ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 3, 2009

3May,09///အသည်းနှလုံးမဲ့ နာဂစ်

> သာယာအေးမြတဲ့ လေပြေလေညင်း

အရိုင်းဆန် လှိုင်းထန် ၊ မုန်တိုင်းအဖြစ်ပြောင်းလဲပုံက

ရိုးသား ကြိုးစားတဲ့ လူရည်ချွန်ကလေး တစ်ယောက်

ပြောက်ကြား တော်လှန်ရေးသမား ဖြစ်သွားသလိုပါပဲ ၊

ဖောက်ပြန်တဲ့ သဘာဝ တရားနဲ့

ဟန်ဆောင်မျက်နှာဖုံးစွပ်ထားတဲ့ မတရား ကောင်းကင်အောက်

အပြစ်မဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်

ကယ်သူမဲ့စွာ အသက်များ ဆုံးရှုံး

အကာကွယ်မဲ့ ဘ၀တွေ အတုံးအရုံး လဲပြို

အတွယ်အတာ စိတ်များ သည်းခြေပျက် ပျက်သုဉ်းခဲ့တယ် ၊

သစ်ပင်တွေလဲ

ရင်ကွဲနာကျပြီး သေကြေပျက်စီးခဲ့တယ် ။

ရေတွင်းများက

ဆားငံရေ၀င်ပြီး ခံတွင်းပျက်ခဲ့တယ် ။

စိုက်ပျိုးသူမဲ့ တမျှော်တခေါ် လယ်တောများ

ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ သခင်ကိုမျှော်နေတယ်၊

သဘာဝ ဘေးအန္တရာယ်ဆိုတာ

မြွေတစ်ကောင်ထက် အဆိပ်ပြင်းတယ် ။

သဘာဝရဲ့ အရင်းအမြစ်များကို

လောဘ လူသားတွေ လောက၀မ်းဗိုက်ထဲက

ရေအနက် ရေနံ နဲ့ သဘာဝဓါတ်ငွေ့များကုန်စင်အောင်ထုတ်

လောက ကျောပြင်ပေါ်က သစ်တောတွေ ကုန်စင်အောင် ခုတ်လှဲလို့များ

သဘာဝတရားက မြွေတစ်ကောင်လို ပြန်ပေါက်လိုက်တာလား ၊

သစ္စာတရား ခေါင်းပါးတဲ့နယ်မြေမှာ

လူသားချင်း စာနာ ထောက်ထားပြီး

မေတ္တာတရားနဲ့ ကူညီသူတွေ အပြစ်ပေးခံနေရတယ် ။

တလောကလုံး တုန်လှုပ်ခြောက်ခြားအောင် ဖောက်ပြားပုံက

မသမာသူ လူတစ်စု နာဂစ်ကိုဗန်းပြပြီး စီးပွားဖြစ်

ကမ္ဘာ့တံတွေးခွက်ထဲ ပက်လက်မျောခဲ့တယ် ၊

နာဂစ်က

လောက စာသင်ခန်းထဲ

မတည်မြဲသော သင်္ခါရတရားကိုပြသခဲ့တယ် ၊

အထက်တန်းကျပါတယ် ဆိုပြီး

ကိုယ့်ကိုကိုယ် ကြွေးကြော်နေသူများရဲ့ 

အောက်တန်းကျတဲ့ စိတ်ဓာတ်ကို

နာဂစ်က ဘွားကနဲပေါ်အောင် လှစ်ပြခဲ့တယ် ၊

အကျင့်စာရိတ္တ ပျက်သူတွေထံမှာ

အကျင့်စာရိတ္တ ကောင်းကြောင်း ထောက်ခံစာတောင်းတတ်တဲ့

ငါတို့ ရဲ့  စရိုက်ဆိုး နဲ့

ဖောက်ပြန်သူတွေရဲ့  စနစ်ဆိုး ကို

နာဂစ်က ဘာဖြစ်လို့ အပြီးရိုက်မချိုးခဲ့တာလဲ ၊

ခေါင်းမရှိတဲ့လူတွေ အရာရာပိတ်ပင်ထားတဲ့ကြားက

အသည်းနှလုံးမဲ့ နာဂစ်က ၀င်ရောက်ခဲ့

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာယုံမက

မုန်တိုင်းပါ လိုက်လို့တိုက်

ဘ၀ထီးက ပေါက်နေတော့

နာကျင်ခြင်း ဒုက္ခ မိုးနဲ့ ပူလောင်ဆဲသောက မီးတွေ

တကိုယ်လုံး ရဲရဲစို တောက်လောင်နေပြီ ၊

ခံစားတင်ပြသူ.....အောင်ခိုင်မြင့်

( နာဂစ်မုန်တိုင်း တစ်နှစ်ပြည့် )

သာယာအေးမြတဲ့ လေပြေလေညင်း

အရိုင်းဆန် လှိုင်းထန် ၊ မုန်တိုင်းအဖြစ်ပြောင်းလဲပုံက

ရိုးသား ကြိုးစားတဲ့ လူရည်ချွန်ကလေး တစ်ယောက်

ပြောက်ကြား တော်လှန်ရေးသမား ဖြစ်သွားသလိုပါပဲ ၊

ဖောက်ပြန်တဲ့ သဘာဝ တရားနဲ့

ဟန်ဆောင်မျက်နှာဖုံးစွပ်ထားတဲ့ မတရား ကောင်းကင်အောက်

အပြစ်မဲ့သူတွေ တစ်ယောက်ပြီးတစ်ယောက်

ကယ်သူမဲ့စွာ အသက်များ ဆုံးရှုံး

အကာကွယ်မဲ့ ဘ၀တွေ အတုံးအရုံး လဲပြို

အတွယ်အတာ စိတ်များ သည်းခြေပျက် ပျက်သုဉ်းခဲ့တယ် ၊

သစ်ပင်တွေလဲ

ရင်ကွဲနာကျပြီး သေကြေပျက်စီးခဲ့တယ် ။

ရေတွင်းများက

ဆားငံရေ၀င်ပြီး ခံတွင်းပျက်ခဲ့တယ် ။

စိုက်ပျိုးသူမဲ့ တမျှော်တခေါ် လယ်တောများ

ဘယ်တော့မှ ပြန်မလာနိုင်တော့တဲ့ သခင်ကိုမျှော်နေတယ်၊

သဘာဝ ဘေးအန္တရာယ်ဆိုတာ

မြွေတစ်ကောင်ထက် အဆိပ်ပြင်းတယ် ။

သဘာဝရဲ့ အရင်းအမြစ်များကို

လောဘ လူသားတွေ လောက၀မ်းဗိုက်ထဲက

ရေအနက် ရေနံ နဲ့ သဘာဝဓါတ်ငွေ့များကုန်စင်အောင်ထုတ်

လောက ကျောပြင်ပေါ်က သစ်တောတွေ ကုန်စင်အောင် ခုတ်လှဲလို့များ

သဘာဝတရားက မြွေတစ်ကောင်လို ပြန်ပေါက်လိုက်တာလား ၊

သစ္စာတရား ခေါင်းပါးတဲ့နယ်မြေမှာ

လူသားချင်း စာနာ ထောက်ထားပြီး

မေတ္တာတရားနဲ့ ကူညီသူတွေ အပြစ်ပေးခံနေရတယ် ။

တလောကလုံး တုန်လှုပ်ခြောက်ခြားအောင် ဖောက်ပြားပုံက

မသမာသူ လူတစ်စု နာဂစ်ကိုဗန်းပြပြီး စီးပွားဖြစ်

ကမ္ဘာ့တံတွေးခွက်ထဲ ပက်လက်မျောခဲ့တယ် ၊

နာဂစ်က

လောက စာသင်ခန်းထဲ

မတည်မြဲသော သင်္ခါရတရားကိုပြသခဲ့တယ် ၊

အထက်တန်းကျပါတယ် ဆိုပြီး

ကိုယ့်ကိုကိုယ် ကြွေးကြော်နေသူများရဲ့ 

အောက်တန်းကျတဲ့ စိတ်ဓာတ်ကို

နာဂစ်က ဘွားကနဲပေါ်အောင် လှစ်ပြခဲ့တယ် ၊

အကျင့်စာရိတ္တ ပျက်သူတွေထံမှာ

အကျင့်စာရိတ္တ ကောင်းကြောင်း ထောက်ခံစာတောင်းတတ်တဲ့

ငါတို့ ရဲ့  စရိုက်ဆိုး နဲ့

ဖောက်ပြန်သူတွေရဲ့  စနစ်ဆိုး ကို

နာဂစ်က ဘာဖြစ်လို့ အပြီးရိုက်မချိုးခဲ့တာလဲ ၊

ခေါင်းမရှိတဲ့လူတွေ အရာရာပိတ်ပင်ထားတဲ့ကြားက

အသည်းနှလုံးမဲ့ နာဂစ်က ၀င်ရောက်ခဲ့

ကံဆိုးမသွားရာ မိုးလိုက်လို့ရွာယုံမက

မုန်တိုင်းပါ လိုက်လို့တိုက်

ဘ၀ထီးက ပေါက်နေတော့

နာကျင်ခြင်း ဒုက္ခ မိုးနဲ့ ပူလောင်ဆဲသောက မီးတွေ

တကိုယ်လုံး ရဲရဲစို တောက်လောင်နေပြီ ၊

ခံစားတင်ပြသူ.....အောင်ခိုင်မြင့်

( နာဂစ်မုန်တိုင်း တစ်နှစ်ပြည့် )

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)