ယနေ့ နံနက်စောစော ကမဟာချိုင်နယ်မြေ ဖက်ကဆင် အုန်းနို့ စိုင်ဟတ် သောစုံ တွင် နေထိုင်သော ကြက် သားစက်ရုံအလုပ်သမားများအား ထိုင်းအာဏာပိုင်းများဖမ်းဆီးလိုက်သည်။နံနက်(၆ )နာရီခန့် အလုပ်သ မားများနေထိုင်ရာ ၆ထပ်သို့ ထိုင်းတောမောနှင့်ပုလိပ်များရောက်ရှိလာပြီးဘတ်မရှိသူ ၂၀ ကျော်အား ဖမ်း ဆီးလိုက်ခြင်းဖြစ်သည်နေထိုင်အလုပ်လုပ်ကိုင်ခွင့်ဘတ်ရှိသဖြင့်ဖမ်းဆီးခြင်းမခံလိုက်ရသူကိုအောင်သန်း
က“ဘတ်မရှိတဲ့လူတွေ တစ်လကို တောမောကြေး ဘတ်၅၀၀ စီပေးထားပါတယ်။ သူဌေးနဲ့ ပေါင်းပြီး လုပ်စားကြတာပါတောမောကြေးပေးမထားတဲ့လူတွေကို လိုက်ပြတာလေ တစ်ယောက်ကိုပြန်ရွေးရင် ဘတ် ၇၀၀၀ /၈၀၀၀
ပေးရပါတယ်။ပုလိပ်ရုံးမှာငွေပေးပြီးရင် လမ်းစရိတ်တောင်ပေးလိုက်သေးတယ် ပြီးခဲ့တဲ့
သောကြာနေ့ ကလည်းလူ ၂၀ ကျော်လာဖမ်းလို့ ရွေးထုတ်ရတယ်။တစ်ပတ်တစ်ခါလာပြီးဖမ်းစား ခံနေ ရတာပဲ''ဟုပြောသည်။ယနေ့ ဖမ်းဆီးခံရသူများထဲတွင် လသားအရွယ်ကလေးငယ်တစ်ဦးပါသွားခဲ့သည့်
အပြင် သားသမီးရှိရာသို့ လိုက်ပါလာနေထိုင်သောအသက် ၆၀ ကျော်အရွယ် လူကြီးနှစ်ဦးလည်းပါဝင်
သည်။အဆိုပါစက်ရုံအနားတွင် မြန်မာအလုပ်သမားများကို ထမင်းဟင်း ရောင်းချနေသော ထမင်းဆိုင်
ပိုင်ရှင် မအေးက“ဒီအလုပ်ရုံမှာ မြန်မာအလုပ်သမား၂၀၀၀ လောက်ရှိပါတယ်။ ပြီးခဲ့တဲ့အပတ်ကလဲလာ ဖမ်းပြီးပြီးတစ်ယောက်ကို ၇၅၀၀ ပေးရတယ်။ရွေးပေးခ တစ်ယောက်ကို ၅၀၀ ပေးရပါတယ်။ မဲဆောက်
ရောက်သွားရင် ပြန်တက်လာဖို့ မလွယ်ဘူးလေ။ ခလေးလေးတစ်ယောက် ၇လသားပဲရှိသေးတယ်သူမိဘ တွေအသက်ကြီးပြီ ရောက်တာတစ်လလောက်ပဲရှိသေးတယ်။ကလေးအမေက အိမ်ဖေါ်အလုပ် လုပ်တယ် လေ။သူ့ ယောက်ျားကတော့ဒီရုံမှာလုပ်တယ်။ကျမတို့ တော့ပြေးကြတာပေါ့ အကုန်ဖမ်းတယ် မိန်းကလေး သုံးလေးယောက်လောက်ပါတယ်။ချေးငှားပြီးရွေးကြရမှာပေါ့။ ကျမကိုကလေးနဲ့ မို့ လို့ မဖမ်းခဲ့တာပါ။ မကြာမကြာအစစ်ခံရပါတယ်'' ဟုပြောသည်။ဘန်ကောက်အပါအ၀င် မဟာချိုင်နယ်မြေအတွင်းတာဝန်ကျ ထိုင်းပုလိပ်များ၏နေ့ တဓူဝအလုပ်မှာ လမ်းသွားနေသောမြန်မာအလုပ်သမားများကိုဖမ်းဆီးခြင်းသို့ မ
ဟုတ် မြန်မာအလုပ်သမားများနေထိုင်ရာအိမ်ခန်းများနှင့် ပုလိပ်ကြေးမပေးသောစက်ရုံများကိုရှာဖွေ
ဖမ်းဆီးပြီးစီးပွားရှာနေကြကြောင်းအကြိမ်ကြိမ်းဖမ်းဆီးခံရသောအလုပ်သမားများက ရင်ဖွင့်
ပြောဆိုနေကြသည်။
သတင်း....ဦးကျော်သောင်း(ဘန်ကောက်)

No comments:
Post a Comment