*** မျက်စိအားနည်းခြင်း ၊ မျက်အိမ်လွှာရောင်ရမ်းခြင်းတို့ ကိုဗီတာမင်ဘီဝမ်းဖြင့်ကုသနိုင်ဖွယ်ရှိ.....
(၀ါရှင်တန် ၊ မေ ၁၀)
ဗီတာမင်(ဘီဝမ်း)သည်ကမ္ဘာပေါ်တွင်အဆိုးရွားဆုံးရောဂါတမျိုးဖြစ်သောမျက်စိမမြင်ခြင်း ၊ မျက်စိအားနည်းခြင်း
တို့ ကိုအကျိုးရှိစွာကုသပေးနိုင်သောဆေးတမျိုးဖြစ်လာနိုင်သည်ဟုအင်တာနက်သတင်းတွင်ဖော်ပြသည်။
အမေရိကန်ပြည်တောင်စုရှိမျက်မမြင် ၁၀%မှ ၁၅ % ခန့် သည်မျက်ဆံ(အိုင်းဘော)၏အပြင်ဘက်မျက်နှာပြင်
အောက်တွင်တည်ရှိသောတစ်သျှူးရောင်ရမ်းခြင်း၊မျက်အိမ်လွှာ(ယူဗီယာ)ရောင်ရမ်းခြင်းတို့ ကြောင့်မျက်မမြင်
များဖြစ်လာကြပြီးကမ္ဘာပေါ်တွင်မြင့်မားသော% အထိမျက်မမြင်များဖြစ်လာခဲ့ကြသည်ဟုသိပ္မံပညာရှင်များက
ယုံကြည်နေကြသည်။မျက်အိမ်လွှာ(ယူဗီယာ)ရောင်ရမ်းခြင်းကိုပုံမှန်အားဖြင့်ပဋ္ဋိဇီဝပိုးသတ်ဆေး(၀ါ)စတီရွိုက်
ဟော်မုန်းမျက်စဉ်းဆေးနှင့်ကုသခဲ့ကြသည်။Texas University ဆေးပညာဌာနမှသုတေသနပညာရှင်များက
အချို့ သောထိခိုက်မှုများကိုဘင်ဖိုတမင်ဟုခေါ်သော ဗီတာမင်ဘီဝမ်းမှပျော်ဝင်အဆီတမျိုးဖြင့်ကုသနိုင်ကြောင်း
စမ်းသပ်တွေ့ ရှိခဲ့ကြသည်။(အင်တာနက်)
(Public Health)

No comments:
Post a Comment