ရဲခေါင်ပြောက်ကျား ချေဂွေဗားရား ကျဆုံးခဲ့ရသော ၁၉၆၇ ခုနှစ် အောက်တိုဘာလ ၉ ရက်နေ့ကို ဂုဏ်ပြုသောအားဖြင့် ၂၀၀၈ ခုနှစ်၊ အောက်တိုဘာ ၉ ရက်နေ့မှစ၍ အဖိနှိပ်ခံမြန်မာပြည်သားများအတွက် ရည်ရွယ်လျက် မြန်မာပြည်သားဘလော့ဂ်ကို အမှတ်တရ တင်ဆက်လိုက်ပါသည်။ ** ခွန်အားမျှဝေ... တို့တတွေသည်... မလွဲမသွေ ပြည်သူတွေအတွက်... **

Sunday, May 31, 2009

လူထုကျန်းမာရေးသတင်းများ..

> (Public Health)
***တုပ်ကွေးရောဂါကာကွယ်ရန်ဆေးလိပ်ဖြတ်သင့်ကြောင်းအသိပညာပေး....
ကမ္ဘာတ၀ှမ်းတွင်မကြာသေးမီကထွက်ပေါ်လာသောA/H1N1 တုပ်ကွေးရောဂါဖြစ်ပွားမှုအခြေအနေများအရ
ဟောင်ကောင်ကျန်းမာရေးဌာနမှပြောရေးဆိုခွင့်ရှိသူကယင်းတုပ်ကွေးရောဂါကိုကာကွယ်ရာ့ဆေးလိပ်သောက်
သူများဆေးလိပ်ဖြတ်သင့်သည်မှာအကောင်းဆုံးနည်းလမ်းတခုဖြစ်ကြောင်းပြောကြားသွားသည်။သုတေသန

လေ့လာချက်တွင်ဖော်ပြရာ၌ဆေးလိပ်သောက်သုံးသူများနှင့်ဆေးလိပ်သောက်သူများကိုနှိုင်းယှဉ်ရာတွင်ဆေးလိပ်
ပိုမိုမြင့်မားလာကြောင်းတွေ့ရှိရသည်။ထို့အပြင်ဆေးလိပ်သောက်သုံးသူများအကြားယင်းရောဂါကူးစက်ခံရ၍သေ
ဆုံးမှုနှုန်းထက်ပိုမိုမြင့်မားကြောင်း၎င်းကပြောကြားသည်။ထိုတုပ်ကွေးရောဂါကိုကာကွယ်ရာတွင်ကျန်းမာရေးနှင့်
ညီညွတ်အောင်နေထိုင်ခြင်းနှင့်တကိုယ်ရေသန့်ရှင်းသည်ထိရောက်သောနည်းလမ်းဖြစ်သည့်ဟု၎င်းကထပ်မံပြော
ကြားသည်။(ဆင်ဟွာ)
*** နှာခေါင်းစည်း၊ မျက်နှာဖုံးအကာ အသုံးပြုခြင်းသည် A/H1N1 တုပ်ကွေးရောဂါထိရောက်သော ကာကွယ်မှုဖြစ်....
(၀ါရှင်တန်၊ မေ ၂၅)
မျက်နှာဖုံးကာများ၊ နှာခေါင်းစည်းများ အသုံးပြုခြင်းသည် တုပ်ကွေးရောဂါ A/H1N1 ကူးစက်ခြင်းကို ကာကွယ် ထိန်းချုပ်ရာတွင်း အကောင်းဆုံးသောနည်းလမ်းတခုဖြစ်သည်ဟု အင်တာနက်သတင်းတွင် ဖော်ပြသည်။ တုပ်ကွေးရောဂါ A/H1N1 သည် လေထုအတွင်းရှိ အမှုန်ကလေးများမှလည်း ကူးစက်နိုင်သည်။ အဓိကကျ သော ကူးစက်မှုမှာ အသက်ရှူထုတ်ခြင်းဖြင့် လေထဲတွင်ရှိသော အရည်အမှုန်ကလေးများမှတဆင့် ကူးစက်နိုင် ခြင်းဖြစ်ရာ နှာခေါင်းစည်းနှင့် မျက်နှာဖုံးအကာများအသုံးပြုခြင်းဖြင့် ကူးစက်ခြင်းကို လျော့နည်းစေနိုင်သည်ဟု စတန်းဖို့ဒ် တက္ကသိုလ်မှ ပါမောက္ခလောရင့်အမ်ဝိန်နှင့် မိုက်ကယ်ပီအက်ကင်ဆန်တို့က လေ့လာမှုတွင်ဖော် ပြသည်။ မျက်နှာဖုံးကာနှင့် နှာခေါင်းစည်းများသည် ဗိုင်းရပ်စ်ပိုးများ တဖြည်းဖြည်းစိမ့်ဝင်ကူးစက်ခြင်းကို 98% တားဆီးပေးသည်။ သို့ရာတွင် တုပ်ကွေးရောဂါကူးစက်ခံရပြီးသော လက္ခဏာရှိသူတို့အဖို့မူ အသက်ရှူ ကရိယာများနှင့် နှာခေါင်းစည်းများအသုံးပြုခြင်းသည် ဗိုင်းရပ်စ်ပိုးများဝင်ရောက် ကူးစက်ခြင်းကို 30% သာလျှင်တားဆီးပေးပေ သည်။ (အင်တာနက်)

*** အထီးကျန်သူများ အ၀လွန်တတ်သည်ဟု စိတ်ပညာရှင်များပြောကြား.....
အီးမေးလ်၊ ဆဲလ်ဖုန်း၊ အလိုအလျှောက် သတင်းပို့စနစ် (IM)နည်းပညာတို့အကြား နေထိုင်လျှက် ရှိသော်လည်း အမေရိကန်နိုင်ငံသား အများစုသည် အထီးကျန်သည့် ဝေဒနာကို ပိုမိုခံစားနေရပြီး ၎င်းတို့၏ ခါးပတ်လည်ပမာဏမှာ ပိုမိုကြီးမားလာကြောင်း သိရှိရသည်။ စိတ်ကုထုံးပညာရှင် ဒိုရိုသာဟိုဘာကရမာက လူပေါင်း(၃၀)အား ဆွေးနွေးမှုများ ပြုလုပ်ရာမှ တွေ့ရှိရာတွင် စိတ်ဓာတ်အထီးကျန် ကျဆင်းမှုနှင့် အစားအစာ အလွန်အကျွံစားမှုတို့အကြား ခိုင်မာသည့် ဆက်နွှယ်မှုတစ်ခု ရှိနေသည်ကို တွေ့ရှိခဲ့ရသည်။ အထီးကျန်သူ အများအပြားသည် နေပျော်ဖွယ်ကောင်းသည့် ဘ၀တစ်ခုဖြစ် ပေါ်လာအောင် ကြိုးစားဖန်တီးရန်ထက် ကောင်းမွန်သော စားသောက်ဖွယ်ရာများ စားသုံးဖြင့်သာ အစားထိုးကြကြောင်း၊ ယင်းစိတ်အခြေအနေမျိုးတွင် ၎င်းတို့အတွက် ရဲရင့်ပြတ်သားသော စိတ်နှင့်ဆန္ဒတို့သည် အဓိကလိုအပ်ကြောင်း ဒိုရိုသာက ဆက်လက်ပြောကြားခဲ့သည်။ စိတ်ပညာရှင်တစ်ဦးဖြစ်သူ ဒေါက်တာကာရိုးလီဘာမန်းကလည်း အထီးကျန်မှုနှင့် အ၀လွန်ခြင်းတို့ကြားတွင် ဆက်နွယ်မှုရှိကြောင်း၊ ထင်ရှားသည့်အချက်မှာ တစ်စုံတစ်ဦးသည် အ၀လွန်လာပါက မိမိကိုယ်ကို မသက်မသာခံစား လာရကြောင်း၊ မိတ်ဆွေအပေါင်းအသင်းများထံ ၀င်ထွက်သွားလာမှု လျော့နည်းသွားခြင်းတို့ကို တွေ့မြင်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ နယူးယောက်မြို့မှ အာဟာရဗေဒပညာရှင် မာရေမက်ဆ်ကလည်း အထီးကျန်ဝေဒနာ ခံစားရမှု ကြောင့် အစားအစာ ပိုမိုစားသောက်သူများကို အကြံပြုထားရာတွင် အာဟာရပြည့်ဝသည့် အစာများကိုသာ စားသောက်ရန်၊ အချိုမစားမီ အသီးနှစ်မျိုးအား စားသုံးရန်(ထိုအချိန်တွင် ချိုသော အရသာအား များစွာမခံစားရနိုင်)၊ အဆီပေါသော၊ ကျွတ်သော၊ ငန်သော အစာများမစားမီ သစ်သီးများစားသုံးရန်၊ အထီးကျန်ဝေဒနာ ခံစားရတတ်သည့် အချိန်များကို မှတ်သားထားပြီး ယင်းအချိန်များတွင် သူငယ်ချင်းတစ်ဦးဦး သို့မဟုတ် မိသားစုထံ ဖုန်းဆက်ရန် သို့မဟုတ် လမ်းလျှောက်ခြင်း၊ ၀ါသနာပါသည့် အလုပ်တစ်ခုခုကို ပြုလုပ်ရန်၊ စာအုပ်ဖတ်ရန်၊ အိမ်သန့်ရှင်းရေး၊ ဥယျာဉ်သန့်ရှင်းရေးတို့ ပြုလုပ်ရန်၊ ရုပ်သံဇာတ်လမ်းတစ်ခုခုအား ကြည့်ရှုရန် သို့မဟုတ် ခွေးတစ်ကောင်အား အဖော်ပြု မွေးမြူရန်တို့ကို ပြုလုပ်သင့်ကြောင်း အကြံပြုပြောကြားခဲ့သည်။

*** A/H1N1 ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖွယ်ရှိဟု တရုတ်နိုင်ငံမှ တရားဝင်ကြေညာ...
တရုတ်နိုင်ငံသည် လာမည့်ဇူလိုင်လအတွင်း A/H1N1တုပ်ကွေး ကာကွယ်ဆေးကို ထုတ်လုပ်နိုင်ဖွယ်ရှိကြောင်း Xinhuaသတင်းဌာနက တရားဝင် ကြေညာလိုက်သည်။ သတင်းဌာနက သက်ဆိုင်ရာ တာဝန်ရှိသူတစ်ဦးက အဆိုပါ သတင်းကို အတည်ပြုကြောင်း ဖော်ပြထားပြီး ဇွန်လအစောပိုင်းတွင် A/H1N1၏ မျိုးဗီဇဆဲလ်များကို ဖော်ထုတ်နိုင်ရန် သေချာသလောက် ရှိနေသောကြောင့် မကြာမီကာလအတွင်း တုပ်ကွေးကာကွယ်ဆေးကို တီထွင်နိုင်တော့မည်ဟု ရေးသားထားသည်။
တရုတ်နိုင်ငံ ဇီဝဆေးဝါးထုတ်ကုန်ဌာန အကြီးအကဲဖြစ်သူ ယင်ဟွန်ဇန်းက “ကျွန်တော်တို့နိုင်ငံက WHOနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိနေသလို တရုတ်ဆေးဝါး လုပ်ငန်းရှင်တွေနဲ့လည်း ညှိနှိုင်းမှုတွေ လုပ်ထားပြီးပါပြီ။ WHOက ဇွန်လလောက်ဆို တုပ်ကွေးဗိုင်းရပ်စ်ရဲ့ မျိုးဗီဇဆဲလ်တွေ ဖြန့်ဝေပေးနိုင်မယ်ဆိုတော့ ကျွန်တော်တို့က အမြန်ဆုံး ကာကွယ်ဆေး ထုတ်လုပ်နိုင်တော့မှာပါ”ဟု Xinhuaသို့ ပြောကြားခဲ့သည်။ “ဇွန်လ အစောပိုင်းလောက်မှာ ဗီဇဆဲလ်တွေ ရထားဖို့တော့ လိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ ပစ်မှတ်ထားတဲ့ ကာလအတွင်း ကာကွယ်ဆေးကို အပြီးသတ် ထုတ်လုပ်သွားနိုင်မှာပါ”ဟုလည်း ယင်က ဖြည့်စွက်ပြောကြားခဲ့သည်။ ယင်၏အဆိုအရ လုံခြုံမှုအပြည့်ရှိသော ကာကွယ်ဆေး ထုတ်လုပ်ရေးစီမံကိန်းကို WHOနှင့် ပူးပေါင်းဆောင်ရွက်နိုင်ရန် တရုတ်နိုင်ငံက ဌာနခွဲတစ်ခု သီးသန့်ဖွင့်လှစ်ထားကြောင်း သိရသည်။ ယင်က WHOသည် ယခုအချိန်ထိ A/H1N1တုပ်ကွေးမှာ ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါ(သို့မဟုတ်) ကမ္ဘာနှင့်အ၀ှမ်း ပြန့်နှံ့လာမည့် ကပ်ရောဂါဖြစ်ကြောင်း မဝေခွဲနိုင်သေးဟု ဆိုသည်။ WHOသည် အစောပိုင်းက တုပ်ကွေးဗိုင်းရပ်စ်နှင့်ပတ်သတ်ပြီး ဓာတ်ခွဲစမ်းသပ်မှုများတွင် အခက်အခဲများ ရှိနေသေးသဖြင့် ဇူလိုင်လလယ်မတိုင်မီအထိ ကာကွယ်ဆေး ထုတ်လုပ်နိုင်ဖွယ် မရှိသေးကြောင်း ကြေညာထားသည်။

(Public Health)

No comments:

Total Pageviews

Labels

ပညာပေး (1488) ကာတွန်းဟာသ (1343) ဟာသ (899) ဆောင်းပါး (822) ကဗျာ (777) သတင်း (533) .ဆောင်းပါး (512) အက်ဆေး/၀တ္ထုတို (504) ကြော်ငြာ (432) နိုင်ငံတကာထူးခြားသတင်း (388) ပညာပေး... (326) နိုင်ငံတကာ ထူးခြားသတင်း (321) ကဗျာ (279) နိုင်ငံတကာအခြားသတင်း.. (253) ကဗျာ… (228) ပုံပြင် (220) ဆောင်းပါး…. (203) အက်ဆေး (191) ဘောလုံးဟာသ...။ (156) သဘောထားအမြင် (149) Cartoon (145) သတင်း.... (139) ကဗျာ... (136) ကဗျာ..... (132) ပညာပေး.. (131) နိုင်ငံတကာ အခြားသတင်း.. (123) ပြည်တွင်းသတင်း (118) သတင်း..။ (114) သတင်းတို (111) သရော်စာ… (106) ဝတ္ထုတို (105) ၀တ္ထုတို (95) ဓါတ်ပုံသတင်း (81) သတင်း.. (79) ပေးစာ (79) ဘာသာပြန် ဝတ္ထုတို (75) ဓာတ်ပုံသတင်း (72) ကာတွန်း (64) ဓာတ်ပုံသတင်း..။ (64) သရော်စာ (64) နိုင်ငံတကာ အခြားသတင်း (60) ဓာတ်ပုံသတင်း.. (54) မေတ္တာစာ (54) အောက်မေ့ဘွယ်စာလွှာ (53) သတင်း. (47) ဘာသာပြန်အက်ဆေး (46)်ပုံပြင် (45) ကာတွန်းဟာသ- (44) ဘောလုံးဟာသ... (44) နိုင်ငံတကာအခြားသတင်း (43) -ကာတွန်းဟာသ (40) နိင်ငံတကာ အခြားသတင်း (39) ကဗျာ. (37) သတင်းဆောင်းပါး (36) News (35) ကာတွန်း ဟာသ (34) ပညာပေး) (33) ကဗျာ(ဟာသ) (32) ဟာသကဗျာ (32) အောင်မြင်ရေးဒဿန (30) xပညာပေး) (29) ကြေညာချက် (28) ရုပ်သံ သတင်း (25) ဂျာနယ် (24) TV (23) နိုင်ငံတကာ အခြားသတင်း. (23) ဘာသာပြန်ဆောင်းပါး (20) ရင်ဖွင့်သံ (19) သရဲဇာတ်လမ်း (19)်ပုံင်္ပြင် (18) ထုတ်ပြန်ချက် (14) ဓာတ်ပုံ (13) ဘာသာပြန်ပုံပြင် (13) ဓာတ်ပုံသတင်း (12) သတင်းဓါတ်ပုံ (12) သီချင်း (12) အင်တာဗျူး (12) အတွေးအမြင် (12) ဓာတ်ပုံသတင်း. (11) ပုံင်္ပြင် (11) အယ်ဒီတာ့ထံပေးစာ (11) ဥာဏ်စမ်း (11) Photo News (10) poem (10) ဂျာနယ် (10) ဟာသအက်ဆေး (10) (ကျန်းမာရေး ပညာပေး) (9) . (9) x ပညာပေး) (9) ဘာသာပြန် (9) The Article (8) ခရီးသွား.ဆောင်းပါး (8) နိုင်ငံတကာအခြားသတင်း (8) ဘာသာရေးဆောင်းပါး (8) သတင်း.ဆောင်းပါး (8) ဗေဒင် (8) သတင်းတို. (7) ဟာသ ဝတ္ထုတို (7) တဘောင် (6) ကှဗျာ (5) နိုင်ငံထူးခြားသတင်း (5) ဘာသာရေး၊ဓမ္မပုံပြင် (5) မိန့်ခွန်း (5) သမိုင်းစကား၊ ပန်းစကား (5) ဟာသ ဓာတ်ပုံ (5) အားကစားသတင်း (5) song (4) ကာတွန်းဟာသ (4) စကားပုံ (4) ထူးခြားသတင်း (4) ပညာပေ; (4) သတင်း.တို. (4) သရော်စာ (4) ဟာသ- (4)်ဆောင်းပါး (4) -ကာတွန်းဟာသ- (3) interview (3) ထုပ်ပြန်ချက် (3) ဓမ္မဒါန (3) ဓါတ်ပုံအက်ဆေး (3) ဓာတ်ပုံအက်ဆေး (3) ပညာပေ (3) ဖိတ်စာ (3) ရုပ်သံ (3) သတင်း.တို.။ (3) ဟာသ အင်တာဗျူး (3) ဟာသ. (3) အင်တာဗျူးး (3) အတိုဆုံးဝတ္ထုတို (3) အယ်ဒီတာ့အာဘော် (3) ဘောလုံးဟာသ. (3) (ဟာသ) (2) By....meepyatite (2) Statement (2) Story (2) With Best Regards (2) aဆာင်းပါ (2) ကန်တော့ချိုး (2) ကျန်းမာရေး ပညာပေး (2) ဇာတ်လမ်းတို (2) ပန်းချီ (2) ပုံပြင် (2) ဘာသာပြန်ကဗျာ (2) ရုပ်ပုံအတွေး (2) ဟာသပုံပြင် (2) အစီရင်ခံစာ (2) အမှတ်တရ (2) အတွေး (2) ဦးဦး မှော်ဆရာ (2) ဆောင်းပါ (2) ပြဇာတ် (2) (xပညာပေး) (1) (ပညာပေး) (1) ) (1) .... (1) 2010 at 11:22pm (1) =နိုင်ငံတကာ အားကစားသတင်းများ (1) Announce (1) By: Sara Yin (ကျန်းမာရေး ပညာပေး) (1) By; Silver Moon အင်တာဗျူး (1) General Knowledge (1) Joke (1) Photo Essay (1) Thanks (1) aဆာင်းပါး (1) khana.na155 ကဗျာ (1) minkonaing (1) ကဗျာ( (1) ကဗျာ… By..Blue gyee (1) ကာတွန်းဟာသ <br /> <br /> (1) ကိုယ်တိုင်ရေးကဗျာ သီဟသူ (1) ခရီးသွားဆာင်းပါး (1) ခရီးသွားဆောင်းပါး (1) စကား (1) စကားပုံ (1) စာစု (1) စိုးမိုးကျော် (ဟာသ) (1) ဆက်သွယ်ရန် (1) ဓါတ်ပုံအက်ဆေး (1) ဓာတ်ပုံအက်ဆေး (1) ဓာတ်ပုံအတွေး (1) နူတ်ခွန်းဆက်လွှာ (1) (1) ပညာပေ;း (1) မိန့်ခွန်း (1) ရုပ်ရှင် (1) သတင်း နှင့်ဟာသ (1) သတင်း.တို (1) သတင်းကဗျာ (1) သတင်းသီချင်း (1) သရော်ကဗျာ (1) ဟသ (1) ဟာသအင်တာဗျူး (1) ဟိုအကြောင်း ၊ဒီအကြောင်းသူတို့ အကြောင်း (1) အဆိုအမိန့် (1) အထ္ထုပ္ပတ္တိ) (1) အားကစားသတင်းများ (1) အခြားသတင်း (1) ဦးဦး မှော်ဆရာ ပညာပေး.. (1)ုပုံပြင် (1) ဆောင်းပါ; (1) ပေးပို့ သူ .. စိုးမိုးကျော် ဟာသ (1) ပေးပို့ သူ...သက်နိုင် ကဗျာ… (1) ပေးပို့ သူ…greenleave (1)်ပုံပြင် (1) (1) ရုပ်သံ (1) • Posted by thant zin htwe on နိုဝင်ဘာ 19 (1) …. (1)