ဝမ်းပျက် ၀မ်းလျှောရောဂါ၊ ကာလ၀မ်း ရောဂါအပါအ၀င် ၀မ်းနှင့်ပတ်သက်တဲ့ရောဂါ(နအဖနံပါတ်ဝမ်း-သန်းရွှေနဲ့ ပတ်သက်တဲ့ရောဂါဆိုရင်လည်း ရပါတယ် ငှဲ... ငှဲ.... ငှဲ)။ ဆိုရရင် အဲဒီရောဂါတွေဟာရောဂါပိုးတွေမှာ
ပါဝင်တဲ့ ရေ၊ အစားအသောက်တွေကို စားမိ၊ သောက်မိရာကနေ ကူးစက်ပြန့်ပွားတာဖြစ်ပါတယ်။ ဘယ်လို၊ ဘယ်လိုအကြောင်းတွေနဲ့ ရောဂါပိုးတွေရောက်ရှိလာသလဲဆိုတော့ကာ.....
*** မသန့်ရှင်းတဲ့ အိုး၊ ခွက်၊ လက်
ဆက်၍ ပန်းကန်၊ အစားအစာအမှန်
ပြင်ပြန်၊ စားပြန်၊ ချက်ပြုတ်ပြန်တော့
အဲဒီပိုးဟာ ကူးပြီပေါ့...။
*** ယင်အုံ၊ ယင်နား
အစားအသောက်များမှ
သင့်အား ပိုးတွေ၊ ကူးစက်သလေ...။
*** မိုးရွာတဲ့အခါ၊ သောက်ရေမှာ
မသန့်ရေနှင့် အမှိုက်တွေပါ....။
*** အဲဒါကြောင့်သာ၊ ဒါတွေဟာ
ရောဂါကာကွယ်၊ သတိပြုစရာ
"ရေကို ကျိုလို့၊ သောက်မယ်ဗျို့
အစာယင်နား၊ မစားနဲ့ဗျို့
ယင်လုံအိမ်သာ၊ သုံးပါဗျို့
ယင်လုံအိမ်သာ၊ သုံးပါဗျို့
အစာမစားခင်နဲ့ အိမ်သာဆင်းရင်
သင့်လက်နှစ်ဖက်ကို ဆေးဖို့ပြင်
တကိုယ်ရေ သန့်ရှင်း၊ ရောဂါကင်း
အမှိုက်ရှင်းရင်၊ သေချာရှင်း
ရောဂါပြင်းလို့၊ စိတ်မချရင်
ဆေးခန်းဆေးရုံ၊ သွားဖို့ပြင်
မပြင်ပါရင်၊ ရင်နာကြ
နောက်ကျ နောင်တ၊ မရနဲ့ဗျ...."
လုပ်ကြဟ၊ ပြင်ကြဟ.....။
အကျိုးပြုတင်ပြသူ- ဆန်တာကလော့စ်(ခေတ္တ-အင်္ဂပူ)
(Public Health)

No comments:
Post a Comment