
*** “နွေကို အန်တု
ငုတို့ ပွင့်သည်
ရွှေရည်ဖျန်းတော့ ပိတောက်မင်း”တဲ့….။
*** မောင်လွမ်းဏီ ထုဆစ်
ကဗျာဖြစ်တည်
“တပ်လှန့်တေး” မည်သော ကဗျာတပုဒ်ကွဲ့….။
*** ဟောဒ်ီတစ်လမ်းလုံး
ငုဝါဖုံးသည်
သိမ်းကျုံးထွေးပိုက်
လင်းလက်လိုက်စမ်း၊ အ၀ါရောင်လွှမ်း၏….။
*** မြင်သူတိုင်း လန်း
လန်းသူတိုင်းအပန်းပြေ
အပန်းပြေသူတိုင်း အလွမ်းဝေစေတဲ့
နွေရဲ့ အစုဝင်
ဒီငုသည်ပင်
အစဉ်ရွှင်လန်း ၊ စိတ်ချမ်းမြေ့ရဲ့ ။
***ဟောသည်လမ်းကလေး
သင်ပြေးကြည့်မလား ၊ လမ်းလျှောက်ကြည့်မလား
နှလုံးသားအထိ
သင့်အားကြည်နူးပွင့်တွေပေးဝေလိမ့်....။ ....။
(သောင်ရင်းနဂါး)
*** “နွေကို အန်တု
ငုတို့ ပွင့်သည်
ရွှေရည်ဖျန်းတော့ ပိတောက်မင်း”တဲ့….။
*** မောင်လွမ်းဏီ ထုဆစ်
ကဗျာဖြစ်တည်
“တပ်လှန့်တေး” မည်သော ကဗျာတပုဒ်ကွဲ့….။
*** ဟောဒ်ီတစ်လမ်းလုံး
ငုဝါဖုံးသည်
သိမ်းကျုံးထွေးပိုက်
လင်းလက်လိုက်စမ်း၊ အ၀ါရောင်လွှမ်း၏….။
*** မြင်သူတိုင်း လန်း
လန်းသူတိုင်းအပန်းပြေ
အပန်းပြေသူတိုင်း အလွမ်းဝေစေတဲ့
နွေရဲ့ အစုဝင်
ဒီငုသည်ပင်
အစဉ်ရွှင်လန်း ၊ စိတ်ချမ်းမြေ့ရဲ့ ။
***ဟောသည်လမ်းကလေး
သင်ပြေးကြည့်မလား ၊ လမ်းလျှောက်ကြည့်မလား
နှလုံးသားအထိ
သင့်အားကြည်နူးပွင့်တွေပေးဝေလိမ့်....။ ....။
(သောင်ရင်းနဂါး)
No comments:
Post a Comment