ယမန်နေ့ညဉ်က ဘန်ကောက်မြို့ လုမ္ဗနီနိုက်ဘဇားညဈေးတွင်ဈေးရောင်းမြန်မာ အလုပ်သမား တစ်ဦးအား ၊မြန်မာဈေးဆိုင်ပိုင်ရှင်တစ်ဦးနှင့်အပေါင်းပါများက၊ဈေးအတွင်းအုပ်စုဖွဲ့ရိုက်နှက်ခဲ့သည်။ရိုက်နှက်ခံရသူကိုချစ်
ထူးအားမေလ၅ ရက်နေ့ကတစ်ကြိမ်ထိုင်းပုလိပ်ကအဖမ်းခိုင်းရိုက်နှက်ခဲ့ပြီးဖြစ်သည်။ကိုချစ်ထူး ကကျေနပ်
ို မှုမရှိ၍ ရိုက်နှက်ရန်စေခိုင်းသူ မြန်မာဈေးဆိုင်ပိုင်ရှင် မချို ၏ဆိုင်အား ဓါတ်ပုံရိုက်ယူခဲ့သည်။ ဓါတ်ပုံရိုက်ယူမှုကို မချို
ကသိရှိသွားသဖြင့် ယမန်နေ့က မချို ၏ခင်ပွန်းအပါအ၀င်လူ(၇)ဦးကလာ ရောက်၍ဒုတိယ အကြိမ် အကြမ်း ဖက် ၀ိုင်းဝန်း ရိုက်နှက် ကြခြင်းဖြစ်သည်။ဝိုင်းဝန်းရိုက်နှက်ခြင်းခံရသူ ကိုချစ်ထူးက“ကျနော် မချို ရဲ့ လူငှါးတွေ
နဲ့သိတယ်၊သူတို့တွေနဲ့စကားပြောတာကို မချိုကကျေနပ် ဘူး၊မချိုက ဒီဈေးအတွင်းမှာ မြန်မာတွေဆိုင်လာ
ဖွင့်လို့ဖြစ်ဖြစ် ၊အလုပသမားလာလုပ်တာဖြစ်ဖြစ် နယ်မြေခံရဲတွေကိုဖမ်းခိုင်းတယ်၊်ဒီလိုပဲလုပ်စားနေတာ
၊ပထမနေ့က ပုလိပ်တွေရောက်လာပြီး ကျနော့်ကိုလက်ထိပ်ခတ်တယ်၊ခြိမ်းခြောက်တယ်၊ငွေတောင်းတယ်၊ ကျ
နော်အယင်၂ပတ်က ပုလိပ်ဖမ်းလို့ ဘတ်၆၀၀၀/ပေးထားပြီးပြီ၊ကျနော့်မှာ အလုပ်သမားဘတ်တွေရှိတယ်၊
ဈေးမရောင်းရဘူးဘာညာပြောလို့ကျနော်ငွေပေးပြီးကျေအေးခဲ့တာ၊အဲဒါကိုဒီညတခါ ကျနော်ဈေးရောင်း
နေတဲ့ဆိုင်ရှေ့ ကိုကားနဲ့ရောက်လာပြီးဝိုင်းရိုက်ကြတယ်၊ကျနော်လည်းပြန်ထိုးတာပဲ၊ ရဲစခန်းကိုကျနော့်ကိုဖမ်း
သွားခဲ့တယ်၊ကျနော် အာအခံနဲ့ခုလွတ်လာပြီ''ဟုပြောသည်။ဘန်ကောက်မြို့ လယ်ဂေါင် နိုင်ငံခြားသားများ
စုစေးဈေးဝယ်ထွက်ရာ လူစည်ကားသည့်ယခုလိုနေရာမျိုးတွင် တရားဝင်နေထိုင်အလုပ်လုပ်ကိုင်ခွင့်
့်(ဘတ်)ရှိသော မြန်မာအလုပ်သမားတစ်ယောက်ကို ဤကဲ့သို့ ဈေးရောင်းချိန်တွင် တရားလက်လွတ် ၀ိုင်းဝန်း
အကြမ်းဖက်ဝိုင်းရိုက်ခြင်းမှာ ထိုင်းနိုင်ငံတရားဥပဒေနှင့် လူများ၏လုံခြုံရေးမှာ အာမခံချက်မရှိသလိုဖြစ်နေ
ကြောင်း ရိုက်နှက်ခံရသူ ကိုချစ်ထူး ကဆက်လက်ပြောပြသည်။ကိုချစ်ထူးသည် မြန်မာဒီမိုကရေစီရေးလှုပ်ရှား
တက်ကြွသူဖြစ်ပြီး ထိုင်းမြန်မာကျောင်းသားများနှင့်ပူးတွဲလှုပ်ရှားနေသူတစ်ဦးလည်းဖြစ်သည်။အခင်းဖြစ် ပွားရာ
ဆိုင်ဘေးမှ ကိုကိုဝင်းက “မချိုလူတွေက ၀ိုင်းထိုးကြတယ်၊ကိုချစ်ထူးကလည်းပြန်ထိုးတယ်၊ တစ်ယောက်နဲ့အများ
ဆိုတော့ ကိုချစ်ထူးနဲနဲနာသွားတယ်၊ မျက်နှာမှာဖူးရောင် ပွန်းပဲ့သွားတယ်၊ဒီမိန်းမက ဈေးအတွင်းမှာ ဈေးရောင်း
အလုပ်သမားတွေဘယ်ဆိုင်မှာဘယ်သူ၊ဘတ်မရှိလဲ၊ဘယ်ဗမာဈေးဆိုင်လာဖွင့်လဲစုံစမ်းပြီးတော့လစဉ်ကြေး
တစ်ယောက်ကို ၂၀၀၀ ဘတ်စီပုလိပ်နဲ့ပေါင်းပြီးကောက်တယ်၊တော်တော်ဆိုးတယ်ဗျာ၊မြန်မာအချင်းချင်းမလုပ်
ကောင်းဘူး''ဟုပြောသည်။အဆိုပါ နိုက်ဘဇားဈေးအတွင်းဈေးရောင်းမြန်မာအလုပ်သမားများသည်။အင်္ဂလိပ်
်နှင့်ထိုင်းဘာသာစကားကိုကျွမ်းကျင်သူမှ အလုပ်အကိုင်ရရှိနိုင်သည်။ဈေးအတွင်းမြန်မာ အလုပ်သမားရာချီရှိ
ကြောင်းအလုပ်သမားများပြောကြားချက်အရသိရှိရသည်။
သတင်း....ဦးကျော်သောင်း(ဘန်ကောက်)
မေ ၇

No comments:
Post a Comment