စက်တွေကြားမှာ တကုပ်ကုပ်
ဘတ် ၆၀ နဲ့ လုပ် ၊ ဘတ် ၇၀ နဲ့လုပ်
အဲဒီလို မဲဆောက်က အစုတ်ပလုပ်ဘ၀ကို
၁၀ နှစ် ၁၀မိုးလောက် လုပ်လာပြီးတော့
ဘန်ကောက်ဆိုတဲ့ မြို့ တော်ကြီးဆီရောက်
နေ့စားခ ၂၀၃ဘတ်နဲ့လုပ် ၊ အိုတီတနာရီ ၂၀ ဘတ်နဲ့လုပ်
အစုတ်ပလုပ် ဘ၀ကနေ ဟုတ်လှပြီလို့ထင်မိတာပေါ့....။
+++ မဲဆောက်မှာက ဟင်းတထုပ် ၇ ဘတ် ၊ ၁၀ ဘတ်
ဘန်ကောက်မှာက ဟင်းတထုပ် ၁၅ ဘတ် ၊ ဘတ် ၂၀
စားစရာမရှိလို့  ကန်စွန်းရွက် ၊ ချဉ်ပေါင်ရွက်ခူး စရာမရှိ
ငါးဖမ်းစရာ ၊ ငါးမျှားစရာ ချောင်းတွေ ၊ မြောင်းတွေနဲ့လည်း မနီးဘူး
ဘတ်မရှိလို့ ပုလိပ်ဖမ်းရင် ဘတ်တစ်ရာ ၊ နှစ်ရာနဲ့ရှင်းမရဘူး(လေး၊ ငါး ထောင်မှလွတ်တာ)
အဲဒါကြောင့် ကျားကြီးတော့ ခြေရာကြီး
မြို့ တော်ကြီးတော့ ကုန်ဈေးနှုန်းကြီးတာမို့ 
ကိုယ်နေတဲ့ တိုက်တန်းကနေ ဘုရားဖူးသွားချင်တာ
ဈေးထဲသွားချင်တာ့ ၊ ဟိုဟိုဒီဒီ ရောက်ဖူးချင်တာတွေဟာ
နေရာတကာမှာ ရှိနေတဲ့ အရပ်ဝတ် ၊ ယူနီဖောင်းဝတ်အာဏာပိုင်တွေအကြားမှာ
စိတ်မလွတ်လပ်ခြင်း များစွာနဲ့ 
အလုပ်ပြီးလည်း တိုက်တန်းရဲ့ အခန်းငယ်ထဲမှာပဲ
နေချင်လည်းနေ ၊ မနေချင်လည်းနေ ဘ၀တွေနဲ့
စိတ်တွေကထွေ
ဘ၀ကလေပွေလို
အို.....ဘယ်ကိုကြည့်ကြည့်
စက်နဲ့လုပ်တဲ့စက်ရုပ်တွေ
လူလုပ်တဲ့ စက်ရုပ်တွေ
လူမဟုတ်တဲ့ စက်ရုပ်တွေ လေ....။
ပေးပို့ သူ.....လူဇော်(ဘန်ကောက်)
xxxတနေကုန် တမိုးချုပ်

No comments:
Post a Comment