ဇွန်လ ၄ ရက်နေ့က ထိုင်းစစ်တပ် ဖမ်းဆီးသွားသော မြန်မာရွှေပြောင်းအလုပ်သမားအယောက် ၃၀၀ ကျော်နှင့် ကလေးအယောက် ၁၀၀ ကျော်ထဲမှ ရင်ခွင်ပိုက် တလသားကလေး မောင်တိုးတိုး သေဆုံးသွားပါသည်။ ကလေး ၏ မိဘများဖြစ်ကြသော ကိုမော်ဒယ် အသက်(၃၀)နှင့် မဇင်မာ အသက် (၂၃) နှစ်တို့ ဖြစ်ပြီး ဖုတ်ဖမြို့နယ် ၄၄ ကီလိုက နှာခေါင်းချွန် ခြံဝန်းထဲမှာနေကြပါသည်။ သူတို့နှစ်ဦးသည် မွန်ပြည်နယ် သထုံမြို့နယ်ဘက်က ဖြစ်ပြီး ထိုင်းနိုင်ငံသို့ စိုက်ပျိုးရေးအလုပ်သမားအဖြစ် လာရောက်လုပ်ကိုင်နေသည်မှာ ၆-နှစ်ရှိပြီဖြစ်ကြောင်း၊ ယခုတိုင် အလုပ်သမားလက်မှတ် ရရှိရေးအတွက် အလုပ်ရှင်မှ အာမခံဆောင်ရွက်ပေးမှု မရှိကြောင်း မြန်မာပြည်သားသို့ ပြောပြသည်။
မိခင်ဖြစ်သူ မဇင်မာ အဖြစ်ပျက်အားလုံးကို ရှင်းပြထားတာက...

"ကျမတို့ကို ဇွန်လ ၄ ရက်နေ့မှာ ဖမ်းပါတယ်၊ ၅ ရက်နေ့မှာ မြန်မာပြည်ဘက်က သုံညဂိတ်ဆိုတဲ့နေရာမှာ ထိုင်းစစ်တပ်တွေက သွားရောက်ပို့ဆောင်ကြပါတယ်၊ မြန်မာပြည်ဘက်ကမ်းက ဂတ်ကိုရောက်တော့ လူတဦးကို ထိုင်းငွေ တထောင်တောင်းပါတယ်။ ကျမတို့မှာ ဒုက္ခရောက်လာရတဲ့ကြားထဲ ငွေတထောင် ဘယ်လိုလုပ်ပါမလဲ၊ အဲဒါနဲ့ ၂၀၀ နဲ့ ရအောင်လုပ်ခဲ့ရတယ်။ ငွေမပါလာတဲ့ လူတွေကိုတော့ ပါသမျှ ပစ္စည်းလေးတွေ တယ်လီဖုန်းတွေကို ဈေးဖြတ်ပြီး ယူထားလိုက်ကြပါတယ်။ ဘာမှမပါလာတဲ့ လူတွေ ကိုတော့ ဆဲဆိုကြိမ်းမောင်းကြတယ်။
အဲဒါနဲ့ ဇွန်လ ၅ ရက်နေ့မှာပဲ မဲဆောက်ကိုပြန်ကူးလာပြီး ၄၄ ကီလိုကို အရောက်ပြန်ခဲ့တယ်။ တလမ်း လုံး ကလေးကဖျားပြီး သတိလစ်နေပါတယ်။ ရောက်ရောက်ချင်းပဲ ၄၄ ကီလိုက ကျန်းမာရေးဌာကိုပြ တော့ ဆရာဝန်က ကလေးဆုံးနေပြီးလိုပြောပါတယ်။"
(မြန်မာပြည်သား)

No comments:
Post a Comment