အာဖရိကတိုက် အင်ဂိုလာနိုင်ငံတောင်ပိုင်း ကမ်ဖာဆယ်ပြည်နယ်တွင် လွန်ခဲ့သော ရက်သတ္တပတ်က မိကျောင်း များသောင်းကျမ်းမှုကြောင့် ကလေး ၉-ဦးထက်မနည်း သေဆုံးပြီး အမျိုးသမီးအချို့လည်း ရန်ရှာခံခဲ့ရကြောင်း မေလ ၆-ရက်နေ့က နိုင်ငံပိုင်ရေဒီယိုမှ ထုတ်လွှင့်သည်။ အဆိုပါ သေဆုံးသူကလေးများသည် အသက် ၁၀-နှစ်မှ ၁၆-နှစ်အကြားရှိ ကလေးများဖြစ်ကြပြီး မြစ်တွင် ရေခပ်ရန်ရောက်ရှိလာစဉ် မိကျောင်းဆွဲ ခံရခြင်းဖြစ်သည်။ (အင်တာနက်)
*** အာကာသအတွင်း ဆေးဝါးများအစွမ်းထက်မှု ရှိ- မရှိကို ဂြိုလ်တုငယ်ဖြင့် စမ်းသပ်မည်...
အာကာသအတွင်း လူတို့ထုတ်လုပ်ထားသော ဆေးဝါးများက ရောဂါပိုးများကို တိုက်ဖျက်ပေးနိုင်ခြင်းရှိ- မရှိကို သိရှိနိုင်ရန် အမေရိကန်လေကြောင်းနှင့် အာကာသသိပ္ပံ (နာဆာ)သိပ္ပံပညာရှင်များက ပေါင်မုန့်တလုံး၏ အရွယ်မျှသာရှိသော ဂြိုလ်တုငယ်ကို အသုံးပြုကာ စမ်းသပ်လေ့လာမည်ဖြစ်ကြောင်း ယနေ့အင်တာနက်သတင်းတွင် ဖေါ်ပြသည်။ သိပ္ပံပညာရှင်များ၏ ရည်ရွယ်ချက်များ ဗက်တီးရီးယားနှင့် မှိုကဲ့သို့သော အဏုဇီဝပိုးမွှားများအား ဆေးဝါးများက နှိင်နင်းပေးနိုင်စွမ်းကို သိနိုင်ရန် ဖြစ်သည်။ (အင်တာနက်)
xxxကမ္ဘာပေါ်တွင် H1 N1 ရောဂါကူး စက်ခံရမှုစာရင်း WHOဖော်ပြပြီ...
(ပေကျင်း ၊ မေ ၄)
ကမ္ဘာပေါ်တွင် H1 N1 တုပ်ကွေးရောဂါ A အမျိုးအစားကူးစက်ပျံ နှံ့ မှုနောက်ဆုံးသတင်းကိုမေလ ၃ ရက်နေ့ က ထုတ်ပြန်ခဲ့ကြောင်းကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)နှင့်အစိုးရ စာရင်းများအရသိရသည်။ မက္ကဆီကိုနိုင်ငံတွင် ယင်းရောဂါဖြင့်သေဆုံးသူ(၁၉)ဦးရှိပြီးအမေရိကန်တွင် ၂၁ လသားအရွယ်ယောကျာ်းလေး တဦးသေဆုံး သွား ခဲ့သည်။
xxxကမ္ဘာ့ပထမဆုံး နေစွမ်းအင်သုံး မိုဘိုင်းဖုန်း မကြာမီသုံးနိုင်တော့မည်.....
(လန်ဒန် - မေ ၃)
နေရောင်ခြည်ကို တိုက်ရိုက်ထိတွေ့ ပြီး အသုံးပြုနိုင်သောနေရောင်ခြည် စွမ်းအင်သုံး မိုဘိုင်းဖုန်းများကို စတင် ထုတ်လုပ်နေပြီဖြစ်ကြောင်း ဂျပန်ကုမ္မဏီတခုဖြစ်သည့် KDDI ကအင်တာနက်သတင်းတွင်ဖော်ပြသည်။ အဆိုပါ မိုဘိုင်းဖုန်းသည် နေရောင်ခြည် စွမ်းအင်သုံးဖုန်းဖြစ်ပြီးလာမည့်ဇွန်လတွင် KDDIကုမ္မဏီကဈေးကွက်သို့ စတင် ရောင်းချတော့မည်ဖြစ်သည်။နေရောင်ခြည်တွင် ၁၀ မိနစ် ကြာထားပြီး အားသွင်းရယူခြင်းဖြင့် တမိနစ်ဖုန်း ပြော နိုင်ရန်လုံလောက်ကြောင်း (သို့ ) ဟန်းဆက်ကို အဆင်သင့်လှုပ်ရှားအသုံးပြုရန် ၂ နာရီကြာလုံလောက်သည်ဟု ကုမ္မဏီ ကပြောဆိုသည်။(အင်တာနက်)
*** အင်ဂိုလာနိုင်ငံတွင် မိကျောင်းဆွဲမှုကြောင့် ကလေး ၉-ဦးသေဆုံးခဲ့...

No comments:
Post a Comment