ထိုင်လေ့ရှိရာ ၊ တခုသောညီလာခံတွင် ထိုကဲ့သို့  ထိုင်ရာမှ သတိမထားမိဘဲ ခါးဝတ်တော် ပုဆိုးစမှာ အောက်စ
လွတ်ပြီး သကာလ ဖွားဘက်တော် အစုံ ၊ အကုန်အပြင်ထွက် အရှက်ကင်းမဲ့စွာ ``မဟာဂေါ်ပွေး´´နေသည်ကို မူးမတ်များမြင်သည့်အခါ ``ရယ်ခိုး´´ ကြလေ၏။ ရယ်ခိုးသည် ဆိုသည်မှာ ဘုရင်ရှေ့ တည့်တည့်ကြည်မရယ်ဘဲ တစ်ဖက်လှည့်ပါးစပ်ကိုလက်ပိတ်ပြီးရယ်ခြင်းကိုဆိုလိုပါသည်။ အမတ်များရယ်သည်ကို ပလ္လင်ပေးမှရှင်ဘုရင်က ``ဟဲ့အမတ်တွေ ၊ ဘာရယ်နေကြတာတုံး ၊ ကိုယ်တော်မြတ်ကိုမခန့် လေးစားလုပ်ကြတာလားကွယ်ရို့ ´´ ဟုစိတ်ဆိုးဆိုး နှင့်မေးတော်မူရာ အမတ်ကြီးဦးပေါ်ဦးက ရုတ်တရက်လျှောက်တင် လိုက်ပုံမှာ``မှန်လှပါ မင်းကြီးဘုရား အရှင်ဘုရားကို ပမာမခန့် မလုပ်ဝံ့ကြောင်းပါ ။ အမတ်တွေရယ်ကြပုံမှာ အရှင်မင်းကြီး၏ ပြည်ကြီးတံဆိပ် ကပ္မယ်အိတ်ဟာ အရိပ်မှထွက်ပြီး နေပူကျက်စား နေကြောင်းပါဘုရား ဒါကြောင့် ကျတော်မျိုးအပါအ၀င်အမတ်တွေရယ်မောကြတာပါဘုရား ဟုလျှောက်တင်သည် တွင် ``သြော်... သြော် ဟုတ်ပေသားဘဲကွဲ့  ၊ ကိုယ်တော်မြတ်နောင်ဆိုဆင်ခြင်ရမှာပ´´ ဟုပြောပြီး ပုဆိုးစကိုဆွဲချတော်မူခဲ့လေ၏။ အမတ်ကြီး ဦးပေါ်ဦး တင်လျှောက်ကောင်းခဲ့သဖြင့် ``အလျှောက်ကောင်း၍ အထောင်းသက်သာ´´ ခဲ့သည်မဟုတ်ပါလော......။
ပေးပို့သူ.....မဟာဇော်(မကွေး)
ရှင်ဘုရင်ဘိုးတော်ဘုရားမှာ အသားညိုညို ၊ အရပ်ရှည်ရှည် ၊ ကိုယ်လုံးကိုယ်ပေါက် ၊ အနည်းငယ်သေး၏။ ရှင်ဘုရင်၏ ၀တ်တော်လဲတော် ရွှေစလွယ်မှာ ရွှေချိန်.. ၃ ပိသာ ၅၀ ကျပ်သားရှိကြောင်း ၊ ဦးကုလား ကမဟာ ရာဇာဝင်ကြီးတွင်ရေးသားဖော်ပြထားသည်ကို စာရေးသူ...ဖတ်ရှုမှတ်သားခဲ့ဘူး၏။ ရှင်ဘုရင်သည် ညီလာ ခံ ကျင်းပ ချိန် သီဟာသန ပလ္လင်ပေါ်တွင် ထိုင်သည့်အခါ တင်ပလင်ချိတ်၍ အဘ ဘိုးမင်းခေါင်ထိုင်နည်းမျိုး
ထိုင်လေ့ရှိရာ ၊ တခုသောညီလာခံတွင် ထိုကဲ့သို့  ထိုင်ရာမှ သတိမထားမိဘဲ ခါးဝတ်တော် ပုဆိုးစမှာ အောက်စ
လွတ်ပြီး သကာလ ဖွားဘက်တော် အစုံ ၊ အကုန်အပြင်ထွက် အရှက်ကင်းမဲ့စွာ ``မဟာဂေါ်ပွေး´´နေသည်ကို မူးမတ်များမြင်သည့်အခါ ``ရယ်ခိုး´´ ကြလေ၏။ ရယ်ခိုးသည် ဆိုသည်မှာ ဘုရင်ရှေ့ တည့်တည့်ကြည်မရယ်ဘဲ တစ်ဖက်လှည့်ပါးစပ်ကိုလက်ပိတ်ပြီးရယ်ခြင်းကိုဆိုလိုပါသည်။ အမတ်များရယ်သည်ကို ပလ္လင်ပေးမှရှင်ဘုရင်က ``ဟဲ့အမတ်တွေ ၊ ဘာရယ်နေကြတာတုံး ၊ ကိုယ်တော်မြတ်ကိုမခန့် လေးစားလုပ်ကြတာလားကွယ်ရို့ ´´ ဟုစိတ်ဆိုးဆိုး နှင့်မေးတော်မူရာ အမတ်ကြီးဦးပေါ်ဦးက ရုတ်တရက်လျှောက်တင် လိုက်ပုံမှာ``မှန်လှပါ မင်းကြီးဘုရား အရှင်ဘုရားကို ပမာမခန့် မလုပ်ဝံ့ကြောင်းပါ ။ အမတ်တွေရယ်ကြပုံမှာ အရှင်မင်းကြီး၏ ပြည်ကြီးတံဆိပ် ကပ္မယ်အိတ်ဟာ အရိပ်မှထွက်ပြီး နေပူကျက်စား နေကြောင်းပါဘုရား ဒါကြောင့် ကျတော်မျိုးအပါအ၀င်အမတ်တွေရယ်မောကြတာပါဘုရား ဟုလျှောက်တင်သည် တွင် ``သြော်... သြော် ဟုတ်ပေသားဘဲကွဲ့  ၊ ကိုယ်တော်မြတ်နောင်ဆိုဆင်ခြင်ရမှာပ´´ ဟုပြောပြီး ပုဆိုးစကိုဆွဲချတော်မူခဲ့လေ၏။ အမတ်ကြီး ဦးပေါ်ဦး တင်လျှောက်ကောင်းခဲ့သဖြင့် ``အလျှောက်ကောင်း၍ အထောင်းသက်သာ´´ ခဲ့သည်မဟုတ်ပါလော......။
ပေးပို့သူ.....မဟာဇော်(မကွေး)


No comments:
Post a Comment