ဒဏ်ရာကြောင့် နားနေရစဉ်ကာလအတွင်း အာဆင်နယ်အသင်းမှ အဒီဘာယောတစ်ယောက် ပန်းခြံသို့လာ၍ အနားယူသည်။ ထိုအချိန်တွင် ယင်း၏ ဘေးနားမှ ချစ်သူနှစ်ဦးက အချင်းချင်းပျော်ရွှင်စွာ စကားပြောနေကြသည်။
“မောင်… ကျွန်မလည်ပင်းအရမ်းနာတာပဲ…”
“ဒါဆိုလာထား… ရွှတ်… ပျောက်ပြီလား…”
“အင်း… ဒါပေမဲ့… လက်မောင်းနာသေးတယ်…”
“ဒါဆိုလာဦး… ရွှတ်… ပျောက်ပြီလား…”
“အင်း… မောင်ကသိပ်တော်တာပဲ… ဟင်း… ဟင်း”
ထိုအခါ အဒီဘာယောက ချစ်သူများမွှေးမွှေးပေးနေသည့် ကောင်လေးထံသို့သွား၍
“ညီလေးက ပျောက်စေဆရာလားကွ… တော်လိုက်တာ… ဒါဆို အစ်ကိုရဲ့ပေါင်ခြံဒဏ်ရာကိုလည်း ပျောက်အောင်ကုပေးပါဦးကွာ…”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
(ရွှင်ပြုံးခဏ-ဘောလုံးဟာသ)

No comments:
Post a Comment