မန်ချက်စတာယူနိုက်တက်အသင်းသည် လီဗာပူးလ်သို့ ပြောင်းရွှေ့လိုကြောင်း ၀န်ခံထားသည့် ကားလို့တီဗက်ဇ် အား ဘော့စမန်စည်းမျဉ်းဆန်ဆန် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း The Sun သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။ အသက်(၂၅)နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးအား အပြီး သတ်ခေါ်ယူလိုပါက ပေါင်စတာလင်
(၃၂)သန်းပေးရမည်ဟု ၎င်းအားပိုင်ဆိုင်သည့် MSIကုမ္ပဏီနှင့် သဘော တူထားသော်လည်း ထိုအခြေအနေသည် ဘော့စမန်စည်းမျဉ်းအား အတည်ပြု သတ်မှတ်စေခဲ့သည့် ဂျင်းမက် ဘော့ စမန်၏ ဖြစ်ရပ်နှင့် ဆင်တူနေသည်ဟု အားကစားဆိုင်ရာ ထိပ်တန်းဥပဒေ အကျိုးဆောင်များက ပြော ကြားခဲ့သည်။ ဘော့စမန်စည်းမျဉ်းအရ ကစားသမားတစ်ဦးအား ပိုင်ဆိုင်သူ (သို့မဟုတ်) ပိုင်ဆိုင်သည့်အသင်း သည် စာချုပ်သက်တမ်း ပြည့်သွားချိန်တွင် အဆိုပါကစားသမား၏ အနာဂတ်ကို ခြယ်လှယ်ပိုင်ခွင့် မရှိတော့ပေ။ တီဗက်ဇ်၏ အကြံပေးအရာရှိ ကီရာဂျူရက်ဘ်ချီယန်က တီဗက်ဇ်သည် မန်ချက်စတာယူနိုက်တက်၏ အခါးသီး
ဆုံး ပြိုင်ဘက် လီဗာပူးလ်ထံတွင် သွားကစားလိုကြောင်း ပြောကြားထားသည့်တိုင် မန်ချက်စတာက ၎င်းအား ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေကြောင်း ၀န်ခံခဲ့သည်။ The Sunကမူ (၁၉၉၅)ခုနှစ်က ပြဌာန်းခဲ့သည့် ဘော့စမန်စည်းမျဉ်းကို အခြေခံကာ တီဗက်ဇ်နှင့် စာချုပ်နိုင်ရန် မန်ချက်စတာအသင်းက ကြံစည်နေကြောင်း ခန့်မှန်းထားသည်။ တီဗက်ဇ်သည် မန်ချက်စတာသို့ (၂)နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ယခုလ ကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ မန်ချက်စတာ၏ ဂန္တ၀င်ကစားသမား တစ်ဦး ဖြစ်သည့် စတိဘရုစ်ကမူ လီဗာပူးလ်သို့ တီဗက်ဇ်ပြောင်းရွှေ့ပါက ၎င်းအတွက် ကြီးမားသော အမှားတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်တွင် ဆက်နေရန် တိုက်တွန်းထားသည်။
Source: TheSun
xxxမိုက်ကယ်ဂျက်ဆင်၏ လန်ဒန်ဖျော်ဖြေပွဲ အခက်တွေ့ဖွယ် ....
(၁၉၁၂)ခုနှစ်က Titanicသင်္ဘောကြီး နစ်မြုပ်ခဲ့စဉ် (၂)လသမီး အရွယ်သာရှိသေးသည့် ဒင်းမှာ သူမ၏ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်အတွက် ငွေလိုနေကြောင်း ကြားသိပြီးနောက် ဂျိမ်း၊ လီယိုနာဒိုနှင့် ကိတ်တို့ပူးပေါင်းကာ ဒေါ်လာ(၃၀၀၀၀)တန် ရံပုံငွေတစ်ရပ် ထူထောင်ပေးပြီး သူမ၏ နောက်ဆုံးနေ့များကို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းသွားနိုင်ရန် ကူညီခဲ့ကြသည်။ ဒင်းစီးနင်းလိုက်ပါခဲ့သည့် Titanicသင်္ဘောကြီး နစ်မြုပ်မှုကို ဇာတ်လမ်းဆင်ထားသော ဇာတ်ကားသည် ဒေါ်လာ(၁)ဘီလျံကျော်မျှ အမြတ်အစွန်းများ ရရှိခဲ့ပြီး မင်းသားလီယိုနာဒိုက Titanic၏ နောက်ဆုံးလက်ကျန် အမှတ်တရလူသားဖြစ်သူ ဒင်းအား အတတ်နိုင်ဆုံး စောင့်ရှောက်သွားလိုကြောင်း ပြောကြားခဲ့သည်။
ှSource....hollyscoop
xxxလီဗာပူးလ်အသင်းသို့ တီဗက်စ်ရောက်နိုင်မည်လား...

No comments:
Post a Comment