*** မှိုများများစားပါက ရင်သားကင်ဆာ မဖြစ်နိုင်…….
လတ်ဆတ်သောမှိုများ စားသုံးခြင်းသည် ရင်သားကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းကျဆင်းစေကြောင်း သုတေသီများက ထောက်ခံခဲ့ကြသည်။ သုတေသန လေ့လာမှုစစ်တမ်းများအရ နေ့စဉ်မှိုစားသုံးခြင်းဖြင့် ရင်သား ကင်ဆာ ဖြစ်စေနိုင်သည့် အဖုအကြိတ်များ ထွက်လာနိုင်ခြေကို လျှော့ချပေးလိုက်ကြောင်း သိရသည်။ မှိုအ ခြောက်များတွင် ရင်သားကင်ဆာ ကာကွယ်နိုင်မှုစွမ်းရည် အနည်းငယ်ကျဆင်းနေတတ်ပြီး ရင်သားကင်ဆာ ခြိမ်းခြောက်မှုကို (၅၀)ရာခိုင်နှုန်းမျှသာ ဟန့်တားနိုင်ချိန်တွင် လတ်ဆတ်သောမှိုများက (၆၄)ရာခိုင်နှုန်းထိ တား ဆီးနိုင်ကြောင်း တရုတ်သုတေသန ပညာရှင်များကတွေ့ရှိခဲ့သည်။
ထိုရလဒ်ကို ဆက်လက်စီစစ်ပြီးနောက် အချို့သော မှိုစားများသည့် အမျိုးသမီးများတွင် ရင်သားကင်ဆာ ဟန့်တားနိုင်ခြေသည် (၉၀)ရာခိုင်နှုန်းထိ ထိုးတက်သွားကြောင်း ဆရာဝန်များက ပြောကြားခဲ့ကြသည်။ နိုင်ငံတကာ ကင်ဆာဂျာနယ်တွင် ရေးသားဖော်ပြမှုအရ မှိုစားခြင်းဖြင့် ကင်ဆာကို တားဆီးနိုင်ခြင်းဆိုသည်မှာ သက်သေမရှိသေးဘဲ အတည်ပြုချက် လိုအပ်နေသေးကြောင်း ပါရှိသည်။ သို့သော်လည်း ဓာတ်ခွဲခန်း စမ်းသပ်ချက်များအရ မှိုအတွင်းရှိ ဓာတ်ပစ္စည်ျးားသည် ကင်ဆာဖြစ်စေသည့် အကြိတ်များကို ဖျက်ဆီးတတ်သည့် ဂုဏ်သတ္တိ အထင်အရှားရှိနေပြီး လူ၏ကိုယ်ခံစွမ်းအား စနစ်တစ်ခုလုံးကို လှုံ့ဆော်ပေးကြောင်း သိရှိလာရသည်။ အခြားအထောက်အထားများအရ မှိုသည် ရင်သားကင်ဆာ တိုက်ဖျက်မှု ဆေးဝါးများနှင့် အာနိသင်အတူတူရှိပြီး ကင်ဆာဖြစ်စေနိုင်သည့် Oestrogenဟိုမုန်းများ ထွက်လာခြင်းကို ပိတ်ပင်ပေးကြောင်း တွေ့ရသည်။ ကယ်လီဖိုးနီးယားမှ ပညာရှင်များသည် ပြီးခဲ့သောလအတွင်းက တစ်နေ့မှိုနှစ်ကြိမ်စားပါက တစ်လအတွင်း ကင်ဆာတားဆီးနိုင်မှု သဘာဝစွမ်းရည် သိသိသာသာ တိုးမြင့်လာကြောင်း ထောက်ခံထားကြသည်။ ဩစတြေးလျနိုင်ငံရှိ အနောက်ဩစတြေးလျ တက္ကသိုလ်က စမ်းသပ်တွေ့ရှိမှုအရ ဗြိတိန်တွင် နှစ်စဉ်အမျိုးသမီး (၄၀၀၀၀)မျှ ရင်သားကင်ဆာ ဖြစ်ပွားချိန်တွင် တရုတ်နှင့် အရှေ့ဖျားဒေသနိုင်ငံများမှ ရင်သားကင်ဆာဖြစ်ပွားသူ အမျိုးသမီးဦးရေ ကျဆင်းလာမှုကြား အဓိကကွာခြားမှုမှာ မှိုစားသည့် အလေ့အထပင်ဖြစ်ကြောင်း သိရသည်။ အကြမ်းဖျင်းအားဖြင့် မှိုများများစားသည့် အမျိုးသမီးများတွင် ကင်ဆာကြိတ်မဖြစ်နိုင်ဟုပင် သတ်မှတ်နိုင်ကြောင်း သုတေသီများကဆိုသည်။ ဆေးပညာဆိုင်ရာ သုတေသန စာတမ်းတစ်ခုကလည်း မှိုပမာဏများပြားစွာ စားသုံးလေလေ၊ ကင်ဆာဖြစ်ပြီးနှင့် မဖြစ်ခင် အခြေအနေနှစ်ခုလုံးအတွက် အကျိုးရှိလေလေဟု ဖော်ပြထားကြောင်း သတင်းရရှိသည်။
*** မိတ်ကပ်နှင့် အလှကုန်ပစ္စည်းများ သတိပြုသုံးစွဲသင့်……..
မိန်းကလေးများအနေနှင့် မိတ်ကပ်နှင့် အခြားအလှကုန် ပစ္စည်းများ အသုံးပြုနေမှုသည် ကိုယ့်ကိုယ်ကို လုပ်ကြံနေမှုတစ်ခုဖြစ်ကြောင်း သုတေသီတစ်ဦးက ကြေညခဲ့သည်။ Toxic Beautyဆိုသော စာအုပ်ကို ရေးသားခဲ့သည့် ဆေးပညာဂျာနယ်လစ် ဒေါင်န်မဲလိုရှစ်ပ်က အဆိုပါအကြောင်းအရာ အသေးစိတ်ကို သူမ၏ စာအုပ်အတွင်း ထည့်သွင်းဖော်ပြထားသည်။ ဗြိတိန်ရှိ အမျိုးသမီးများသည် အလှကုန်များ ၀ယ်ယူရန်အတွက် တစ်နှစ်လျင် ပေါင်စတာလင် (၆.၅)ဘီလျံထိ အသုံးပြုနေပြီး ထိုအခြေအနေသည် အဆိပ်ကို စလင်းဘတ်ထဲ ထည့်ထားခြင်းနှင့် အတူတူပင်ဖြစ်ကြောင်း မဲလိုရှစ်ပ်ကဆိုသည်။ သူမ၏ စာအုပ်အတွင်း အလှကုန် အမျိုးအစားအလိုက် ခန္ဓာကိုယ်အတွက် အဆိပ်အတောက် ဖြစ်စေမှုကို အသေးစိတ် ဖော်ပြထားကြောင်း သိရှိရသည်။ ဥပမာအားဖြင့် ဆံပင်အခြောက်ခံစက်၏ လေမှုတ်အားသည် ပြင်ပမှ ရောဂါပိုးများနှင့် မလိုလားအပ်သော အရာများကို နူးညံ့သော ဦးရေပြားအား ဖောက်ထွင်းဖြတ်သန်းပြီး အတွင်းသို့ ၀င်ရောက်စေနိုင်ကြောင်း မဲလိုရှစ်ပ်ကဆိုသည်။ ထို့အပြင် ဗြိတိန်နှင့် အမေရိကန်တွင် အသုံးများသော ဆံပင်ဆိုးဆေးများ၊ ဂျာမနီ၊ ပြင်သစ်နှင့် ဆွီဒင်တို့တွင် နာမည်ကြီးနေသော ဆံပင်ဆိုးဆေး အချို့တို့သည် ကျန်းမာရေးကို ထိခိုက်နိုင်စေသည့် ဓာတုဗေဒ ပစ္စည်းများ အများအပြား အသုံးပြုထားကြောင်း Toxic Beautyတွင် ရေးသားထားသည်။ ဥပမာအားဖြင့် PPDခေါ် အရာတစ်မျိုးသည် ဆိုးဆေးများတွင် ပါဝင်လေ့ရှိပြီး ၎င်းကြောင့် ဦးခေါင်းရှေ့ဘက်နှင့် နားတို့တွင် ကိုက်ခဲနာကျင်မှုများ ဖြစ်စေတတ်ကြောင်း သိရသည်။ ထို့အပြင် အလှကုန်များ အသုံးပြုခြင်းကြောင့် ဓာတ်မတည့်ယားယံခြင်း ခံစားနေရသူဦးရေမှာ ယခင်နှစ်များက နှစ်ဆကျော်အထိ တိုးမြင့်လာကြောင်းလည်း စာအုပ်တွင် ထောက်ပြဆွေးနွေးထားသည်။ ထို့အတူ မိတ်ကပ်နှင့် အခြားသော အလှပြင် အသုံးအဆောင်များတွင်လည်း အရေပြားကို သက်ရောက်မှုများ ဖြစ်စေတတ်ပြီး ကင်ဆာရောဂါအထိ ဆိုးကျိုးများ ဖြစ်ပွားစေရန် ဦးတည်သွားလေ့ရှိကြောင်း သိရှိရသည်။
*** ငါးတွင်တွေ့ ရသောဖက်တီးအက်စစ်အဆီကကင်ဆာအကျိတ်အခဲကိုလျော့ပါးစေနိုင်ဟုဆို....
ငါးအဆီတွင်တွေ့ ရသော(အိုမီဂါ-၃)ဖက်တီးအက်စစ်သည်ကြွက်များ၌ ဖြစ်ပေါ်လျက်ရှိသည့်ကင်ဆာ အရွယ် အစားကိုလျော့ကျသွားစေသည့်အပြငကင်ဆာကုသရာ၌ပေးရသောဓာတုဆေးဝါးများ၏် ဘေးထွက်ဆိုး
ကျိုးများကိုလည်းတားဆီးပေးနိုင်ကြောင်းတွေ့ ရှိရသည်ဟုအီဂျစ်သုတေသီများကမတ်လ၂ရက်နေ့ မှာထုတ်ပြန်သည်။ဆာမွန်ငါးကဲ့သို့ အစားအစာများတွင်ပါရှိသော ဖက်တီးအက်စစ်ကိုစားသုံးရာ ကျန်းမာရးအတွက်အကျိုးအာနိသင်ရှိကြောင်းတွေ့ ရှိချက်ကို ဆဲလ်ဗေးရှင်းဂျာနယ်တွင် ဖော်ပြသည်။(အင်တာနက်)
(Public Health)

No comments:
Post a Comment