(အပိုင်း-၂)
(နေပြည်တော် ကြတ်ပြေး၊ နအဖ လေးလပါတ်ညီလာခံ)
*** ငါ၏ ထံမှောက်၊ ခစားရောက်ကြ
တယောက်မကျန်၊ မှန်တာမလုပ်
အကြံအဖန် လုပ်ကြတဲ့
ဗိုလ်ချုပ် ၀ဲစား၊ ငရဲသားတို့ဗျား…။
ကချင်ပြည်မြောက်တလွှား၊ အပိုင်စားရတဲ့ပြင်
မယားကသုံးယောက်၊ တယောက်တမျိုး
သစ်တွေခိုးထုတ်၊ တရုပ်ကိုရောင်း
ဗြောင်းဆန်အောင်ပေါ၊ “ယွမ်ငွေ”တွေထောပစေ
ကျောမွဲတွေ သေချင်သေ
ဒို့တတွေချမ်းသာရမယ်…ဟေ့။
မယ်ဖုရား ကြိုင်ကြိုင်ဆီကို၊ လှိုင်လှိုင်သာပို့ပေး
မင်းရှေ့ရေး ငါ့တာဝန်
သာလွန်တဲ့နေရာကို
မြန်မကြာ ငါပို့မယ်
“ကုတို့ခ” ဆောင်ထားတော့…..။
*** ရှမ်းပြည်နယ် သုံးပိုင်းက
အရိုင်းဘီလူးပမာ
တိုင်းမှူး ငနာတွေ
မိုင်းရှူးရတနာမြေမှာ
ဘာတွေပေါလဲ- ဟေ့
တလောက သတင်းစကား
အဖေကြီးငါကြားရ
အားရလိုက်တာ- ဒါမှဒို့စစ်သား
မင်းတို့ကိုပစ်မထားဘူး
“ဖုန်ကြားရှင်”၊ “ပေါက်ယူချန်း”
တစခန်း ထပစေ
“၀” တွေကို လွှတ်ထား
မိုင်းလားက “စိုင်းလင်း”
အတင်းစည်းရုံး
သုံးယောက်ပေါင်း လောင်းကျော်
အကေါင်းမျှော်ကြံကာဆ
“ယာဘ” ဆေးများများထုတ်
ကျုပ်တို့ကိုလဲ ဆက်သ
တ၀က်က သူတို့ယူ
ဇဗ္ဗူတခွင်မှာ၊ ဘသူယှဉ်မတုံး- ကွ….။
*** တရာ့ ငါးမိုင်စခန်း
လွမ်းစရာ သည်နယ်မြေ
ရွှေ၊ သစ်၊ ရတနာတွေ
တရုပ်ပြည် (ပြေ)နေ့စဉ်ပို့
ဒို့တွေရဲ့ ရင်သွေး
“မောင်အေး” သမီး၊ “ရွှေမန်း”သား
ကြီးပွားကြပစေ
ဘာသာတွေ မစစ်ဆေးရ
စစ်ဆေးသူ မှန်သမျှ
အပြစ်ပေး ခံရမယ်- ဟေ့…..။
(ညီးညူသံ)
*** အင်း…. ဒေါ်စုကို ဖမ်းတဲ့အရေး
ရပ်ဝေးမြေခြား၊ တိုင်းတပါးမကျန်
အမှန်ကိုသိကြပြီ
ပလီပလာ ယုတ်တဲ့၊ ငါ့ရဲ့လုပ်ဇာတ်က
မရဏစက်ကွင်း၊ သက်ဆင်းမည့်နမိတ်
ပုရောဟိတ်တွေမမေးနဲ့
ပြေးပေါက် မရှိတော့ဘူး
မသေခင် ရှုမြင်ချင်သေး
“ဝေလွင်” တူးတဲ့ ဥမင်လေးကလဲ
အသက်ဘေး ရတက်မအေး
တချက်လေးမှစိတ်မချရဘူး
အ၀ကကျယ်၊ အလယ်ကကျဉ်း
ငါ့လည်ပင်း ကြိုးကွင်းစွပ်တော့မယ်
မယ်ဘုရား ကြိုင်ကြိုင်ရေ
တမှိုင်တွေတွေ ငေးမနေနဲ့
အဝေးအနီးက ငါ့ကောင်တွေအသာချိုပြီး
“မကာအို” ကိုပြေးကြစို့
သေဘေးလွတ်အောင်သာ ဆုတောင်းရော့….။
(ငိုချင်း)- ၀ဋ်မှာအမြဲ၊ ငရဲမှာအပ
ဒို့ဘ၀ အခြေအနေ
ပြည်သူတွေ မေတ္တာရေကြောင့်
“တေဇ” ရဲ့ လေယဉ်ပျံ
ဝေဟင်ယံမှာ ပေါက်ကွဲ
အောင်- မယ်- လေး
ဒို့တအိမ်လုံး၊ သေပွဲဝင်ရတော့မှာပါလားဟဲ့
အဟီး…. ဟီး….ဟီး
ရှင်းလင်းချက်။ ။ ကတို့ခ= လူသေပါးစပ်တွင်းထည့်ရတဲ့ ငွေအကြွေ မတ်စေ့
ယာဘ= စိတ်ကြွဆေး (မြင်းဆေး)
ယွမ်ငွေ= တရုပ်ပြည်သုံး ငွေကြေး
မကာအို= တရုပ်ပိုင်ကျွန်း
တေဇ= သန်းရွှေ၏ လူယုံ- လေယဉ်ပိုင်ရှင်
ဂျိုကုတ်ဒူးကြီး ပန်းသေ= ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဝေလွင်= နေပြည်တော်တိုင်းမှူး- ဗိုလ်ချုပ်ဝေလွင်
ရှေ့အပါတ်- မိန့်ခွန်းများ စောင့်မျှော်ဖတ်ရှုကြပါ….။
ရယ်ရွှင်ပြုံးတုံ့- မပြုံးတုံ့
မဟာဇော်-(မကွေး)
ဂျိုကုတ်၊ ဒူးကြီး၏ ပြုတ်ပြုတ်ပြုန်းမိန့်ခွန်းများ
(အပိုင်း-၂)
(နေပြည်တော် ကြတ်ပြေး၊ နအဖ လေးလပါတ်ညီလာခံ)
*** ငါ၏ ထံမှောက်၊ ခစားရောက်ကြ
တယောက်မကျန်၊ မှန်တာမလုပ်
အကြံအဖန် လုပ်ကြတဲ့
ဗိုလ်ချုပ် ၀ဲစား၊ ငရဲသားတို့ဗျား…။
ကချင်ပြည်မြောက်တလွှား၊ အပိုင်စားရတဲ့ပြင်
မယားကသုံးယောက်၊ တယောက်တမျိုး
သစ်တွေခိုးထုတ်၊ တရုပ်ကိုရောင်း
ဗြောင်းဆန်အောင်ပေါ၊ “ယွမ်ငွေ”တွေထောပစေ
ကျောမွဲတွေ သေချင်သေ
ဒို့တတွေချမ်းသာရမယ်…ဟေ့။
မယ်ဖုရား ကြိုင်ကြိုင်ဆီကို၊ လှိုင်လှိုင်သာပို့ပေး
မင်းရှေ့ရေး ငါ့တာဝန်
သာလွန်တဲ့နေရာကို
မြန်မကြာ ငါပို့မယ်
“ကုတို့ခ” ဆောင်ထားတော့…..။
*** ရှမ်းပြည်နယ် သုံးပိုင်းက
အရိုင်းဘီလူးပမာ
တိုင်းမှူး ငနာတွေ
မိုင်းရှူးရတနာမြေမှာ
ဘာတွေပေါလဲ- ဟေ့
တလောက သတင်းစကား
အဖေကြီးငါကြားရ
အားရလိုက်တာ- ဒါမှဒို့စစ်သား
မင်းတို့ကိုပစ်မထားဘူး
“ဖုန်ကြားရှင်”၊ “ပေါက်ယူချန်း”
တစခန်း ထပစေ
“၀” တွေကို လွှတ်ထား
မိုင်းလားက “စိုင်းလင်း”
အတင်းစည်းရုံး
သုံးယောက်ပေါင်း လောင်းကျော်
အကေါင်းမျှော်ကြံကာဆ
“ယာဘ” ဆေးများများထုတ်
ကျုပ်တို့ကိုလဲ ဆက်သ
တ၀က်က သူတို့ယူ
ဇဗ္ဗူတခွင်မှာ၊ ဘသူယှဉ်မတုံး- ကွ….။
*** တရာ့ ငါးမိုင်စခန်း
လွမ်းစရာ သည်နယ်မြေ
ရွှေ၊ သစ်၊ ရတနာတွေ
တရုပ်ပြည် (ပြေ)နေ့စဉ်ပို့
ဒို့တွေရဲ့ ရင်သွေး
“မောင်အေး” သမီး၊ “ရွှေမန်း”သား
ကြီးပွားကြပစေ
ဘာသာတွေ မစစ်ဆေးရ
စစ်ဆေးသူ မှန်သမျှ
အပြစ်ပေး ခံရမယ်- ဟေ့…..။
(ညီးညူသံ)
*** အင်း…. ဒေါ်စုကို ဖမ်းတဲ့အရေး
ရပ်ဝေးမြေခြား၊ တိုင်းတပါးမကျန်
အမှန်ကိုသိကြပြီ
ပလီပလာ ယုတ်တဲ့၊ ငါ့ရဲ့လုပ်ဇာတ်က
မရဏစက်ကွင်း၊ သက်ဆင်းမည့်နမိတ်
ပုရောဟိတ်တွေမမေးနဲ့
ပြေးပေါက် မရှိတော့ဘူး
မသေခင် ရှုမြင်ချင်သေး
“ဝေလွင်” တူးတဲ့ ဥမင်လေးကလဲ
အသက်ဘေး ရတက်မအေး
တချက်လေးမှစိတ်မချရဘူး
အ၀ကကျယ်၊ အလယ်ကကျဉ်း
ငါ့လည်ပင်း ကြိုးကွင်းစွပ်တော့မယ်
မယ်ဘုရား ကြိုင်ကြိုင်ရေ
တမှိုင်တွေတွေ ငေးမနေနဲ့
အဝေးအနီးက ငါ့ကောင်တွေအသာချိုပြီး
“မကာအို” ကိုပြေးကြစို့
သေဘေးလွတ်အောင်သာ ဆုတောင်းရော့….။
(ငိုချင်း)- ၀ဋ်မှာအမြဲ၊ ငရဲမှာအပ
ဒို့ဘ၀ အခြေအနေ
ပြည်သူတွေ မေတ္တာရေကြောင့်
“တေဇ” ရဲ့ လေယဉ်ပျံ
ဝေဟင်ယံမှာ ပေါက်ကွဲ
အောင်- မယ်- လေး
ဒို့တအိမ်လုံး၊ သေပွဲဝင်ရတော့မှာပါလားဟဲ့
အဟီး…. ဟီး….ဟီး
ရှင်းလင်းချက်။ ။ ကတို့ခ= လူသေပါးစပ်တွင်းထည့်ရတဲ့ ငွေအကြွေ မတ်စေ့
ယာဘ= စိတ်ကြွဆေး (မြင်းဆေး)
ယွမ်ငွေ= တရုပ်ပြည်သုံး ငွေကြေး
မကာအို= တရုပ်ပိုင်ကျွန်း
တေဇ= သန်းရွှေ၏ လူယုံ- လေယဉ်ပိုင်ရှင်
ဂျိုကုတ်ဒူးကြီး ပန်းသေ= ဗိုလ်ချုပ်မှူးကြီး သန်းရွှေ
ဝေလွင်= နေပြည်တော်တိုင်းမှူး- ဗိုလ်ချုပ်ဝေလွင်
ရှေ့အပါတ်- မိန့်ခွန်းများ စောင့်မျှော်ဖတ်ရှုကြပါ….။
ရယ်ရွှင်ပြုံးတုံ့- မပြုံးတုံ့
မဟာဇော်-(မကွေး)
No comments:
Post a Comment