မန်ယူနည်းပြကြီး ဖာဂူဆန်တစ်ယောက် မိမိအိမ်က နွားမကြီးကိုရောင်းချနေသည်။ သို့သော်ဝယ်မည့်သူက မရှိ ဖြစ်နေသည်။ တစ်နေ့သော် လူငယ်တစ်ဦးရောက်လာပြီး ဖာဂူဆန်အားပြောသည်။
“အဘရဲ့နွားမကို ကျွန်တော်ရောင်းပေးရမလား…”
“လုပ်ပါကွာ… ကျေးဇူးမမေ့ပါဘူး…”

ထိုအခါ အဆိုပါလူငယ်ကဈေးထဲသွားပြီး “ဒီနွားကသိပ်ချော၊ သိပ်သန်တဲ့နွားမကြီးပါခင်ဗျာ။ နို့ထွက်လည်းကောင်းတယ်။ နို့ညစ်လို့လည်းကောင်းတယ်။ မကြာခင်ခင်ကလေးလေးပါ မွေးဦးမှာပါခင်ဗျ…”ဟု အော်ရာဝယ်မည့်သူများရောက်လာပြီးခဏနှင့် အရောင်အ၀ယ်ဖြစ်သွားသည်။ ၃-နှစ်ကြာသော် သမီးဖြစ်သူအရွယ်ရောက်လာ၍ အိမ်ထောင်ချပေးရန်စီစဉ်သည်။ ယင်းအတွက် အာစင်ဝင်ဂါး၊ ဘင်နီတက်ဇ်၊ ဟစ်ဒင့်အစရှိသော ပုဂ္ဂိုလ်များကိုဖိတ်၍ သမီးဖြစ်သူအား ယင်းတို့၏သားများနှင့် ပေးစားမည်ဟု ကြေငြာသည်။ သမီးဖြစ်သူအားလူရှေ့ခေါ်၍ ချီးမွမ်းခန်းဖွင့်သည့်အခါ အိမ်မှနွားမအားရောင်းထုတ်ပေးခဲ့သည့် လူငယ်၏စကားကိုပြန်လည်အမှတ်ရ၍ ယင်းသို့ပြောသည်။
“ကြည့်ကြပါခင်ဗျာ။ ကျွန်တော့်သမီးလေးပါ။ သိပ်ချောသိပ်သန်တဲ့သူပါ။ နို့ထွက်လည်းကောင်းတယ်။ နို့ညစ်လည်းကောင်းတယ်။ မကြာခင်ကလေးပါမွေးဦးမှာခင်ဗျ…။”
မှတ်ချက်။ ။ နိုင်ငံတကာ ဘောလုံးဟာသများမှ…
(ရွှင်ပြုံးတခဏ- ဘောလုံးဟာသ)

No comments:
Post a Comment