အင်္ဂလန်နှင့် ချဲလ်ဆီးအသင်းမှ လမ်းပတ်နှင့်ကွဲ၍ စိတ်ညစ်နေသော အီလန်ရိဒ်တစ်ယောက် နိုက်ကလပ်သို့ ရောက်လာသည်။ ကလပ်ထဲရှိလူအားလုံး အတွဲအသီးသီးနှင့်ကနေကြသော်လည်း ယင်းအားတွဲကရန်ခေါ် မည့်သူမရှိ၍ ထိုင်ခုံ၌စိတ်ပျက်ပျက်နှင့် ထိုင်နေသည်။ ဤတွင် ရုပ်ဖြောင့်ဖြောင့်နှင့် လူငယ်တစ်ယောက် ရောက်လာပြီး ယင်းအားမေးသည်။
“အမက…. ကချင်လို့လား ဟင်…”
ကောင်လေးစကားကြားသော် အီလန်ရိဒ်ကမျက်လွှာလေးချပြီး စိတ်သိပ်လှုပ်ရှားဟန်ဖြင့်ညုတုတုပြောသည်။
“ဟုတ်ပါတယ်ကွာ….”
ထိုအခါ ကောင်လေးက ၀မ်းသာသွားပြီး….
“ဒါဆိုအတော်ပဲ.. အမ…. ကချင်ရင်ထလေ ကျွန်တော် အမနေရာမှာထိုင်ချင်လို့ပါ….”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment