ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, April 5, 2009

5 April,09// လက်မှတ်မရှိသော မြန်မာအလုပ်သမားတဲအိမ်များအား ၃ရက်အတွင်း ဖျက်သိမ်းရန် ထိုင်းအာဏာပိုင်များသတိပေး…

> xxx (၄၄-ကီလိုမီတာကျေးရွာ ၀ါးတောဝန်းရှိတဲအိမ်များ ဖျက်သိမ်းခဲ့ရစဉ်က မြင်ကွင်းပုံနှင့် တောထဲတွင်ပုန်းအောင်းနေထိုင်နေရပုံ(ဓါတ်ပုံ-JACBA)
(ဧပြီ ၅ ရက်)

မဲဆောက်မြို့ တောင်ဘက် ဖုတ်ဖရားမြို့ နယ် ၄၄ ကီလိုမီတာကျေးရွာရှိ အလုပ်သမားလက်မှတ်မရှိသော မြန်မာ အလုပ်သမား တဲအိမ်များအား ထိုင်းနယ်ခြားစောင့်စစ်တပ်မှဖျက်ဆီးခိုင်းသဖြင့် နယ်မြေအတွင်း တောင်ယာ စိုက်ခင်းများတွင် အလုပ်လုပ်နေကြသည့် မြန်မာအလုပ်သမားအမြောက်အများ နေအိမ်များကို ဖျက်ဆီးပြီး သစ်တောများအတွင်း ပုန်းအောင်းနေထိုင်နေရကြောင်း သိရသည်။

နေထိုင်အလုပ်ကိုင်ခွင့်ဘတ်ရှိသဖြင့် နေအိမ်ကိုဖျက်ဆီးစရာမလိုပဲ အလုပ်ဆက်လက် လုပ်ကိုင်နေသော စိုက်ပျိုးရေးအလုပ်သမ ဒေါ်ဝင်းက “ဘတ်မရှိတဲ့လူတွေကို အကုန်လုံးဖျက်ခိုင်းပါတယ်။ ကလေးတွေနဲ့ တောထဲမှာပုန်းနေရတယ်။ သုံးလေးဝင်းကဖျက်ရတာ ဆိုတော့အိမ်ခြေ ၁၀၀ လောက်ရှိလိမ့်ထင်တယ်၊ ဖျက်တာသုံးရက်လောက်ရှိပါပြီ၊ မနက်ဖြန်လောက်ဆိုရင်ပြန်လာကြည့်မယ်ထင်တယ်။ခုခြောက်အိမ် ခုနစ်အိမ်လောက်ပဲရှိပါပြီ။ ကျမတို့တောင်ယာမှာလုပ်ပါတယ်။တစ်နေ့ကို ဘတ်၈၀ ရပါတယ်''ဟုပြောသည်။
တောင်ယာတွင်အလုပ်လုပ်နေသော ပဲခူးတိုင်း ဝေါမြို့ နယ်မှ အသက်၁၅ နှစ်အရွယ် မအေးက “သမီးတို့ ရာသီပင်ပဲစိုက်ပါတယ်၊ သမီးရောက်တာ ၂နှစ်လောက်ရှိပါပြီ၊ တစ်နေ့ကို ဘတ်၈၀ ရပါတယ်၊လုပ်လိုက်စားလိုက်ပါပဲ အိမ်ကိုလည်းပိုက်ဆံပြန်မပို့နိုင်ပါဘူး'' ဟုပြောသည်။
အမည်မဖေါ်လိုသော စေတနာ့ဝန်ထမ်းတစ်ယောက်က “အဲဒီ၄၄ကီလိုမှာ ရွေ့ ပြောင်းအအလုပ်သမားပေါင်း ရှစ်ထောင်ကနေ တစ်သောင်းလောက်အထိရှိမယ်၊ဖုတ်ဖရားမြို့ နယ်တစ် ခုလုံးဆိုရင်တော့ ခုနစ်သောင်းလောက်ရှိပါမယ်။ ဘတ်မရှိတဲ့ အိမ်တွေကိုဖျက်သိမ်းခိုင်းတယ် မဖျက်လို့ရှိရင် မီးဝင်ရှို့ မယ်လို့ နယ်ခြားစောင့်တပ်က ရွာလူကြီးတွေကို ပြောသွားပါတယ်။ ခုလောလောဆယ်တော့ လူအရောက်အပေါက်နည်းပြီး ကားတွေဝင်ထွက်လို့မရတဲ့ သစ်တောတွေထဲမှာ မြန်မာအလုပ်သမား တွေပုန်းရှောင်နေရပါတယ်၊တောထဲမှာတစ်ထောင့်လေးငါးရာလောက်ရှိမယ်ထင်တယ်၊နောက်ရက်တွေမှာဒီထက်များလာမယ်လို့ခန့်မှန်းရပါတယ်၊အိမ်တွေကဖျက်တုန်းပဲရှိပါသေးတယ်ခင်ဗျ''
အဆိုပါဒေသအတွင်း လူတစ်ရာတွင် ဆယ်ဦးခန့်သာ အလုပ်လုပ်ကိုင်ခွင့်လက်မှတ်(ဘတ်)ရှိသဖြင့် လုပ်ငန်းရှင်များအနေဖြင့် ဘတ်လုပ်ပေးရန်မှာလည်း မလွယ်ကူနိုင်သကဲ့သို့ ဘတ်မရှိသဖြင့် အလုပ်သမားများမှာလည်း အလုပ်အကိုင်ဆက်လက် လုပ်ကိုင်ရန် ခက်ခဲနေကြောင်းသိရသည်။ ထို့အပြင် ထိုင်းအာဏာပိုင်များအနေဖြင့် ဖြစ်စေ။လုပ်ငန်းရှင်များအနေဖြင့်ဖြစ်စေ ဤကိစ္စရပ်များအားညှိနှိင်းတိုင်ပင်ပြီးလုပ်ကိုင်ဆောင်ရွက်နိုင်မှ အားလုံးအတွက်အဆင် ပြေနိုင်မည်ဖြစ်ကြောင်း စေတနာ့ ၀န်ထမ်းများကပြောသည်။ မဲဆောက်အခြေစိုက် အလုပ်သမားအရေးဆောင်ရွက်သည့်အဖွဲ့များအနေဖြင့်လည်းလုံခြုံ ရေးအခြေအနေအရ သတင်းအချက်အလက်မှတ်တမ်းတင်ခြင်းနှင့် ထိုင်းဥပဒေကြောင်းအရ ကူညီရန် အချက်အလက်စုဆောင်းနေဆဲရှိကြောင်း သိရသည်။

သတင်း။ ။ ဦးကျော်သောင်း (ဘန်ကောက်)

xxx (၄၄-ကီလိုမီတာကျေးရွာ ၀ါးတောဝန်းရှိတဲအိမ်များ ဖျက်သိမ်းခဲ့ရစဉ်က မြင်ကွင်းပုံနှင့် တောထဲတွင်ပုန်းအောင်းနေထိုင်နေရပုံ(ဓါတ်ပုံ-JACBA)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)