ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Wednesday, April 8, 2009

8April,09//ဧပြီလအတွင်းထိုင်းနှင့် မလေးရှားနိုင်ငံတ၀ှမ်း သတင်းအတိုအထွာများ…..

>
(ဧပြီလ၈ရက်၂၀၀၉) ထိုင်းဝန်ကြီးချုပ်တပ်ဆင်ကိုထောက်ခံသောအင်္ကျီအနီရောင်ဝတ်ဆန္ဒပြသူများသည်ဘန်
ကောက်မြို့ ရှိအဓိကလမ်း၂၀ခုကိုပိတ်ဆို့ ထားကြပြီးဘုရင့်အတိုင်ပင်ခံကောင်စီဥက္ကဌဖြစ်သူပရင်မ်တင်ဆူလာ

နွန်ဒါ၏အိမ်ရှိရာသို့ ပိတ်ဆို့ ဆန္ဒပြရန်ချီတက်သွားကြကြောင်းသတင်းရရှိသည်။(RFA)

(ဧပြီလ ၇ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ်မှ စာချစ်သူ၊ ကဗျာချစ်သူများနှင့် နိုင်ငံတကာမှ လေး စားတန်ဖိုးထားတတ်ကြသူများမှ အမေလူထုဒေါ်အမာ၏ ၁နှစ်မြောက် အောက်မေ့ဘွယ်နှင့် ဆရာကြည်အောင် သို့လွမ်းဆွတ်ခြင်း ပူးတွဲအခမ်းအနားတရပ်ကို ယနေ့ည (၆း၃၀)နာရီတွင် ထိုင်း-မြန်မာနယ်စပ်တနေရာ၌ ကျင်း ပကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ဖြစ်ရပ်-၂။ ။ ထိုင်းနိုင်ငံတွင် ၀န်ကြီးချုပ်ဟောင်း တပ်ဆင်ကို ထောက်ခံသည့် အင်္ကျီအနီဝတ်ထားသူများက လက်ရှိဝန်ကြီးချုပ် (အဘီဆစ်)စီးနင်းလိုက်ပါလာသော မော်တော်ယာဉ်ကို ယနေ့တိုက်ခိုက်ခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ်၊ တနင်္သာရီတိုင်း ကော့သောင်းမြို့တွင် လူမှောင်ခိုပွဲစားများ ခြေရှုပ်လျက်ရှိပြီး ယင်းတို့သည် ဘုန်းကြီးကျောင်းများသို့ သွားရောက်ကာ တဖက်ထိုင်းနိုင်ငံသို့ အလုပ်လုပ်မည့် အလုပ်သမားများကို စည်းရုံးသိမ်းသွင်းရန် ကြိုးစားသဖြင့် သံဃာတော်အချို့နှင့် မကြာခဏအချေအတင်ဖြစ်လျက်ရှိကြောင်း သတင်းရရှိသည်။ (ခေတ်ပြိုင်)
(ဧပြီလ ၆ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ အမျိုးသား ပြန်လည်သင့်မြတ်ရေး ကိစ္စ၌ ထိုင်း-မြန်မာနယ်စပ်မှ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ပါဝင်ရန် ထိုင်းအစိုးရအား မြန်မာစစ်အစိုးရရဘက်မှ ဖိအားပေးသည့်အတွက် ကေအဲန်ယူထိပ်တန်းခေါင်းဆောင်အချို့နှင့် ထိုင်းနိုင်ငံခြားရေး ၀န်ကြီးဌာန တာဝန်ရှိသူများမှ ဘန်ကောက်မြို့တွင် ယနေ့စတင်တွေ့ဆုံဆွေးနွေးကြမည်ဟု အမည်မဖော်လိုသော ကေအဲန်ယူအရာရှိတစ်ဦးက ပြောဆိုသည်။ (ခေတ်ပြိုင်)
ဖြစ်ရပ်-၂။ ။ မြန်မာအမျိုးသမီးနှစ်ဦးကို ဘိန်းဖြူများနှင့်အတူ မလေးရှားနိုင်ငံကွာလာလမ်ပူမြို့တော် တနေရာတွင် ဧပြီလ ၆ရက်နေ့က မလေးရှားရဲက ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။ အဆိုပါ မြန်မာအမျိုးသမီး နှစ်ဦးနှင့်အတူ ဘိန်းဖြူ (၃.၁၅)ကီလိုဂရမ်ကို လက်ဝယ်တွေ့ရှိပြီး မလေးရှားရင်းဂစ်ငွေ (တစ်သိန်းခွဲ)တန်ဖိုးရှိသည်ဟု ကွာလာလမ်ပူမြို့တော် မူးယစ်ဆေးဝါးစုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲက ပြောဆိုသည်။ (မိုးမခ)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မြန်မာပြည်ဘက်ခြမ်းရှိ ဘုရားသုံးဆူမြို့တွင် မြန်မာအာဏာပိုင်တို့မှ ဦးဆောင်ကာ ပြည်သူ့စစ်သင်တန်းပေးလျက်ရှိပြီး သင်တန်းမှာ ရက်သတ္တသုံးပတ်ကြာမည်ဖြစ်၏။ သင်တန်းကို မတ်လ ၁၈ရက်နေ့က စတင်ခဲ့ပြီး ဘုရားသုံးဆူမြို့အပြင်ဘက်ရှိ အမြောက်တပ် (၃၁၃)တွင် လေ့ကျင့်ပေးလျက်ရှိသည်။ (လွတ်လပ်သောမွန်သတင်း)
ဖြစ်ရပ်-၄။ ။ ပြည်ပြေးထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင်အားလက်ရ ဖမ်းဆီးပြီး ထိုင်းနိုင်ငံသို့ ပို့ဆောင်ပေးသူမည်သူ့ကိုမဆို ဆုတော်ငွေ ထိုင်းဘတ်ငွေ (၁)သန်းပေးမည်ဟု ညီညွတ်သော ထိုင်းနိုင်ငံအဖွဲ့က ဧပြီလ ၆ရက်နေ့တွင် ကြေညာချက်ထုတ်ပြန်လိုက်သည်။ အဆိုပါ အဖွဲ့တွင် အငြိမ်းစားအစိုးရအရာရှိကြီးများ၊ အထက်လွှတ်တော်အမတ်များ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပညာရှင်များပါဝင်သည်။ (ခေတ်ပြိုင်)
(ဧပြီလ ၅ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက် ဖုတ်ဖရားမြို့နယ်အတွင်းရှိ ဝေါလေခီးအရပ်မှ ကေအဲန်ယူ၏ တပ်ရင်း (၂၀၁)တပ်စခန်းကို နအဖတပ်နှင့် ဒီကေဘီအေ ပူးပေါင်းတပ်ဖွဲ့များက လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ထိုးစစ်ဆင်လျက်ရှိကြောင်း သတင်းရရှိသည်။ (BBC)
(ဧပြီလ ၄ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့၏ တောင်ဘက်ရှိ ဖုတ်ဖရားမြို့နယ် ၄၄-ကီလိုမီတာ ကျေးရွာရှိ မြန်မာအလုပ်သမားများ၏ တဲအိမ်များကို ဒေသအခြေစိုက်နယ်ခြားစောင့်တပ်ဖွဲ့မှ ယခုရက်ပိုင်း အတွင်း ဖျက်ကြရန် သတိပေးထားကြောင်း သတင်းရရှိသည်။ အဆိုပါစစ်တပ်မှ ပြောဆိုရာတွင် လက်မှတ်မရှိ သော အလုပ်သမား၏ တဲအိမ်များ ဖျက်သိမ်းပေးရန် ပြောဆိုကြောင်းသိရသည်။ ၄၄-ကီလိုမီတာကျေးရွာ တခု တည်းမှာပင် ခြံတောင်ယာစသည့် စိုက်ပျိုးရေးလုပ်ငန်းများကို လုပ်ကိုင်နေကြသော မြန်မာအလုပ်သမား ၇၀၀၀-မှ ၁၀၀၀၀-အထိ ရှိသည်။
ဖြစ်ရပ်-၂။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့တောင်ဘက် ၂၂-ကီလိုမီတာအကွာအဝေးတွင်ရှိသော ဘန့်မိုင်ကျေးရွာ၊ အုန်းတောအစုမှ မြန်မာအလုပ်သမားတစ်ဦးဖြစ်သူ ကိုသိန်းအောင် (၄၂-နှစ်)သည် ဧပြီလ ၄ရက်နေ့ ညပိုင်းက သေနတ်ဖြင့်အသတ်ခံခဲ့ရကြောင်း သတင်းရရှိသည်။ အခင်းဖြစ်ပွားပုံမှာ ကိုသိန်းအောင်၏ သမီးဖြစ်သူ မ----- အား ထိုင်းတစ်ဦးမှ ၄င်းနှင့်ပေးစားရန် တောင်းခံခဲ့ရာ ကိုသိန်းအောင်မှ ငြင်းဆန်ခဲ့ခြင်းကြောင့် အဆိုပါ ထိုင်းမှ သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံအချို့က မြန်မာပြည်သားသို့ ပြောပြသည်။
(ဧပြီလ ၃ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ အရှေ့တောင်အာရှဒေသအတွင်း မြေမြုပ်မိုင်းများရှင်းလင်းရေး ဆွေးနွေးပွဲနောက်ဆုံးနေ့အဖြစ် ယနေ့တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ အာဆီယံနိုင်ငံများ၏ ကိုယ်စားလှယ်များက ဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။ (RFA)
ဖြစ်ရပ်-၂။ ။ လအတန်ကြာ အငြင်းပွားနေကြသော ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံတို့ရှိ နယ်ခြားစောင့်တပ်ဖွဲ့များ အချင်းချင်း ယနေ့တိုက်ပွဲ ဖြစ်ပွားပြီး ထိုင်းစစ်သား (၁)ဦးသေဆုံးသွားကြောင်း သတင်းရရှိသည်။ (BBC)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ကန်ပီဘန်းကျေးရွာရှိ Hyatt Knitting Co. Ltd မှ အော်ဒါမရှိသည့်အတွက် ယနေ့ပိတ်လိုက်ကြောင်း သတင်းရရှိသည်။ ထိုသို့ စက်ရုံရုတ်တရက်ပိတ်လိုက်ခြင်းကြောင့် မြနမာအလုပ်သမား ၃၀၀-ခန့် အလုပ်လက်မဲ့ဘ၀ရောက်ရှိသွားပြီး စက်ရုံတာဝန်ရှိသူများက ပြီးခဲ့သည့်မတ်လ- လစာကို လာမည့် ၇ရက်နေ့တွင် လာရောက်ထုတ်ယူရန် စာရေးထားကြောင်းသိရသည်။ မဲဆောက်တွင် ဤသိုးမွှေးစက်ရုံအပါအ၀င် စက်ရုံ ၃-ခုမှာ ကမ္ဘာ့စီးပွားရေး ပျက်ကပ်ပေါ်ပေါက်ပြီး နောက်ပိုင်းပိတ်ပင်ခဲ့သည်။ (BBC)
ဖြစ်ရပ်-၄။ ။ မလေးရှားဝန်ကြီးချုပ်သစ် (နာဂျစ်ရာဇာတ်)၏ မလေးရှားဘုရင်ရှေ့မှောက်တွင် ကျမ်းသစ္စာကျိန်ဆိုပွဲကို ယနေ့ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။ (VOA)
(ဧပြီလ ၂ရက် ၂၀၀၉) ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ တောင်ဘက်ရှိ ဘန့်မိုင်ကျေးရွာအနီးတွင်လည်းကောင်း၊ ဖုတ်ဖရား မြို့နယ်၊ ၃၈-ကီလိုမီတာရှိ အာလူးအလုပ်ရုံအနီးတွင်လည်းကောင်း၊ အဖွဲ့စုံစစ်ဆေးရေးအဖွဲ့မှ စီမံချက်ဖြင့် ယနေ့ ဖမ်းဆီးခဲ့ရာ မြန်မာအလုပ်သမား ၁၀၀-ခန့် အဖမ်းခံရနိုင်ကြောင်း မျက်မြင်အလုပ်သမားများ က မြန်မာပြည်သားသို့ပြောပြသည်။
(ဧပြီလ ၁ရက် ၂၀၀၉) ဖြစ်ရပ်-၁။ ။ ရွှေ့ပြောင်းအလုပ်သမား ၄-သိန်းကို တရားဝင်မှတ်ပုံတင်ခွင့်ပြုမည်ဟု ထိုင်း အလုပ်အကိုင်ရှာဖွေရေးဌာနညွှန်ကြားရေးမှူးချုပ်က ပြောဆိုလိုက်သည်။ ထိုင်းအလုပ်သမားရေးရာ ၀န် ကြီးဌာနသည် နိုင်ငံခြားသားအလုပ်သမား ၄-သိန်းအတွက် မှတ်ပုံတင်ရန် လမ်းဖွင့်ပေးခဲ့ပြီး ဤအစီအမံသည် အလုပ် လုပ်ခွင့်လက်မှတ်မရှိသော တရားမ၀င်နိုင်ငံခြားသားများကို တရားဝင်မှတ်ပုံတင်ရန် ခွင့်ပြုခြင်းဖြစ် ကြောင်း နေရှင်းသတင်းစာက ကောက်နုတ်ဖော်ပြခဲ့သည်။ ထိုင်းအလုပ်သမားများသည် ငါးဖမ်းလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ အအေးခန်းသိုလှောင်ရုံ လုပ်ငန်းများတွင် မလုပ်ချင်ကြချေ။ (မဇ္ဈွိမ)
ဖြစ်ရပ်-၂။ ။ မြန်မာနိုင်ငံနှင့် စင်္ကာပူနိုင်ငံတို့မှ ဆိုးဆေးပါသော လက်ဖက်များကို ပိတ်ပင်ခဲ့ပြီးနောက် မလေးရှားနိုင်ငံတွင်လည်း ဆိုးဆေးပါသော လက်ဖက်များကို ပိတ်ပင်ကြောင်း အစားအစာအရည်သွေး စစ်ဆေးရေးဌာနက ကျေညာလိုက်သည်။ မလေးရှားနိုင်ငံတွင် ဆိုးဆေးပါသောလက်ဖက်များကို ဖမ်းဆီးရမိပါက ဒဏ်ငွေ-ဒေါ်လာ ၅၀၀၀-ပေးဆောင်ရမည်ဖြစ်ကြောင်း ကြေညာထားသည်။ (VOA)
ဖြစ်ရပ်-၃။ ။ ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြ၀တီမြို့တွင် နေရာအသီးသီး၌ ဒီကေဘီအေမှ ဖွင့်လှစ်ထားသော လောင်းကစားဝိုင်းများကို ပိတ်ပင်လိုက်ကြောင်းသတင်းရရှိသည်။ အကြောင်းမှာ မတ်လ ၃၁ရက်နေ့တွင် ဒီကေဘီအေအရာရှိတစ်ဦးမှာ ၀င်ကစားရာတွင် လောင်းကစားဒိုင်တစ်ဦးက လိမ်လည်လှည့်စားကာ အနိုင်ယူလိုက်ခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဒီကေဘီအေအရာရှိသည် တထိုင်တည်းဖြင့် ငွေကျပ် (၁၇)သိန်းရှုံးနိမ့်ခဲ့ရခြင်းဖြစ်သည်။ (လွတ်လပ်သော မွန်သတင်း)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)