အေစီမီလန်အသင်းမှ ကစားသမားဖြစ်သူ ရော်နယ်ဒင်ဟိုက သူငယ်ချင်းဖြစ်သူအား ရင်ဖွင့်နေသည်။ “မိန်းမ တွေ လုံးဝသစ္စာမရှိဘူးကွာ။ ငါအိမ်ထောင်ထပ်ပြုချင်တယ်။ ဒါပေမဲ့ ရုပ်ချောတဲ့သူက သစ္စာမရှိဘူး။ သစ္စာရှိတဲ့ သူက ရုပ်မချောဘူးဖြစ်နေတယ်။ ဘယ်လိုမိန်းမကိုယူရမလဲ မသိဘူးဖြစ်နေတယ်ကွာ။ အကြံဥာဏ်လေးပေး ပါဦး…။”
ထိုအခါ သူငယ်ချင်းဖြစ်သူက တစ်ချက်စဉ်းစားပြီး…။
“မင်းကလဲကွာ ဗိုက်ဝပေမယ့် အ၀င်ဆိုးတဲ့ ထမင်းကြမ်းကို တစ်ယောက်တည်း ထိုင်စားနေရမယ့်အတူတူ စိတ်ကျေနပ်မှုပေးနိုင်ပြီး အရသာရှိတဲ့ ဟမ်ဘာဂါကိုအားလုံးပေါင်းစားတာမှ ပိုကောင်းပါဦးမယ်ကွာ…ဒီတော့ ငါတို့အားလုံး ပေါင်းစားလို့ရမယ့် ဟမ်ဘာဂါကိုယူပေါ့ကွာ………….။”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…။

No comments:
Post a Comment