မြန်မာနယ်စပ်မှ မြန်မာအလုပ်သမားများတင်ဆောင်လာသောကားတစ်စီမတော်တဆတိမ်း
မှောက်၍အချို့ သေဆုံးပြီးအချို့ အရေးပေါ်ဆေးရုံတင်ထားရသည်။
ဇွန်လ၂ ရက်မိုးလင်းခါနီး ၄ နာရီခွဲအချိန်ခန့် တွင် စန်ခဘူရီခရိုင် တဖွန်ဖက်စီလာချာမြို့ နယ် ချိုင်နမြို့ အနီးမိုင်တိုင်အမှတ် ၁၅ အနီးတွင် မြန်မာအလုပ်သမား၁၂ ဦးတင်ဆောင်လာသော ကားက
၆ဘီးကားတစ်စီးကို ၀င်တိုက်မိသဖြင့်
မြန်မာအလုပ်သမ ၅ဦးပွဲချင်းပြီးသေဆုံးခဲ့သည်။
အရေပေါ်လူနာအဖြစ်စန်ခဘူရီဆေးရုံသို့ ပို့ ဆောင်ပေးခဲ့သော အလုပ်သမား၂ဦးအနက် တစ်ဦး မှာဆေးရုံ၌ပင်ကွယ်လွန်သွားခဲ့သည်။အခြားလူများကိုဆေးဝါးကုသမှုခံယူပြီးနောက်ယခုအခါ
စန်ခဘူရီ ရဲစခန်းတွင်ကောင်းမွန်စွာစောင့်ေ၇ှာက်ထားသည်။
စန်ခဘူရီ ရဲစခန်းမှူ အမှုလိုက်ရဲအရာရှိတစ်ဦးက “ဗမာအလုပ်သမားတွေတင်လာတဲ့ကားက ၆ဘီးကားကိုဝင်တိုက်တာပါ။ ကားမောင်းသူဘယ်သူဆိုတာခုမသိရသေးဘူး။ထွက်ပြေးလွတ်
မြောက်သွားတယ်။ ခု ကျနော်တို့ ဆီမှာရှိတဲ့မြန်မာအလုပ်သမားတွေကျမ္မာရေးကောင်းမွန်သွား
တဲ့အခါ နယ်စပ်ကို ကျနော်တို့ ပြန်ပို့ ပါမယ်။အလုပ်အကိုင်မယ်မယ်ရရ မရှိတဲ့နိုင်ငံခြားသား ကိုဖမ်းမိလို့ ရှိရင်ထောင်ဒဏ်အပြစ်ပေးလို့ မရပါဘူး။နယ်စပ်ကိုပဲပြန်ပို့ ရမယ်လို့ မကြာခင်က အစိုးရ အမိန့် ထုတ်ထားတာရှိပါတယ်’’ဟုပြောသည်။
မြန်မာအလုပ်သမားများသေးဆုံးမှုနှင့်အခြားအခြေအနေများကို စန်ခဘူရီ ဆေးရံးမှ တာဝန်ကျ
ဆရာမတစ်ဦးက“မြန်မာမငယ်ငယ်လေးတွေ ၅ဦးကသေပြီးမှဆေးရုံကိုရောက်လာပါတယ်။ဒဏ်
ရာပြင်းထန်တဲ့ယောက်ျားလေး၂ယောက်မှာတစ်ယောက်ကတော့ ကျမတို့ အရေးပေါ်ကုသရင်း
မှာပဲသေဆုံးသွားပါတယ်။ နောက်တစ်ယောက်ကတော့ကျမလည်း နာမည်ကိုတော့အမှတ်တမဲ့
ပါ ယောက်ျားလေးတစ်ယောက်ပါ ဒဏ်ရာတော်တော်ပြင်းပါတယ်။ခုထိသတိမရသေးပါဘူးအား
လုံးသေဆုံးသူ မ ၅ဦးနဲ့ ကျား၁ဦးပါရှင်’’ဟုပြောကြားသွားသည်။
သေးဆုံးသူမိသားစုများနှင့်အခန်းနီးချင်းဖြစ်သူတစ်ဦးက “အခြားလူတွေဘယ်နယ်ကလဲတော့
မသိဘူး ကျနော့်အနားမှာနေတဲ့သူကတော့ သူတို့ ကော့ကရိတ်မြို့ နယ် ကော့တ့လေးရွာက
အသက်၂၂နှစ်တစ်ယောက် ၂၃နှစ်တစ်ယောက်နဲ့ ၂၉ နှစ်အရွယ်မိန်းကလေး၃ယောက်လို့ ပြော
ပါတယ် ။လူကယ်ရီနဲ့ လာကြတာဖြစ်ပါတယ်။အလောင်းကောက်ကားမောင်းသူက ကျနော့်ကို
ပြောပါတယ် ဆေးရုံကအလောင်းတွေကိုထုတ်ယူပြီးတော့ သဂြိုဟ်ပါတဲ့၊ကျနော်ဘယ်လိုတတ်
နိုင်မှာလည်းဗျာ’’ဟုပြောသည်၊
နယ်စပ်ဒေသများမှ လူကုန်ကူးသည့်ပွဲစားများဖြင့် ၀င်ရောက်သည့်အခါများတွင် အသက်ရှုမွန်း
ကြပ်၍သေဆုံးခြင်း။ဟင်းသီးဟင်းရွက်များကြားတွင်လိုက်ပါရသဖြင့် ရှာဖွေရေးဂိတ်တို့ တွင်
သံစူးချွန်များဖြင့်အထိုးခံရ၍သေဆုံးခြင်း၊တောတွင်းနေ ထိုင်းလူမိုက်များသတ်ဖြတ်ခံရခြင်းများ
အပြင် ထိုင်းပုလိပ်များနှင့် ရွာသူကြီးများပစ်ခတ်ခံရခြင်းတို့ ကြောင့် မြန်မာများမရေမတွက် နိုင်
အောင်သေဆုံးခဲ့ကြပြီးဖြစ်သည်။
မြန်မာနိုင်ငံတွင်ရပ်တည်နေထိုင်းရေးခက်ခဲ့၊အလုပ်အကိုင်ရှားပါးလွန်းသဖြင့် မြန်မာနိုင်ငံအနှံ့ 
မှ မြန်မာနိုင်ငံသားများမှာ ရရာလမ်းကြောင်းများမှ ထိုင်းနိုင်ငံအတွင်းသို့ နည်းလမ်းပေါင်းစုံဖြင့်
နေ့ စဉ် ၀င်ရောက်လာလျှက်ရှိကြသည်။
ပေးပို့သူ … ကိုကျော်သောင်း(ဘန်ကောက်)
ဇွန် ၆

No comments:
Post a Comment