ဘန်ကောက်မြို့ အနီး မဟာချိုင် ထိုင်းယူနစ် အရပ်ရှိ ပုဇွန်ကုမ္ပဏီမှအလုပ်သမားခေါ်ယူကြောင်းကြေညာထား သဖြင့်မြန်မာများသွားရောက်အလုပ်လျှောက်ထားစဉ် အများအမြားဖမ်းဆီးခြင်းခံလိုက်ရသည်။ယနေ့နံနက်
၅နာရီခန့်က မဟာချိုင် ထိုင်းယူနစ်အရပ်ရှိ Thai Union Froozen FoodProduct Co.Ltd မှ နေထိုင်အလုပ်
်လုပ်ကိုင်ခွင့်မရှိသောအလုပ်သမားများအားခေါ်ယူပြီ(ဘတ်)လုပ်ပေးမည်။ဖြစ်ကြောင်းကြေညာထားသဖြင့်မဟာ
ချိုင်နေရာအနှံ့မှ မြန်မာအလုပ်သမားရာချီ၍သွားရောက်ခဲ့ကြစဉ် ကျက်ယိုင်(ထိုင်းမန်နေဂျာအမျိုးသမီး) ကထိုင်း
ပုလိပ် များကိုဖုန်းဆက်ခေါ်လိုက်သဖြင့် မြန်မာအလုပ်သမားရာချီ၍ဖမ်းဆီးခြင်းခံရသည်။မောင်လေးနှင့်ညီမလေး
၂ဦးတို့အတွက် အလုပ်သွားလျှောက်ခဲ့ပြီးဘတ်ရှိသဖြင့်ဖမ်းဆီးမခံခဲ့ရသူ မသန်းတင်က“ကျမတို့မနက်၎နာရီ
လောက် ကတေ့ကသွားပြီးတန်းစီကြပါတယ်။အလုပ်လည်းရမယ် ဘတ်လည်းရိုက်ပေးမယ်ဆိုတော့
လူတွေအများကြီးပဲလာကြတယ်။အလုပ်လည်းခေါ်တာမဟုတ်ပဲနဲ့ လူတွေအဖမ်းခံရတာပဲအဖတ်တင်တယ်။ လူတယောက်ကို ဘတ်၂၅၀၀ ပေးပြီးရွေးနေကြတယ်ရှင့်၊ မဟာချိုင်မှာ ဘတ်မရှိတဲ့လူတွေအများကြီးပဲ'' ဟုပြော
သည်။လူဆယ့်ငါးဦးခန့်ဆန့်သောကား ၈စီးဖြင့်ဖမ်းဆီးတင်ဆောင်သွားသဖြင့် လူတစ်ရာထက်မနည်းရှိနိုင်
်ကြောင်းမြန်မာကျောင်းဆရာတစ်ဦးကပြောသည်။အဆိုပါ ကုမ္ပဏီနှင့်ကပ်လျှက် နေရာတွင် မြန်မာအလုပ်သမား
များအား ဘာသာရပ်ဆိုင်ရာသင်ကြားပြသပေးနေသူ အမည်မဖေါ်လို မြန်မာကျောင်းဆရာတစ်ယောက်က
“အဲဒီအလုပ်ရုံကမန်နေဂျာမ ကျက်ယိုင်ဆိုတာ မဟာချိုင်ပုလိပ်အကြီးတစ်ယောက်ရဲ့ မယားပါ၊ အလုပ်မှာလူ
လည်းမခေါ်ပဲနဲ့ သူတို့ပုလိပ်တွေဘတ်သိန်းချီရအောင် စားကွက်ထွင်လိုက်တာပဲဗျ။ဘတ်မရှိတဲ့လူတွေကို တစ်စု
ုတစ်ဝေးတည်းစုပေးလိုက်တဲ့သဘောပါ၊ အဖမ်းခံရတဲ့အလုပ်သမားတွေကို ရဲစခန်းကြီးကိုလည်းမခေါ်ဘူး၊
လမ်းထောင့် ၊လမ်းမတွေမှာရှိတဲ့ပုလိပ်ရုံသေးသေးတို့၊ဘုန်းကြီးကျောင်းတို့မှာ စုထားတာဗျ၊ပြီးတော့မဟာချိုင်
မှာလူရွေးပေးတဲ့ပွဲစားတွေရှိတယ်လေ၊သူတို့နဲ့ရွေးရတာပေါ့၊မဟာချိုင်မှာရှိတဲ့အင်ဂျီအိုတွေကလည်းဘာမှ
ှမတတ်နိုင်ဘူး၊တော်တော်စိတ်မကောင်းစရာဗျာ၊အချို့ ထွကပြေးလို့ဒူးကွဲသူကွဲ၊နုတ်ခမ်းပေါက်သူပေါက်နဲ့ဗျာ
လွတ်ရာလွတ်ကြောင်းပြေးကြတယ်''ဟုပြောသည်။မဟာချိုင်တွင်မြန်မာအလုပ် သမားသိန်းချီရှိပြီး၊လူကုန်ကူမှု၊
လုယက်မှုတို့အပြင်၊ထိုင်းစကားကျွမ်းကျင်စွာတတ်သော မြန်မာအလုပ်သမားများအလုပ်ရုံ့များတွင်အလုပ်မလုပ်
တော့ပဲ ၊ထိုင်းပုလိပ်များနှင့်ပေါင်း၍ မြန်မာများကိုဖမ်းလိုက်၊ရွေးလိုက်လုပ်စားနေ ကြသောနယ်မြေဖြစ်ကြောင်း အထူးနာမည်ကြီ်းသည်။
သတင်း...ဦးကျော်သောင်း(ဘန်ကောက်)
Rest of your post
မေ ၆

No comments:
Post a Comment