ဒီနှစ်ကိုမေ့ ပစ်လိုက်တော့မှာလား
လူပေါင်းသိန်းကျော်ကို ရက်စက်စွာ
ငတ်မွတ်အောင်လုပ်ခဲ့တဲ့ဒီ``နာဂစ်´´
နိုင်ငံရဲ့ ခေါင်းဆောင် လျစ်လျူရှုခံရတဲ့ဒီနှစ်
တနှစ်တင်းတင်းပြည့်ခဲ့ပြီ
ဒီနှစ်မှာသေဆုံးသူတွေအတွက်
အမျှတွေဝေ သပိတ်တွေသွတ်
ဆွမ်းတွေကပ် ခဲ့ကြပေမယ့်
ဖြေလိုပြေပါမလား....
+++ကျန်ရစ်သူ မိသားစုတွေလိုပဲ
တို့ တတွေ ခံစားနိုင်ပါ့မလား
အမေ ဘယ်မှာလဲ?
သားရေ.....သား ......မင်းဘယ်ပျောက်နေပြီလဲ
သမီးငယ်ရေ.....အမျှ..အမျှ...အမျှ...ဆိုတဲ့စကား
မိတ်ဆွေ ၊ သင်ခံစားနိုင်ပါသလား...။
ဆိုးလှတဲ့ ဒီစနစ်
ဒီခေတ်ပျက်ကြီးထဲမှာ
အိုးအိမ်တွေပျောက်
ရေတောင်မသောက်ရတဲ့ဒီဘဝ
မြန်ပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့
ဒီဧရာဝတီ
ဝါကျင့်ကျင့် ဆန်နီကိုစားလို့ 
ပုပ်စော်နံနေတဲ့
ပတ်ကြားခွက်ထဲက
ရေဆိုး ၊ ရေပုပ် တွေနဲ့ 
အသက်မွေးခဲ့ရတဲ့ ဒို့ပြည်သူ
ကံကြမ္မာကိုပဲ
ယိုးမယ်ဖွဲ့ ရမလား
ဝဋ်ကြွေးကိုပဲထိုးချရမလား
ကပ်ကြီးသုံးပါး ဆိုက်ခဲ့တာ
ဒီနှစ်ပါပဲ
အို....ရှင်တော်ဗုဒ္စ
သံသရာရဲ့ ဝဋ်ကြွေး
ဖြေစရာ ၊ ပြေစရာ များရှိရင်
ဒီဘ၀ ဒီမျှသာ
ကြေပါတော့ရယ်လို့ 
ဆုတောင်းရင်း
ဆိုးလှတဲ့ နာဂစ်.....
ခံစားတင်ပြသူ.....ဥတ္တမံ(ရွှေဝါရောင်)
မှတ်ချက်။ ။ မြန်မာပြည်တွင်ယမန်နှစ်မေလ၂၊ ၃ ရက်များက၀င်ရောက်တိုက်ခတ်ခဲ့သောနာဂစ်လေမုန်တိုင်းဒဏ်ခံပြည်
သူများအတွက်နှစ်ပတ်လည်ခံစားချက်။
***နှစ်တနှစ်ရဲ့ရာစုသစ်
ဒီနှစ်ကိုမေ့ ပစ်လိုက်တော့မှာလား
လူပေါင်းသိန်းကျော်ကို ရက်စက်စွာ
ငတ်မွတ်အောင်လုပ်ခဲ့တဲ့ဒီ``နာဂစ်´´
နိုင်ငံရဲ့ ခေါင်းဆောင် လျစ်လျူရှုခံရတဲ့ဒီနှစ်
တနှစ်တင်းတင်းပြည့်ခဲ့ပြီ
ဒီနှစ်မှာသေဆုံးသူတွေအတွက်
အမျှတွေဝေ သပိတ်တွေသွတ်
ဆွမ်းတွေကပ် ခဲ့ကြပေမယ့်
ဖြေလိုပြေပါမလား....
+++ကျန်ရစ်သူ မိသားစုတွေလိုပဲ
တို့ တတွေ ခံစားနိုင်ပါ့မလား
အမေ ဘယ်မှာလဲ?
သားရေ.....သား ......မင်းဘယ်ပျောက်နေပြီလဲ
သမီးငယ်ရေ.....အမျှ..အမျှ...အမျှ...ဆိုတဲ့စကား
မိတ်ဆွေ ၊ သင်ခံစားနိုင်ပါသလား...။
ဆိုးလှတဲ့ ဒီစနစ်
ဒီခေတ်ပျက်ကြီးထဲမှာ
အိုးအိမ်တွေပျောက်
ရေတောင်မသောက်ရတဲ့ဒီဘဝ
မြန်ပြည်ရဲ့ အသက်သွေးကြောဖြစ်တဲ့
ဒီဧရာဝတီ
ဝါကျင့်ကျင့် ဆန်နီကိုစားလို့ 
ပုပ်စော်နံနေတဲ့
ပတ်ကြားခွက်ထဲက
ရေဆိုး ၊ ရေပုပ် တွေနဲ့ 
အသက်မွေးခဲ့ရတဲ့ ဒို့ပြည်သူ
ကံကြမ္မာကိုပဲ
ယိုးမယ်ဖွဲ့ ရမလား
ဝဋ်ကြွေးကိုပဲထိုးချရမလား
ကပ်ကြီးသုံးပါး ဆိုက်ခဲ့တာ
ဒီနှစ်ပါပဲ
အို....ရှင်တော်ဗုဒ္စ
သံသရာရဲ့ ဝဋ်ကြွေး
ဖြေစရာ ၊ ပြေစရာ များရှိရင်
ဒီဘ၀ ဒီမျှသာ
ကြေပါတော့ရယ်လို့ 
ဆုတောင်းရင်း
ဆိုးလှတဲ့ နာဂစ်.....
ခံစားတင်ပြသူ.....ဥတ္တမံ(ရွှေဝါရောင်)
မှတ်ချက်။ ။ မြန်မာပြည်တွင်ယမန်နှစ်မေလ၂၊ ၃ ရက်များက၀င်ရောက်တိုက်ခတ်ခဲ့သောနာဂစ်လေမုန်တိုင်းဒဏ်ခံပြည်
သူများအတွက်နှစ်ပတ်လည်ခံစားချက်။


No comments:
Post a Comment