပ်-၄။ ။ ပြည်ပြေးထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အားလက်ရ ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးသူမည်သူ့ကိုမဆို ဆုတော်ငွေ ထိုင်းဘတ်ငွေ (၁)သန်းပေးမည်ဟု ညီညွတ်သော ထိုင်းနိုင်ငံအဖွဲ့က ဧပြီလ ၆ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ အဆိုပါ အဖွဲ့တွင် အငြိမ်းစားအစိုးရအရာရှိကြီးများ၊ အထက်လွှတ်တော်အမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များပါဝင်သည်။ (ခေတ်ပြိုင်)
(ဧပြီလ ၅ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက် ဖုတ်ဖရားမြို့နယ်အတွင်းရှိ ဝေါလေခီးအရပ်မှ ကေအဲန်ယူ၏ တပ်ရင်း (၂၀၁)တပ်စခန်းကို နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။ (BBC)
(ဧပြီလ ၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာ ကျေးရွာရှိ မြန်မာအလုပ်သမားများ၏ တဲအိမ်များကို ဒေသအခြေစိုက်နယ်ခြားစောင့်တပ်ဖွဲ့မှ ယခုရက်ပိုင်း အတွင်း ဖျက်ကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ အဆိုပါစစ်တပ်မှ ပြောဆိုရာတွင် လက်မှတ်မရှိ သော အလုပ်သမား၏ တဲအိမ်များ ဖျက်သိမ်းပေးရန် ပြောဆိုကြောင်းသိရသည်။ ၄၄-ကီလိုမီတာကျေးရွာ တခု တည်းမှာပင် ခြံတောင်ယာစသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၇၀၀၀-မှ ၁၀၀၀၀-အထိ ရှိသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ၂၂-ကီလိုမီတာအကွာအဝေးတွင်ရှိသော ဘန့်မိုင်ကျေးရွာ၊ အုန်းတောအစုမှ မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုသိန်းအောင် (၄၂-နှစ်)သည် ဧပြီလ ၄ရက်နေ့ ညပိုင်းက သေနတ်ဖြင့်အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားပုံမှာ ကိုသိန်းအောင်၏ သမီးဖြစ်သူ မ----- အား ထိုင်းတစ်ဦးမှ ၄င်းနှင့်ပေးစားရန် တောင်းခံခဲ့ရာ ကိုသိန်းအောင်မှ ငြင်းဆန်ခဲ့ခြင်းကြောင့် အဆိုပါ ထိုင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က မြန်မာပြည်သားသို့ ပြောပြသည်။
(ဧပြီလ ၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ အရှေ့တောင်အာရှဒေသအတွင်း မြေမြုပ်မိုင်းများရှင်းလင်းရေး ဆွေးနွေးပွဲနောက်ဆုံးနေ့အဖြစ် ယနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အာဆီယံနိုင်ငံများ၏ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ လအတန်ကြာ အငြင်းပွားနေကြသော ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ နယ်ခြားစောင့်တပ်ဖွဲ့များ အချင်းချင်း ယနေ့တိုက်ပွဲ ဖြစ်ပွားပြီး ထိုင်းစစ်သား (၁)ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကန်ပီဘန်းကျေးရွာရှိ Hyatt Knitting Co. Ltd မှ အော်ဒါမရှိသည့်အတွက် ယနေ့ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်ရုံရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြနမာအလုပ်သမား ၃၀၀-ခန့် အလုပ်လက်မဲ့ဘ၀ရောက်ရှိသွားပြီး စက်ရုံတာဝန်ရှိသူများက ပြီးခဲ့သည့်မတ်လ- လစာကို လာမည့် ၇ရက်နေ့တွင် လာရောက်ထုတ်ယူရန် စာရေးထားကြောင်းသိရသည်။ မဲဆောက်တွင် ဤသိုးမွှေးစက်ရုံအပါအ၀င် စက်ရုံ ၃-ခုမှာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ပေါ်ပေါက်ပြီး နောက်ပိုင်းပိတ်ပင်ခဲ့သည်။ (BBC)
ဖြစ်ရပ်-၄။ ။ မလေးရှားဝန်ကြီးချုပ်သစ် (နာဂျစ်ရာဇာတ်)၏ မလေးရှားဘုရင်ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ယနေ့ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
(ဧပြီလ ၂ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက်ရှိ ဘန့်မိုင်ကျေးရွာအနီးတွင်လည်းကောင်း၊ ဖုတ်ဖရား မြို့နယ်၊ ၃၈-ကီလိုမီတာရှိ အာလူးအလုပ်ရုံအနီးတွင်လည်းကောင်း၊ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့မှ စီမံချက်ဖြင့် ယနေ့ ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား ၁၀၀-ခန့် အဖမ်းခံရနိုင်ကြောင်း မျက်မြင်အလုပ်သမားများ က မြန်မာပြည်သားသို့ပြောပြသည်။
(ဧပြီလ ၁ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ရွှေ့ပြောင်းအလုပ်သမား ၄-သိန်းကို တရားဝင်မှတ်ပုံတင်ခွင့်ပြုမည်ဟု ထိုင်း အလုပ်အကိုင်ရှာဖွေရေးဌာနညွှန်ကြားရေးမှူးချုပ်က ပြောဆိုလိုက်သည်။ ထိုင်းအလုပ်သမားရေးရာ ၀န် ကြီးဌာနသည် နိုင်ငံခြားသားအလုပ်သမား ၄-သိန်းအတွက် မှတ်ပုံတင်ရန် လမ်းဖွင့်ပေးခဲ့ပြီး ဤအစီအမံသည် အလုပ် လုပ်ခွင့်လက်မှတ်မရှိသော တရားမ၀င်နိုင်ငံခြားသားများကို တရားဝင်မှတ်ပုံတင်ရန် ခွင့်ပြုခြင်းဖြစ် ကြောင်း နေရှင်းသတင်းစာက ကောက်နုတ်ဖော်ပြခဲ့သည်။ ထိုင်းအလုပ်သမားများသည် ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အအေးခန်းသိုလှောင်ရုံ လုပ်ငန်းများတွင် မလုပ်ချင်ကြချေ။ (မဇ္ဈွိမ)
ဖြစ်ရပ်-၂။ ။ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ ဆိုးဆေးပါသော လက်ဖက်များကို ပိတ်ပင်ခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင်လည်း ဆိုးဆေးပါသော လက်ဖက်များကို ပိတ်ပင်ကြောင်း အစားအစာအရည်သွေး စစ်ဆေးရေးဌာနက ကျေညာလိုက်သည်။ မလေးရှားနိုင်ငံတွင် ဆိုးဆေးပါသောလက်ဖက်များကို ဖမ်းဆီးရမိပါက ဒဏ်ငွေ-ဒေါ်လာ ၅၀၀၀-ပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် နေရာအသီးသီး၌ ဒီကေဘီအေမှ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများကို ပိတ်ပင်လိုက်ကြောင်းသတင်းရရှိသည်။ အကြောင်းမှာ မတ်လ ၃၁ရက်နေ့တွင် ဒီကေဘီအေအရာရှိတစ်ဦးမှာ ၀င်ကစားရာတွင် လောင်းကစားဒိုင်တစ်ဦးက လိမ်လည်လှည့်စားကာ အနိုင်ယူလိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒီကေဘီအေအရာရှိသည် တထိုင်တည်းဖြင့် ငွေကျပ် (၁၇)သိန်းရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ (လွတ်လပ်သော မွန်သတင်း)
***ထိုင်းရုပ်သံဌာနများအား လုံခြုံရေးပိုမိုတိုးမြှင့်မည် .....

No comments:
Post a Comment