အင်္ဂလန်လက်ရွေးစင်နှင့် ချယ်လ်ဆီးအသင်းကစားသမားဖြစ်သူ လမ်းပတ်အား စိတ်ဆိုးသောကြောင့် သမီးငယ် ၂-ဦးကို လက်တွဲ၍ အီလန်ရိဒ်အိမ်မှ ဆင်းသွားသည်။ သို့ရာတွင် လမ်းပတ်ကို လွမ်းသောကြောင့် ၂-လအကြာ မှာပင် လမ်းပတ်ထံသို့ ပြန်လည်ရောက်ရှိလာပြီး သူမအားပြန်ခေါ်ပါရန် လမ်းပတ်ကိုတောင်းပန်သည်။
“ကျွန်မကို ခွင့်လွှတ်ပါရှင်၊ စိတ်မထိန်းနိုင်လို့သာ အခုလိုလုပ်လိုက်မိတာပါ။ ဖြစ်ပြီးသမျှကိုလည်း တောင်းပန်ပါတယ်။ ခွင့်လွှတ်ပါနော်…။”
ထိုအခါ လမ်းပတ်က စိတ်ဆိုးမာန်ဆိုးဖြင့်…
“ဘာ… မင်းအိမ်ကဆင်းသွားတာကို ငါခွင့်လွှတ်တယ်ကွ။ အခုလိုပြန်တက်လာတာကို ခွင့်မလွှတ်တာ… ဟွန်း”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
(ရွှင်ပြုံတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment