(၂၀၀၈-၀၉)ခုနှစ် ဘောလုံးရာသီ ဥရောပ ချန်ပီယံလိဂ်ပြိုင်ပွဲတွင် လက်ရှိချန်ပီယံ မန်ယူ အသင်းအား ၂ဂိုး ဂိုးမရှိဖြင့် အနိုင်ယူပြီး ချန်ပီယံဖြစ်လာသည့် ဘာစီလိုနာ အသင်းမှ ကစားသမားများ ဆုဖလားနှင့်အတူ အောင်ပွဲခံနေစဉ်။(အင်တာနက်)
*** ဘက်ဟမ်းမိသားစုကို ပဲရစ်ဟီလ်တန် သဘောကျနေ.....
ဟောလီးဝုဒ်၏ အကျော်အမော် Socialiteလေး ပဲရစ်ဟီလ်တန်က သူမသည် ဒေးဗစ်ဘက်ဟမ်းတို့ မိသားစုကို သဘောကျကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ပဲရစ်က ကမ္ဘာကျော် ဘောလုံးသမားဒေးဗစ်ကိုရော၊ ၎င်း၏ဇနီးသည် ဗစ်တိုးရီးယား ကိုပါ နှစ်သက်မိကြောင်း၊ သူမ အနေနှင့် သားသမီးများရလာပါက ၎င်းတို့၏နာမည် များအတိုင်း မှည့်ခေါ်သွားရန် စိတ်ကူး ထားကြောင်း ပြောကြားခဲ့သည်။ ထို့အပြင် ဗစ်တိုးရီးယား ယခင်က ပါဝင်ခဲ့ဖူးသည့် Spice Girls အမျိုးသမီး အဆိုတော်အဖွဲ့မှ အဖွဲ့ဝင်များ၏ အမည်များကိုလည်း သူမတွင်သမီးလေးများရှိလာပါက မှည့်ခေါ်ရန် စဉ်းစားမိကြောင်း ပဲရစ်ကဆိုသည်။ ဒေါက်ဂ်ရိန်းဟတ်နှင့် တွဲနေသည့် ပဲရစ်က ဒေးဗစ်တို့ စုံတွဲအား သူမတွင် သားသမီးများ ရှိလာပါက ခေါင်းကိုင်မိဘများအဖြစ် ဆောင်ရွက်ပေးရန် ပန်ကြားသွားမည်ဟု ပြောကြား ခဲ့သည်။(အင်တာနက်)

*** စီရော်နယ်လ်ဒို၏ လေ့ကျင့်ရေးကွင်းဒဏ်ရာ စိုးရိမ်စရာမရှိ ......
လေ့ကျင့်ရေးကွင်းတွင် ထိခိုက်ဒဏ်ရာရခဲ့သည့် ကိစ္စအတွက် စိုးရိမ်စရာ မလိုကြောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုက ထုတ်ဖော်ပြောဆိုလိုက်ပြီး ၎င်းသည် လီယွန်နယ်မက်ဆီနှင့် ဘာစီလိုနာအသင်းကို ယှဉ်ပြိုင်အနိုင်ယူရန် ကြံ့ခိုင်မှု အပြည့်ရှိနေကြောင်း ထုတ်ဖော်ပြောကြားလိုက်သည်။ မန်ချက်စတာယူနိုက်တက်သည် ဗိုလ်လုပွဲအမီ ဒဏ်ရာရ လူနာများ ပြန်လည်သက်သာလာပြီး အသင်းအင်အား ပိုမိုတောင့်တင်းလာနေကြောင်း နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန်ကဆိုသည်။ ၀က်စ်ဘရောင်းနှင့် ဂယ်ရီနဗီးလ်တို့ ပြန်ကစားနိုင်နေပြီဖြစ်သလို အဓိကနောက်ခံလူ ရီယိုဖာဒီနန်သည်လည်း ကြံ့ခိုင်မှု အပြည့်အ၀ ရရှိနေသောကြောင့် ဗိုလ်လုပွဲတွင် ပါဝင်ကစားမည်ဖြစ်သည်။
ယခုလည်း ရော်နယ်လ်ဒိုသည် လေ့ကျင့်ကွင်းတွင် မတော်တဆ ထိခိုက်မှုတစ်ခု ကြုံတွေ့ခဲ့သော်လည်း စိုးရိမ်စရာ မရှိကြောင်း ပြန်လည် ပြောကြားခဲ့သည်။ အသက်(၂၄)နှစ်ရှိ ပေါ်တူဂီတောင်ပံ တိုက်စစ်မှူးက ယခုညတွင် ယှဉ်ပြိုင်ရမည့် ရောမမြို့ ဗိုလ်လုပွဲအတွက် စိတ်လှုပ်ရှားနေမိကြောင်း ၀န်ခံခဲ့သည်။ လက်ရှိအချိန်တွင် မန်ချက်စတာမှ ကစားသမားများ ကြံ့ခိုင်မှု ပြန်လည်ပြည့်ဝလာသော်လည်း ဘာစီလိုနာမှ အဓိက ကစားသမားများဖြစ်သည့် ဇာဗီဟာနန်ဒက်ဇ်နှင့် သီအာရီအွန်နရီတို့မှာ ကြံ့ခိုင်မှု အခြေအနေအတွက် သံသယဖြစ်ဖွယ် အနေအထားတွင် ရှိနေသေးကြောင်း သိရသည်။ ရော်နယ်လ်ဒို “ကျွန်တော် ဘာစီလိုနာအသင်းကို လေးစားပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အသင်းက လက်ရှိဥရောပ ချန်ပီယံဖြစ်သလို ဘာစီလိုနာထက်လည်း ပိုကောင်းတယ်လို့ ယုံကြည်ထားပါတယ်”ဟု ထုတ်ဖော်ပြောဆိုသွားသည်။(အင်တာနက်)
*** လီဗာပူးလ်အသင်းသို့ တီဗက်စ်ရောက်နိုင်မည်လား...
မန်ချက်စတာယူနိုက်တက်အသင်းသည် လီဗာပူးလ်သို့ ပြောင်းရွှေ့လိုကြောင်း ၀န်ခံထားသည့် ကားလို့တီဗက်ဇ် အား ဘော့စမန်စည်းမျဉ်းဆန်ဆန် အလွတ်ပြောင်းရွှေ့ကြေးဖြင့် ခေါ်ယူနိုင်ရန် ကြိုးပမ်းနေကြောင်း The Sun သတင်းဌာနက ရေးသားဖော်ပြလိုက်သည်။ အသက်(၂၅)နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်မှူးအား အပြီး သတ်ခေါ်ယူလိုပါက ပေါင်စတာလင် (၃၂)သန်းပေးရမည်ဟု ၎င်းအားပိုင်ဆိုင်သည့် MSIကုမ္ပဏီနှင့် သဘော တူထားသော်လည်း ထိုအခြေအနေသည် ဘော့စမန်စည်းမျဉ်းအား အတည်ပြု သတ်မှတ်စေခဲ့သည့် ဂျင်းမက် ဘော့ စမန်၏ ဖြစ်ရပ်နှင့် ဆင်တူနေသည်ဟု အားကစားဆိုင်ရာ ထိပ်တန်းဥပဒေ အကျိုးဆောင်များက ပြော ကြားခဲ့သည်။ ဘော့စမန်စည်းမျဉ်းအရ ကစားသမားတစ်ဦးအား ပိုင်ဆိုင်သူ (သို့မဟုတ်) ပိုင်ဆိုင်သည့်အသင်း သည် စာချုပ်သက်တမ်း ပြည့်သွားချိန်တွင် အဆိုပါကစားသမား၏ အနာဂတ်ကို ခြယ်လှယ်ပိုင်ခွင့် မရှိတော့ပေ။ တီဗက်ဇ်၏ အကြံပေးအရာရှိ ကီရာဂျူရက်ဘ်ချီယန်က တီဗက်ဇ်သည် မန်ချက်စတာယူနိုက်တက်၏ အခါးသီးဆုံး ပြိုင်ဘက် လီဗာပူးလ်ထံတွင် သွားကစားလိုကြောင်း ပြောကြားထားသည့်တိုင် မန်ချက်စတာက ၎င်းအား ဆက်လက်ထိန်းသိမ်းထားရန် ဆန္ဒရှိနေကြောင်း ၀န်ခံခဲ့သည်။ The Sunကမူ (၁၉၉၅)ခုနှစ်က ပြဌာန်းခဲ့သည့် ဘော့စမန်စည်းမျဉ်းကို အခြေခံကာ တီဗက်ဇ်နှင့် စာချုပ်နိုင်ရန် မန်ချက်စတာအသင်းက ကြံစည်နေကြောင်း ခန့်မှန်းထားသည်။ တီဗက်ဇ်သည် မန်ချက်စတာသို့ (၂)နှစ်အငှားစာချုပ်ဖြင့် ပြောင်းရွှေ့လာခြင်းဖြစ်ပြီး ယခုလ ကုန်တွင် အသင်းနှင့် စာချုပ်သက်တမ်း ကုန်ဆုံးမည်ဖြစ်သည်။ မန်ချက်စတာ၏ ဂန္တ၀င်ကစားသမား တစ်ဦး ဖြစ်သည့် စတိဘရုစ်ကမူ လီဗာပူးလ်သို့ တီဗက်ဇ်ပြောင်းရွှေ့ပါက ၎င်းအတွက် ကြီးမားသော အမှားတစ်ခု ဖြစ်လာနိုင်ကြောင်း သတိပေးခဲ့ပြီး အိုးလ်ထရက်ဖို့ဒ်တွင် ဆက်နေရန် တိုက်တွန်းထားသည်။(အင်တာနက်)
*** မိုက်ကယ်ဂျက်ဆင်၏ လန်ဒန်ဖျော်ဖြေပွဲ အခက်တွေ့ဖွယ် ....
ဖျော်ဖြေပွဲကျင်းပရေး လုပ်ငန်းရှင်အချို့က မိုက်ကယ်ဂျက်ဆင်၏ လန်ဒန်ဖျော်ဖြေပွဲကို ပိတ်ဆို့သွားနိုင်ရန် ပြင် ဆင်လျက်ရှိကြောင်း သတင်းများထွက်ပေါ်နေသည်။ အသက်(၅၀)အရွယ် Popဂီတ ကြယ်ပွင့်ကြီးသည် ၎င်း တို့နှင့် အပြန်အလှန် ကတိက၀တ်ပြုထားသည့် သဘောတူညီမှုများကို ချိုးဖောက်ခဲ့ကြောင်း AllGood ဖျော် ဖြေရေး လုပ်ငန်းစု အကြီးအကဲများက စွပ်စွဲခဲ့သည်။ လန်ဒန်မြို့တော်ရှိ O2အားကစားကွင်းကြီးတွင် ကျင်းပမည့် ဖျော်ဖြေပွဲအား စီမံခွင့်ပေးရန် AllGoodနှင့် မိုက်ကယ်၏မန်နေဂျာ ဖရန့်ခ်ဒီလီယိုတို့ (၂၀၀၈)ခုနှစ်အတွင်းက သဘောတူညီထားခဲ့သော်လည်း မိုက်ကယ်က ကတိဖျက်ကာ အခြားလုပ်ငန်းရှင်များသို့ ဖျော်ဖြေပွဲ စီစဉ်ခွင့်ကို လွှဲပြောင်းပေးလိုက်ကြောင်း AllGoodကဆိုသည်။ AllGoodက မိုက်ကယ်သည် ဖျော်ဖြေပွဲအတွင်း ညီမဖြစ်သူ ဂျဲနက်ဂျက်ဆင်နှင့် ၎င်း၏ညီများကိုပါ ခေါ်လာမည်ဟု ကတိပြုခဲ့ကြောင်း ပြောကြားခဲ့သည်။ ထိုစဉ်က ရယူခဲ့သည့် သဘောတူညီမှုအရ မိုက်ကယ်အနေနှင့် (၁၈)လတာကာလအတွင်း ဖျော်ဖြေပွဲများ ကျင်းပမည်ဆိုပါက AllGoodနှင့်သာ ဆောင်ရွက်ရမည်ဟု ပါရှိခဲ့သော်လည်း ၎င်းဘက်မှ ထိုအချက်ကို ချိုးဖောက်ခဲ့သဖြင့် O2 ဖျော်ဖြေပွဲကို ပိတ်ပင်သွားရန် ကြိုးပမ်းနေကြောင်း AllGoodက ကြေညာသည်။ ထိုကိစ္စအတွက် လန်ဒန်မြို့ဖျော်ဖြေ
ပွဲ တာဝန်ရှိသူများထံသို့လည်း AllGoodက တရားဝင် စာရေးသားပေးပို့ပြီး ကန့်ကွက်ထားကြောင်း သတင်းရ ရှိသည်။
(အင်တာနက်)
*** တိုင်တန်းနစ်၏ နောက်ဆုံးအမှတ်တရ အဘွားအိုအတွက် ရန်ပုံငွေထူထောင် ....
ဇိမ်ခံသင်္ဘောကြီး နစ်မြုပ်စဉ်က အသက်ရှင်လွတ်မြောက်ခဲ့သူများအနက် ကမ္ဘာပေါ်တွင် ယခုတိုင် အ သက်ရှင်ကျန်နေသည့် တစ်ဦးတည်းသော ပုဂ္ဂိုလ်အမျိုးသမီးကြီး မီလ်ဗီနာဒင်းအတွက် မင်းသာားလီယိုနာဒို၊ မင်းသမီးကိတ်ဝင်းဆလက်နှင့် ဒါရိုက်တာဂျိမ်းစ်ကင်မရွန်တို့က ရံပုံငွေတစ်ရပ် ပူးပေါင်းတည်ထောင်ပေးသွား မည်ဟု သိရှိရသည်။Titanicရုပ်ရှင်တွင အတွဲညီညီ သရုပ်ဆောင်ပြီး ကမ္ဘာကျော်ခဲ့သည့် လီယိုနာဒိုရော၊ ကိတ်ကပါ အသက်(၉၈)နှစ်ရှိပြီဖြစ်သည့် ဒင်းအား အကူအညီများ ပေးသွားရန် ကတိပြုခဲ့ကြသည်။ ဒင်းသည် သူမအတွက် ငှားရမ်းထားသည့် သူနာပြု စရိတ်များကို မပေးချေနိုင်တော့သဖြင့် သူမကိုယ်တိုင် ရေးသားထားသည့် အထုပ္ပတ္တိစာအုပ်ကို ရောင်းချရန် ပြင်ဆင်နေရရှာသည်။(၁၉၁၂)ခုနှစ်က Titanicသင်္ဘောကြီး နစ်မြုပ်ခဲ့စဉ် (၂)လသမီး အရွယ်သာရှိသေးသည့် ဒင်းမှာ သူမ၏ ကျန်းမာရေး စောင့်ရှောက်မှုစရိတ်အတွက် ငွေလိုနေကြောင်း ကြားသိပြီးနောက် ဂျိမ်း၊ လီယိုနာဒိုနှင့် ကိတ်တို့ပူးပေါင်းကာ ဒေါ်လာ(၃၀၀၀၀)တန် ရံပုံငွေတစ်ရပ် ထူထောင်ပေးပြီး သူမ၏ နောက်ဆုံးနေ့များကို အပူအပင်ကင်းမဲ့စွာ ဖြတ်သန်းသွားနိုင်ရန် ကူညီခဲ့ကြသည်။ ဒင်းစီးနင်းလိုက်ပါခဲ့သည့် Titanicသင်္ဘောကြီး နစ်မြုပ်မှုကို ဇာတ်လမ်းဆင်ထားသော ဇာတ်ကားသည် ဒေါ်လာ(၁)ဘီလျံကျော်မျှ အမြတ်အစွန်းများ ရရှိခဲ့ပြီး မင်းသားလီယိုနာဒိုက Titanic၏ နောက်ဆုံးလက်ကျန် အမှတ်တရလူသားဖြစ်သူ ဒင်းအား အတတ်နိုင်ဆုံး စောင့်ရှောက်သွားလိုကြောင်း ပြောကြားခဲ့သည်။(အင်တာနက်)
*** ချန်ပီယံလိဂ် ချန်ပီယံဘာစီလိုနာ.....

No comments:
Post a Comment