ထိုင်းနိုင်ငံဘန်ကောက်မြို့ မြဘုရားတွင်မြန်မာနိုင်ငံ မန္တလေးမြို့ မှ ပရိဘောဂလုပ်ငန်းရှင် မြန်မာတစ်ဦးဘုရားဖူးရင်းသေဆုံးသွားခဲ့သည်။
မန္တလေးမြို့ မှ ပရိဘောဂလုပ်ငန်းရှငှ်အသက် ၆၄ နှစ်အရွယ် ဦးထွန်းဝင်းသည်ဇနီး
ဒေါ်မော်နှင့်အတူညီဖြစ်သူတစ်ဦးနှင့် ဘန်ကောက်မြို့ ရှိ မြဘုရားကို ဧပြီလ ၂၄ ရက်နေ့
နံနက်ပိုင်းတွင် ဖူးမျှော်စဉ် မမျှော်လင့်ပဲသေဆုံးသွားခဲ့ခြင်းဖြစ်သည်။
ဦးထွန်းဝင်းသည် ဆီးရောဂါအားကုသရန် ပြီးခဲ့သည့်ဧပြီလ ၁၆ရက်နေ့တွင်ဘန်ကောက်မြို့ 
ဘန်ကောက်အင်တာနယ်ရှင်နယ်ဆေးရုံကြီးတွင် ဆေးရုံတက်ခဲ့ပြီး ဧပြီ ၂၃ ရက်နေ့တွင်
ရောဂါသက်သာသွားသဖြင့် ဆေးရုံမှဆင်းခဲ့သည်။
ဧပြီလ၂၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ပြန်သွားရန်စီစဉ်ထားခဲ့ပြီး မပြန်မီ မြဘုရားကိုဖူးလို
သဖြင့် ဇနီးဖြစ်သူအား အကျီအသစ်ဝယ်ယူခိုင်းခဲ့ပြီး မြဘုရားကိုဖူးပြီးမှ ပြန်လိုကြောင်း
ပြောဆိုခဲ့သည်။
ဒေါ်မော်က“ ကျမတို့ဆေးရုံးကသက်သာလို့ဆင်းလာခဲ့ပါပြီ။ သူက မြဘုရားဖူးမယ် ဘုရားဖူးပြီးမှ ငါပြန်မယ်လို့ပြောတယ်၊ ဆေးရုံးကနေ တွန်းလှည်းကိုသွားပြီးငှါးတာပေါ့နှော်
ဘုရားကိုရောက်တော့ ဘုရားဝင်းထဲကိုဝင်တယ်။ သူက မောတယ် ခဏနားမယ်ဆိုလို့နား
ကြပါတယ်။ ပြီးတော့ မြဘုရားရှေ့ တည့်တည့် တိုင်ကြီးနားရောက်တော့ တွန်းလှည်းကို
ရပ်တယ်။ ဒါမြဘုရားလားဆိုပြီးလက်အုပ်ချီပြီးလှည်းပေါ်က လက်အုပ်ချီပြီးဖူးတယ်
ခေါင်းပြန်မော့လာတော့မောတယ်မောတယ်ပြောပြီး ကျမကိုမှီရင်း ဘုရားကိုသူကြည့်နေ
ရင်းဆုံးသွားတာပဲ။ကျမလည်းလုပ်ကြပါအုံးအော်ပြောတော့ ဘုရားကဆေးရုံကားရောက်
လာတယ်။ဆရာဝန်တွေချက်ချင်းအသက်ကူ/အရေးပေါ်ကုသကြတယ်၊ဒါပေမယ့်သူဘုရားဖူး
ရင်းဆုံးသွားခဲ့ပါတယ်''
ခင်ပွန်းဖြစ်သူတစ်ဦးဆေးဝါးလာရောက်ကုသရင်းသေဆုံးသွားသဖြင့် ၀မ်းနည်းရသော်လည်း သေဆုံးသူ၏အလိုဆန္ဒအတိုင်း မြဘုရားကိုဖူးခွင့်ရခဲ့သဖြင့်စိတ်
ကျေနပ်မိကြောင်းအထူးသဖြင့် မြတ်ဘုရားကိုဖူးမျှော်ကန်တော့ပြီး ဘုရားကို ကြည်ညိုရင်း
သေဆုံးသွားခဲ့သဖြင့် မိမိခင်ပွန်းအနေဖြင့် ကောင်းရာဘုံဘ၀ကိုရောက်လိမ့်မည်ဟုမျှော်လင့်
ယုံကြည်ကြောင်း ပြောဆိုသွားသည်။
ဤအသုဘကိစ္စကိုအစအဆုံးကူညီဆောင်ရွက်ပေးခဲ့သူ ဦးကျော် “ ဒီမှာလူလိုသူလိုသေရ
တယ်လို့ကျနော်ပြောချင်ပါတယ်။နောက်ဆုံးခန္ဓာဝန်ကို ကျောင်းကန်ဘုရားဝင်းအတွင်းမှာ သပ်သပ်ယပ်ယပ်မီးသဂြိုလ်ရတယ်လေ၊မြန်မာပြည်မှာ ကျနော့်အမေသေတုန်းက သချိုင်းဇရပ်မှာ ၁နာရီထက်ပိုထားလို့မရဘူး၊ကိုကျော်သူတို့ကိုအကူအညီတောင်း အစစအရာရာ မလွယ်
ဘူး၊ဒီမှာက ဆေးရုံးကအားလုံးကိုစီစဉ်ပေးတာ တော်တော်အဆင်ပြေပါတယ်။ဒီနေ့ အခြား
အသုဘတွေလည်းမရှိတော့ ကျနော်တို့အေးအေးဆေးဆေးပဲ မနေ့ကညနေ ၅နာရီလောက်မှာ မီးသဂြိုလ်လိုက်ပါတယ်''ဟုပြောသည်။
မြန်မာသံရုံးကိုမူ မိမိကိုယ်တိုင် သွားရောက်ဖူးသဖြင့် ထောက်ခံစာတစ်စောင်ရရေးအတွက်
ပင် တစ်နေကုန်နေဖူးသဖြင့် အခြားမည့်သည့်လူသေမှုမျိုးမှာမဆို ကူညီပေးတာမတွေ့ဖူး
မကြားဖူးသဖြင့် သွားလည်းလည်းအချိန်ကုန်ရုံသာဖြစ်မည်ဖြစ်သဖြင့် မသွားရောက်ခဲ့ကြောင်း
ဘန်ကောက်မြို့ မှလိုက်ပါဆောင်ရွက်ပေးသူ ဦးကျော်က ဆက်လက် ပြောသည်။
သေဆုံးသူတွင် မြန်မာနိုင်ငံမှ မိသားစုအချို့ လိုက်လာပြီ နောက်ဆုံးဂါရ၀ပြုခဲ့ရသော်လည်း
တစ်ဦးတည်းသောသား စက်မှုတက္ကသိုလ်ကျောင်းသားမှာမူဗီဇာအခက်အခဲကြောင့်မလိုက်
လာနိုင်ခဲ့ကြောင်းသိရသည်။
မြဘုရားတွင် အသက်ကြီးသူများ ကျမ္မာရေးမကောင်းသူများ တစ်ခါတစ်ရံ မူးမေ့လဲတတ်
သောဖြစ်စဉ်များမကြာခဏကြုံတွေ့ဖူးကြသော်လည်း ယခုကဲ့သို့ ဘုရားဖူးရင်း အသက်သေးဆုံးမှုကိုမတွေ့ဖူးကြကြောင်းဂေါပကများကပြောသည်။
သတင်းဓာတ်ပုံ.........ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment