ထိုင်း-မြန်မာနယ်စပ် ၊ မဲဆောက်မြို့ ရှိ တီကေလေး(ခ)ပန်တောင်သိုးမွှေးစက်ရုံမှမြန်မာအလုပ်သမား ၂၀၀ ခန့် တို့ သည်ယနေ့ နံနက်ပိုင်းတွင်မိမိတို့ စက်ရုံမှမဲဆောက်မြို့ အလုပ်သမားကာကွယ်ရေးနှင့်လူမှုဖူလုံရေးရုံးရှေ့ သို့ လမ်းလျှောက်ချီတက်ကာဆန္ဒပြခဲ့ကြသည်။ ထိုသို့ ဆန္ဒပြရာနေရာသို့ မြန်မာပြည်သားအဖွဲ့ မှရောက်ရှိပြီး ဆန္ဒ ပြသူတဦးထံမှမှတ်တမ်းများကိုတောင်းယူဖတ်ရှုရာဤသို့ တွေ့ ရှိရလေသည်။(8.4.09)ပထမဆုံး အကြိမ်ဖြစ်
်တောင်းဆိုချက်များကို ရုံးအရာရှိ လက်ခံခွင့်မရသဖြင့် ကျနော်တို့ ပြန်ယူလာခဲ့ရသည်။
တောင်းဆိုချက်များ...
(၁)ထိုင်းနိုင်ငံတွင်သတ်မှတ်ထားသောအလုပ်သမားဥပဒေအတိုင်းအပြည်အ၀ခံစားခွင်ပေးရန်။
(၂)အလုပ်သမားကျန်းမာရေးစော့င်ရှောက်ခွင့်အပြည်အ၀ ခံစားပိုင်ခွင့်ပေးရန်။
(၃)အလုပ်သမားများသောက်ရေသုံးရေလုံလောက်စွာပေးရန်။
***လုပ်အားခ ``လစာ ´´ကိုအမြန်ဆုံးထုတ်ပေးရန်***
(20.4.09)ဒုတိယအကြိမ် အလုပ်သမားကာကွယ်ရေးရုံးကို တိုင်စာသွားတင်ရာ အရာရှိမရှိသဖြင့် စာမတင်ဘဲပြန်ခဲ့ရသည်၊
(21.4.09)တတိယအကြိမ် အလုပ်သမားကာကွယ်ရေးရုံးမှာနေ့ လည် (၂း ၃၀)ု တွင်စက်ရုံမန်နေဂျာ နှင့်အတူ အလုပ်သမားကိုယ်စားလှယ်( ၉)ဦး ၊အလုပ်သမားကာကွယ်ရေးအရာရှိနှင့် သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ပါသည်။ (ထိရောက်မူမရှိ)
(6.5.09)ကျနော်တို့ စက်ရုံရှေ့ တွင်နံနက်(၈း ၀၀)နာရီမှာ လူစုရုံးပြီးခဏဆန္ဒပြကြသည်။ထိုနောက် ဆာဝါရီကန်ရုံးသို့ လမ်းလျှောက်ချီတက်ကာလူ ၂၀၀ ခန့် ဆန္ဒပြကြသည်။
သတင်းမှတ်တမ်း....မြန်မာပြည်သား
Rest of your post

No comments:
Post a Comment