အာဆင်နယ်ကလပ်မှ ကစားသမားများဖြစ်ကြသော ဂါးလက်စ်နှင့် အဒီဘာယောတို့နှစ်ဦး လေ့ကျင့်ရေးကွင်း တွင် တစ်ယောက်နှင့် တစ်ယောက် စကားများပြီးစကားနိုင်လုနေကြသည်။
အဒီဘာယောမှ စကားပြောကောင်းသူဖြစ်၍ စကားနည်းသော ဂါးလက်စ်အနေဖြင့် မည်သို့ပြောပြော အနိုင်မရဘဲ ဖြစ်နေသည်။
နောက်ဆုံးတွင် အဒီဘာယောက "မင်းဘောလုံးကန်တာ သိပ်မှမကောင်းဘဲ... ဒီတော့မင်းမိန်းမက မင်းကို သိမ်မချစ်ဘူးမဟုတ်လား။ ငါတောင်မင်းမိန်းမနဲ့ တစ်ညအိပ်ဖူးတယ်ကွမှတ်ထား..."
ွှဤတွင် ဂါးလက်စ်အော်ဟစ်ရယ်လိုက်ပြီး
"ဟား... ဟား... ဟားရယ်ရတယ်ကွာ... မင်းကတစ်ညတည်း အိပ်ဖူးတာလာပြောနေတယ်။ အဲဒါ ဘာဆန်းလဲ... ငါဆိုညတိုင်း အိပ်နေကျကွ... ဟား... ဟာ..."
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ....
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment