အလ္လာပ သ လ္လာပ ပြောဆိုနေရင်း နှင့် ရှင်ဘုရင် က ဤသို့ မေးမြန်း၏ ။ ``ပေါ်ဦး အရသာတွေထဲ မှာ ဘယ်အရသာ ဟာဖြင့် အကောင်းဆုံးလဲကွဲ့ ´´ဟုမေးရာ အမတ်ကြီး ဦးပေါ်ဦး ကထုံးစံအတိုင်း စဉ်းစား မနေဘဲ ``မှန်လှပါ ... အီးပါတဲ့ အရသာဟာအကောင်းဆုံး ပါ ဘုရာ့´´ဟုလျှောက် တင်လိုက်သည်တွင် ရှင်ဘုရင်မှာရွဲ ရှာသည့် အမူအရာဖြင့် ``ထွီ´´ပေါ်ဦး နှယ်ညစ်ပတ်ရန်ကော ´´မိန့် ကြားတော်မူရာ အမတ်ကြီးက ``မှန်လှပါ - အရှင်ဘုရား တနေ့ ကျတွေ့ ရာမှာပ ဘုရား ဟုပြန်လည်လျှောက် တင်လိုက်၏။ တခါကဘ်ရှင်ဘုရင်မှာ ... ကရ၀ိတ် ဖောင်တော်စီး၍ အင်းဝမှ ဧရာဝတီမြစ် အတိုင်းစုံဆင်း ကာတိုင်းခန့်  လှည့်လည်တော်မူ၏။ ပခုက္ကူ မြို့ သို့ ရောက်ခါနီး တွင်ရှင်ဘုရင်၏ မျက်နှာတော် မှာ ကြည်ကြည်လင်လင် မရှိ ..ရှုံ့ မဲ့နေသည် ကိုအမတ်ကြီး ဦးပေါ်ဦး ကရိပ်စားမိသည် နှင့် `` အရှင်ဘုရား...ရွှေမျက်နှာတော်လည်းညှိုးနွမ်းနေပါလားဘုရားဘာ
များအလိုမကျဖြစ်နေ သလဲဘုရား´´ ဟုမေးလျှောက်၏။တဆက်တည်းတွင်ပင်စားတော်ကဲ .. ကိုခေါ်၍ ``ဟဲ့စားတော်ကဲ ၊ ဘုန်းဘုရား ကို ကိုယမက် ကောင်းကောင်း နဲ့  ကြက်ကြော် ၊ ငှက်ကြော် တွေ ဆက် စမ်းဟု ခိုင်းစေသော်လည်းရှင်ဘုရင်မှာ ရှုံ့ မဲ့ပြီး``ဒါတွေမဟုတ်ပါဘူး ကွယ် ၊ မဆက်ပါနဲ့ ´´ ဟုမိန့် ကြားပြန်၏ ။ အမတ်ကြီးက ကချေသည်တွေခေါ်၍ ကချေ သည်တွေ ကိုကခိုင်း ၊ ဆိုင်းအဖွဲ့ ကို တီးခိုင်း ပြန်၏ ။ ရှင်ဘုရင် က``မဟုတ်ဘူး ၊ မဟုတ်ပါဘူး ကွယ် ၊ ဖောင်တော် ကိုသာ ကမ်းမြန်မြန်ကပ်စမ်းပါ´´ လို့ မိန့် ကြားသည်တွင် ၊ ကိုင်းတောစပ်၌ဖောင်တော်ကို ကပ်ပေးလိုက်လေ၏ ။ ရှင်ဘုရင်ခပ်သွက်သွက်လေးဖောင်ပေါ်မှပုဆိုးမ၍ ဆင်း ကာ ကိုင်းတောထဲဝင် ..အတန်ကြာမှပြန်တက်လာ၏။နဖူးစမှာလည်း ချွေးလေးစို့ လို့ ပြုံးရွှင်စွာဖြင့် ဦးပေါ်ဦး ကိုကြည့်ပြီး ``ဟင် ခုမှ ဘဲမာန်ကျတော့ တယ် ၊ ပေါ်ဦး မင်းပြောတာမှန်သကွဲ့ ´´လို့ ပြောလိုက်သည်တ ခဏ ဦးပေါ်ဦးက လည်းမဆိုင်းမတွ ဆိုသလို ``ပေါ်ဦး စကား ၊ မပယ်ရှားလျှင် ၊ ဘယ်သွားသွား အဆင်ပြေစေရမယ် ဘုရင်း ´´ ဟုလျှောက်တင်လိုက်ရော... အိမ်း ... သာဓု ၊ သာဓု ၊ သာဓု ... ဟု ပြောဆိုကာ နှစ်ဦးသားအားရပါးရ. .ရယ်မောကြလေတော့သတည်း...။
ပေးပို့ သူ.... မဟာဇော် (မကွေး)
ဘိုးတော် ဘုရားသည် အမတ်ကြီး ဦးပေါ်ဦး ကိုအလွန်ချစ်ခင်မင်ရင်းနှီးစွာ ဆက်ဆံလေ့ရှိ၏ ။ ပျင်းရိငြီးငွေ့ တော် မူသည့်အခါများ တွင်လည်း အမတ်ကြီး ကိုရှင်ဘုရင်က နောက်နောက် ပြောင်ပြောင် ၊ မေးခွန်းများ မေးလိုက် ၊ အမတ်ကြီးက ရုတ်တရက် ပြန်ဖြေလိုက် နှင့် နန်းတော်ထဲတွင် ရယ်မောသဲများ ဖြင့်မကြာမကြာ ပွဲကျ နေသည့် အကြောင်းအရာ များကို စာအုပ်စာပေများ၌ဖတ်ရှုရသည့်အခါ စာရေးသူ၏ စိတ်ထဲတွင်၌ နန်းဓလေ့ ထုံးတမ်း များကို ပင်လွမ်းမိသေးတော့၏ ။ ဤသို့ 
အလ္လာပ သ လ္လာပ ပြောဆိုနေရင်း နှင့် ရှင်ဘုရင် က ဤသို့ မေးမြန်း၏ ။ ``ပေါ်ဦး အရသာတွေထဲ မှာ ဘယ်အရသာ ဟာဖြင့် အကောင်းဆုံးလဲကွဲ့ ´´ဟုမေးရာ အမတ်ကြီး ဦးပေါ်ဦး ကထုံးစံအတိုင်း စဉ်းစား မနေဘဲ ``မှန်လှပါ ... အီးပါတဲ့ အရသာဟာအကောင်းဆုံး ပါ ဘုရာ့´´ဟုလျှောက် တင်လိုက်သည်တွင် ရှင်ဘုရင်မှာရွဲ ရှာသည့် အမူအရာဖြင့် ``ထွီ´´ပေါ်ဦး နှယ်ညစ်ပတ်ရန်ကော ´´မိန့် ကြားတော်မူရာ အမတ်ကြီးက ``မှန်လှပါ - အရှင်ဘုရား တနေ့ ကျတွေ့ ရာမှာပ ဘုရား ဟုပြန်လည်လျှောက် တင်လိုက်၏။ တခါကဘ်ရှင်ဘုရင်မှာ ... ကရ၀ိတ် ဖောင်တော်စီး၍ အင်းဝမှ ဧရာဝတီမြစ် အတိုင်းစုံဆင်း ကာတိုင်းခန့်  လှည့်လည်တော်မူ၏။ ပခုက္ကူ မြို့ သို့ ရောက်ခါနီး တွင်ရှင်ဘုရင်၏ မျက်နှာတော် မှာ ကြည်ကြည်လင်လင် မရှိ ..ရှုံ့ မဲ့နေသည် ကိုအမတ်ကြီး ဦးပေါ်ဦး ကရိပ်စားမိသည် နှင့် `` အရှင်ဘုရား...ရွှေမျက်နှာတော်လည်းညှိုးနွမ်းနေပါလားဘုရားဘာ
များအလိုမကျဖြစ်နေ သလဲဘုရား´´ ဟုမေးလျှောက်၏။တဆက်တည်းတွင်ပင်စားတော်ကဲ .. ကိုခေါ်၍ ``ဟဲ့စားတော်ကဲ ၊ ဘုန်းဘုရား ကို ကိုယမက် ကောင်းကောင်း နဲ့  ကြက်ကြော် ၊ ငှက်ကြော် တွေ ဆက် စမ်းဟု ခိုင်းစေသော်လည်းရှင်ဘုရင်မှာ ရှုံ့ မဲ့ပြီး``ဒါတွေမဟုတ်ပါဘူး ကွယ် ၊ မဆက်ပါနဲ့ ´´ ဟုမိန့် ကြားပြန်၏ ။ အမတ်ကြီးက ကချေသည်တွေခေါ်၍ ကချေ သည်တွေ ကိုကခိုင်း ၊ ဆိုင်းအဖွဲ့ ကို တီးခိုင်း ပြန်၏ ။ ရှင်ဘုရင် က``မဟုတ်ဘူး ၊ မဟုတ်ပါဘူး ကွယ် ၊ ဖောင်တော် ကိုသာ ကမ်းမြန်မြန်ကပ်စမ်းပါ´´ လို့ မိန့် ကြားသည်တွင် ၊ ကိုင်းတောစပ်၌ဖောင်တော်ကို ကပ်ပေးလိုက်လေ၏ ။ ရှင်ဘုရင်ခပ်သွက်သွက်လေးဖောင်ပေါ်မှပုဆိုးမ၍ ဆင်း ကာ ကိုင်းတောထဲဝင် ..အတန်ကြာမှပြန်တက်လာ၏။နဖူးစမှာလည်း ချွေးလေးစို့ လို့ ပြုံးရွှင်စွာဖြင့် ဦးပေါ်ဦး ကိုကြည့်ပြီး ``ဟင် ခုမှ ဘဲမာန်ကျတော့ တယ် ၊ ပေါ်ဦး မင်းပြောတာမှန်သကွဲ့ ´´လို့ ပြောလိုက်သည်တ ခဏ ဦးပေါ်ဦးက လည်းမဆိုင်းမတွ ဆိုသလို ``ပေါ်ဦး စကား ၊ မပယ်ရှားလျှင် ၊ ဘယ်သွားသွား အဆင်ပြေစေရမယ် ဘုရင်း ´´ ဟုလျှောက်တင်လိုက်ရော... အိမ်း ... သာဓု ၊ သာဓု ၊ သာဓု ... ဟု ပြောဆိုကာ နှစ်ဦးသားအားရပါးရ. .ရယ်မောကြလေတော့သတည်း...။
ပေးပို့ သူ.... မဟာဇော် (မကွေး)


No comments:
Post a Comment