နေပြည်တော် ကြတ်ပြေး ၊ နအဖ၏လေးလပတ်ညီလာခံအဖွင့်….
*** ငါ၏ထံပါး ၊ မြဲခစားကြ
ဖောက်ပြား ၊ ခံမတူ
ချိန်ခါမလင့် ၊ အခွင့်သင့်တိုင်း
ထင်တိုင်းလုပ်တဲ့
ဗိုလ်ချုပ် င ဆ နူ တို့ … ဗျား…..
`` ဘုရား…၀ါး….၀ူး…ဝေါ့ …(ဗိုလ်မောင်အေး အရက်နာ ကျရာမှ ထွက်လာတဲ့အသံ)
Xxx ငါကိုယ်တော်မြုပ် ၊ စိုးမိုးချုပ်တဲ့
ဘရုတ်သုတ်ခ ၊ ရာဇဌာနီ
နေပြည်တော်ကြီး …. မှာ
ထီးနန်းစိုးစံ ၊ အရသာခံရတာကဖြင့်
တယ်ဟန်ကျပါလား … ကွဲ့ ….(ဟင်)….။
+++ အတိတ်တဘောင် ၊ နိမိတ်ဆောင်လို့ 
အကောင်ကသေးသေး
ကြတ်တွေတောင် ပြေးရသတဲ့
ကြတ်ပြေး … ကြတ်ပြေး
ပြည်သူတွေ အငတ်ဘေးကြုံပစေ - ဟေ့
ဘယ်သူသေသေ - ငရွှေတို့ မာဘို့ လိုတယ်..။
ရှင်ဘုရင့်ဘုန်း - မိုးသို့ ခြုန်း
ဘုန်းကြီး``ကျောင်း´´မှာ - မနေသာ - တဲ့
နေပါသော်ငြား ၊ ထိုသူများကို
စွမ်းအားရှင်လက် ၊ ၀ကွက်အပ်ကြ
အမှတ်တရ .. ဆိုတာ ကျန်ရမှာပေါ့ - ဟေ့…..။
***ဂျိုကုတ် - ဒူးကြီး - ပန်းသေဆိုတာ
ဝေဒပညာ ၊ ဂါထာမန္တရားနဲ့ 
သံဃမဟာ ၊ ( ဘယာကြော်ကုလား) အဲလေ
ဆရာတော်များပါမကျန်
အမှန်အကန် ၊ အဖန်ဖန်စီစစ်
ရှေ့ ဖြစ်နောက်ဖြစ် ၊ တွက်စစ်၍တမျိုး
ဂြိုလ်စီးဂြိုလ်နင်း ၊ ကက်ကင်းနဲ့ တိုက်
ဓါတ်ရိုက်ဓါတ်ဆင် ၊ ဇာတာခွင်အရ
မှည့်ခေါ်ခဲ့ရ ၊ အာရှတခွင်
စံတင်လောက်အောင် ၊ တောက်ပြောင်တဲ့နာမည်
အဘယ်သူနဲ့ ယှဉ်မတုံး….ကွဲ့ …..။
Xxx ပြဒါး သေတဆွေဝ ၊ သံသေတဖြည်ဝ
ပန်းသေတော့ ၊ ကြိုင်ကြိုင်မ၀ - တဲ့
အစကတမျိုး ၊ ခုတော့တမျိုး
တရုပ်ခါးကျိုး ၊ ဟိုအိမ်တက်တဲ့ ပုံစံမျိုးနဲ့ 
သက်ဆိုးရှည်နေရ ၊ ဟင်…..ငါငရွှေရဲ့ ဘ၀( ငြီးညူသံ)
+++``၀မ်းကြားပေါင်´´ စကား
နားထောင်ငြား ၊ သေရွာလားပစေ
အပါယ်လေးလီ ၊ မြစ်နဒီမှာ
ပလုံစီမြုပ်ဦးတော့ ၊ တုတ် တုတ် မှမလှုပ်
ကျုပ်တို့ ရဲ့ သွေး ၊ ကြတ်ပြေးတခွင်
တသွင်သွင်စီး ၊ ချောင်းကြီးချောင်းငယ်
အသွယ်သွယ် ၊ သွေးပင်လယ်ဖြစ်တော့မယ်
ရတက်တွေမအေးရ ၊ အသက်တွေနဲ့ စတေးကြ
လက်ဖက်တွေကလဲ ၊ ဆေးပါတယ်ဆိုတော့
(ငို ချင်း) ``ခက်ပလေ - ငါငရွှေင်္ကြီးဘယ်သွားရပါ့..။
နယ် ခြားလို့  ၊ ရတက်ပွေ
အောင် - မယ် - လေး - ကြိုင်ကြိုင်ရဲ့ 
လ္ဘက်ရည်တခွက် - ဖျော်စမ်းပါ …အုံး…..ဟဲ့´´
ခေတ္တရပ်ဆိုင်း ၊ ဟပ်ပတိုင်း ( Half Time) ပေးလိုက်ပါအုန်းမည်။
ကဗျာကျော် - ပဂေး စာသရော် ရေးလိုက်ရ….အတွေးနဲ့ ရယ်မောကြပါစေ….။
ပေးပို့ သူ….မဟာဇော် (မကွေး)
(ဂျိုကုတ် - ဒူးကြီး၏ ပြုတ်ပြုတ်ပြုန်းမိန့် ခွန်းများ)
နေပြည်တော် ကြတ်ပြေး ၊ နအဖ၏လေးလပတ်ညီလာခံအဖွင့်….
*** ငါ၏ထံပါး ၊ မြဲခစားကြ
ဖောက်ပြား ၊ ခံမတူ
ချိန်ခါမလင့် ၊ အခွင့်သင့်တိုင်း
ထင်တိုင်းလုပ်တဲ့
ဗိုလ်ချုပ် င ဆ နူ တို့ … ဗျား…..
`` ဘုရား…၀ါး….၀ူး…ဝေါ့ …(ဗိုလ်မောင်အေး အရက်နာ ကျရာမှ ထွက်လာတဲ့အသံ)
Xxx ငါကိုယ်တော်မြုပ် ၊ စိုးမိုးချုပ်တဲ့
ဘရုတ်သုတ်ခ ၊ ရာဇဌာနီ
နေပြည်တော်ကြီး …. မှာ
ထီးနန်းစိုးစံ ၊ အရသာခံရတာကဖြင့်
တယ်ဟန်ကျပါလား … ကွဲ့ ….(ဟင်)….။
+++ အတိတ်တဘောင် ၊ နိမိတ်ဆောင်လို့ 
အကောင်ကသေးသေး
ကြတ်တွေတောင် ပြေးရသတဲ့
ကြတ်ပြေး … ကြတ်ပြေး
ပြည်သူတွေ အငတ်ဘေးကြုံပစေ - ဟေ့
ဘယ်သူသေသေ - ငရွှေတို့ မာဘို့ လိုတယ်..။
ရှင်ဘုရင့်ဘုန်း - မိုးသို့ ခြုန်း
ဘုန်းကြီး``ကျောင်း´´မှာ - မနေသာ - တဲ့
နေပါသော်ငြား ၊ ထိုသူများကို
စွမ်းအားရှင်လက် ၊ ၀ကွက်အပ်ကြ
အမှတ်တရ .. ဆိုတာ ကျန်ရမှာပေါ့ - ဟေ့…..။
***ဂျိုကုတ် - ဒူးကြီး - ပန်းသေဆိုတာ
ဝေဒပညာ ၊ ဂါထာမန္တရားနဲ့ 
သံဃမဟာ ၊ ( ဘယာကြော်ကုလား) အဲလေ
ဆရာတော်များပါမကျန်
အမှန်အကန် ၊ အဖန်ဖန်စီစစ်
ရှေ့ ဖြစ်နောက်ဖြစ် ၊ တွက်စစ်၍တမျိုး
ဂြိုလ်စီးဂြိုလ်နင်း ၊ ကက်ကင်းနဲ့ တိုက်
ဓါတ်ရိုက်ဓါတ်ဆင် ၊ ဇာတာခွင်အရ
မှည့်ခေါ်ခဲ့ရ ၊ အာရှတခွင်
စံတင်လောက်အောင် ၊ တောက်ပြောင်တဲ့နာမည်
အဘယ်သူနဲ့ ယှဉ်မတုံး….ကွဲ့ …..။
Xxx ပြဒါး သေတဆွေဝ ၊ သံသေတဖြည်ဝ
ပန်းသေတော့ ၊ ကြိုင်ကြိုင်မ၀ - တဲ့
အစကတမျိုး ၊ ခုတော့တမျိုး
တရုပ်ခါးကျိုး ၊ ဟိုအိမ်တက်တဲ့ ပုံစံမျိုးနဲ့ 
သက်ဆိုးရှည်နေရ ၊ ဟင်…..ငါငရွှေရဲ့ ဘ၀( ငြီးညူသံ)
+++``၀မ်းကြားပေါင်´´ စကား
နားထောင်ငြား ၊ သေရွာလားပစေ
အပါယ်လေးလီ ၊ မြစ်နဒီမှာ
ပလုံစီမြုပ်ဦးတော့ ၊ တုတ် တုတ် မှမလှုပ်
ကျုပ်တို့ ရဲ့ သွေး ၊ ကြတ်ပြေးတခွင်
တသွင်သွင်စီး ၊ ချောင်းကြီးချောင်းငယ်
အသွယ်သွယ် ၊ သွေးပင်လယ်ဖြစ်တော့မယ်
ရတက်တွေမအေးရ ၊ အသက်တွေနဲ့ စတေးကြ
လက်ဖက်တွေကလဲ ၊ ဆေးပါတယ်ဆိုတော့
(ငို ချင်း) ``ခက်ပလေ - ငါငရွှေင်္ကြီးဘယ်သွားရပါ့..။
နယ် ခြားလို့  ၊ ရတက်ပွေ
အောင် - မယ် - လေး - ကြိုင်ကြိုင်ရဲ့ 
လ္ဘက်ရည်တခွက် - ဖျော်စမ်းပါ …အုံး…..ဟဲ့´´
ခေတ္တရပ်ဆိုင်း ၊ ဟပ်ပတိုင်း ( Half Time) ပေးလိုက်ပါအုန်းမည်။
ကဗျာကျော် - ပဂေး စာသရော် ရေးလိုက်ရ….အတွေးနဲ့ ရယ်မောကြပါစေ….။
ပေးပို့ သူ….မဟာဇော် (မကွေး)


No comments:
Post a Comment