နယူးကာဆယ်နည်းပြ ကင်နီယာတစ်ယောက် နှလုံးရောဂါဖြင့် အိပ်ယာထဲလဲနေစဉ် မိန်းမက အနားတွင်နေ၍ ပြုစုပေးသည်။ သို့ရာတွင် ကင်နီယာ၏ရောဂါမှာ သက်သာလာခြင်းမရှိပေ။ တစ်နေ့သော် ယင်းက မိန်းမဖြစ်သူအားအနားသို့ခေါ်၍ပြောသည်။
“မိန်းမ… မင်းကိုယ့်ကိုဘယ်လောက်ထိချစ်တယ်ဆိုတာ ကိုယ်သိရပါပြီကွာ။ ဒါပေမဲ့ ကိုယ်တစ်ခုလောက် မေးချင်တယ်။
ကိုယ့်ရောဂါကလည်းအရမ်းဆိုးနေတော့ မင်းအမှန်အတိုင်းဖြေစေချင်တယ်။ ကိုယ်မသေ ခင်ကြားချင်လို့ပါ။ မင်းအနေနဲ့ ကိုယ်တို့လင်မယားသက်တမ်းတစ်လျှောက်မှာ ကိုယ့်ကိုသစ္စာမဖောက်ဖူး ဆိုတာပြော စမ်းပါကွာ…”
ဤတွင် မိန်းမက မျက်လွှာကိုချလိုက်ပြီး လေသံတိုးတိုးဖြင့်…
“ပြောတော့ပြောချင်ပါတယ်။ ဒါပေမဲ့ ရှင်မသေရင် ဘယ်လိုလုပ်မလဲ….”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
(ရွှင်ပြုံးတခဏ-ဘောလုံးဟာသ)

No comments:
Post a Comment